ချမ်းဆောင်းမြမြ၊ မန္တလေးတခဏနဲ့ အမေ့ဆီက ရခဲ့ဖူးတဲ့ အဖိုးတန်ပျော်ရွှင်မှု
ဒေါက်တာလွဏ်းဆွေ
မန္တလေးဘူတာကြီးကို ရထားဆိုက်တော့ မနက် (၇) နာရီကျော်ကျော်ပဲ ရှိသေးသည်။ ရန်ကုန်ကနေ ညနေ (၅) နာရီထွက်လာသည့် အမှတ် (၅) အဆန်အမြန်ရထား အချိန်မှန်ဆိုက်ရောက်သည်ဟု ပြောရမည်။ ဖေဖော် ၀ါရီလထဲမို့လားမသိ။ ရထားပေါ်က ဆင်းဆင်းချင်း လာရောက်ပွေ့ဖက် နှုတ်ဆက်သည့် မန္တလာသူ ဆောင်း အပျိုမက အတော်ပင် ဥရောပဆန်နေသည်။ ရန်ကုန်ကနေ အနွေးအင်္ကျီနှစ်ထည် ယူလာမိလို့ တော်သေး သည်။ အတွင်းမှာ ဆွယ်တာတထပ်၊ အပြင်က ကုတ်အင်္ကျီတထပ်။ ဒါတောင်မှ မေးက ခိုက်ခိုက်တုန်ချင်နေ သည်။ ဘူတာအပြင်ဘက်တွင် နှင်းတွေ ဖွေးပိတ်နေသည်။ အခါတိုင်း ဘူတာအထွက် အ၀ရောက်သည်နှင့် ရှေ့တည့်တည့် လမ်း ၃၀ အတိုင်း မျှော်ငေးမိတတ်သည့် ရှမ်းရိုးမကြီးကို ယခုမတွေ့ရ။ ချမ်းလွန်း၍ ဂွမ်းစောင် အဖြူပွပွကြီး ခေါင်းမြီးခြုံကာ ကွေးနေသည်ထင်သည်။ ရေးတေးတေးပင် မမြင်ရ။
“ချမ်းဆောင်းမြမြ xxx သောကာလ၀ယ် xxx နှင်းမြူမှုန်ဖွေးဖွး xxx သူ့မျက်နှာတရေးရေး xxx မြင်ယောင်မိ ပါသေး xxx မြင်ယောင်မိပါသေး xxx အတွေးနဲ့လွင့်ပါး xxx နှင်းဆမ်းသော လမ်းဝယ် xxx”
“အကို တက္ကစီငှားမလား” ဆိုသည့်အသံက ရှမ်းရိုးမကို လွမ်းနေမိသည့် ကျနော်၏ ဖီလင်ကို လန့်ဖျပ်ပြီး ရပ် တန့်သွားစေသည်။ လက်ထဲမှာ ဘယ်ညာကိုင်ထားသည့် ကျွတ်ကျွတ်အိတ်ကြီး နှစ်ထုပ်ကို ကျနော် ငုံ့ကြည့် လိုက်သည်။ ပုဒ်မ ၅ ညနှင့် မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် (၇) နှစ်ခွဲ ကျခံနေရသည့် မန္တလေးဆေး ကျောင်းမှ ညီတော်မောင်ကို ထောင်ဝင်စာတွေ့ဖို့ တောင်ငူဘူတာသို့ ရထားအဆိုက်တွင် အဖေနှင့် အမေ ထည့်ပေးလိုက်သည့် အထုပ်တွေဖြစ်သည်။ အမေက လောဘတကြီး အများကြီး ချက်ပြုတ်ကြော်လှော်ပေး လိုက်သည့်အတွက် အထုပ်တွေက ဆွဲရတာ နည်းနည်းလေးနေသည်။ ရထားပေါ်မှာကတည်းက စဉ်းစားလာ သည်မှာ ရထားပုံမှန်ဆိုက်လျှင် ဟိုတယ်တွင် ပစ္စည်းထားပြီး အမေလူထုဒေါ်အမာကို အရင်သွားနှုတ်ဆက် မည်။ ကန်တော့မည်။ ရထားနောက်ကျလျှင် အိုးဘိုထောင်ကို တန်းသွားပြီး နောက်မှ အမေဒေါ်အမာဆီသွား မည် ဟူ၍ဖြစ်သည်။ အခုတော့ ပုံမှန်ရထားဆိုက်သည့်အတွက် အချိန်စောနေသေး၍ ဟိုတယ်တခုခုမှာ အထုပ် တွေထားပြီး အမေဒေါ်အမာဆီ အဦးဆုံးသွားကန်တော့ဖို့ ကျနော်ဆုံးဖြတ်လိုက်သည်။
''လူထုစာအုပ်တိုက်ကို သိလားဗျ'' ဟု ကျနော် ပြန်မေးလိုက်တော့ တက္ကစီသမားက ''သိတယ် ဆရာမကြီး လူ ထုဒေါ်အမာအိမ်ကို သွားမလို့လား။ ဧည့်သည်တွေ ခဏခဏ သွားပို့နေကျပဲ'' ဟု ပြောသည်။ ''မဟုတ်ဘူး လူ ထုတိုက်နဲ့ နီးတဲ့ဆီမှာ တည်းမလို့ပါ။ ၈၄ လမ်းပေါ်က ဟိုတယ်တခုခုကို ပို့ပေးဗျာ'' ဟုပြောပြီး ကားနောက်ခန်း ပေါ် ကျနော်တက်လိုက်သည်။ ဘူတာကြီးရှေ့ ၇၈ လမ်းမကြီးအတိုင်း ကားဘီးစလိမ့်သည်နှင့် အေးစိမ့်စိမ့် မန္တလေးဆောင်းလေကို အားပါးတရ ရှူရှိုက်ရင်း အာငွေ့တွေ ကျနော်မှုတ်ထုတ်နေမိသည်။ ၂၆ ဘီလမ်းဘက် သို့ ကားအကွေ့တွင်မူ နန်းမြို့ရိုးနှင့် ကျုံးပန်းချီကားကို ခံစားချင်သည့်စိတ်က ခေါင်းထောင်ထလာသည့်အ တွက် အလျင်အမြန် ခေါင်းပြူကြည့်လိုက်မိသည်။ သို့သော် မထင်မှတ်ဘဲ သစ်သစ်လွင်လွင် နန်းမြို့ရိုးကြီးနှင့် ထုံးဖွေးဖွေး ကန်ဘောင်ထဲက ကျုံးရေပြင်ကို တွေ့လိုက်ရသည့်အခါ အံ့သြမှင်သက်မိခြင်းနှင့်အတူ ကျနော့် စိတ်ထဲ ဒေါသထောင်းကနဲ ဖြစ်သွားလေသည်။ ရှေးဟောင်းအမွေအနှစ်တွေကို ကျွမ်းကျင်သူ ပညာရှင်များနှင့် စနစ်တကျ မထိန်းသိမ်းဘဲ လုပ်ချင်သလို လျှောက်လုပ်ပစ်နေသည့် စစ်အုပ်စု၏ မိုက်မိုက်မဲမဲ လုပ်ရပ်တွေ အတွက် ကျနော် နှမြောတသ ယူကျုံးမရဖြစ်ပြီး ကြေကွဲဒေါသထွက်မိခြင်းဖြစ်သည်။
ကျုံးဘေးပလက်ဖောင်း ခပ်ကျယ်ကျယ်တွင် တရုတ်အမျိုးသမီးများ အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်နေကြ သည်။ နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကို ကြည့်ရသည်မှာ ယခင်နှစ်ခေါက် မန္တလေးသို့ရောက်ခဲ့စဉ်က ငေးမောခဲ့ရ သလို အတိတ်ကို လွမ်းတချင်စရာ ဆွေးဆွေးမြေ့မြေ့ မှိုင်းမှိုင်းပျပျ အရသာမျိုး မခံစားရတော့။ အိုဟောင်းရင့် ရော်ခြင်း၏ သင်္ကေတအမှတ်လက္ခဏာတွေ ပျောက်ဆုံးကုန်ပြီး လောလောလတ်လတ် ဆောက်လုပ်ထား သည့် နန်းမြို့ရိုးအသစ်ကြီးကို မြင်တွေ့ရသလိုမျိုး ဖြစ်နေသည့်အတွက် စိတ်ထဲ အတော်ပင် ကသိကအောက် ဖြစ်နေတော့သည်။
ဈေးချိုနာရီစင်အရောက်တွင် ကားက ဘယ်ဘက်သို့ ချိုးကွေ့ပြီး ၈၄ လမ်းအတိုင်း မောင်းလာသည်။ ဈေးချိုကို လွန်လာပြီးနောက် ၂၉ လမ်းမရောက်မီတွင် ကားထိုးရပ်သွားသည်။ ကားသမားဆင်းသွားပြီး ပါရမီဟိုတယ် ဟူသည့် ဆိုင်းဘုတ်အောက်က မှန်တခါးကို တွန်းဖွင့်ဝင်သွားသည်။ ခဏအကြာတွင် ပြန်ထွက်လာပြီး တ ယောက်ခန်း လေးရာဟု လာပြောသည်။ ဈေးသင့်သည်ဟုထင်ပြီး အဆိုပါ ပါရမီဟိုတယ်တွင်ပင် တည်းခိုဖို့ ကျ နော်ဆုံးဖြတ်ကာ ကားခရှင်းပေးလိုက်သည်။ အိတ်တွေဆွဲပြီး ကျနော်ဝင်တော့ ကားသမားပါ ပြန်လိုက်ဝင်လာ သည်။ ကောင်တာတွင် တူညီဝတ်စုံနှင့် ဟိုတယ်ဝန်ထမ်း အမျိုးသမီးနှစ်ဦးကို တွေ့ရသည်။ အမျိုးသမီးတဦးထံ ကျနော်ငွေရှင်းပြီး ကားသမားကို လှည့်ကြည့်လိုက်တော့ ဧည့်သည်ပို့ပေးသည့်အတွက် ဟိုတယ်မှ ပေးပုံပေါ် သည့် ဘောက်ဆူးငွေကိုယူပြီး ပြန်ထွက်သွားသည်ကို တွေ့ရသည်။ ဈေးကွက်စီးပွားရေးခေတ် မန္တလေး၏ ထုံး စံတခုဖြစ်မည်ဟု ကျနော်တွေးပြီး ပြုံးလိုက်မိသည်။
မန္တလေးကို ယခုတကြိမ်မတိုင်မီ နှစ်ခေါက်သာ ကျနော်ရောက်ဖူးသည်။ နောက်ဆုံးရောက်ခဲ့သည့် အခေါက် သည် ၁၉၉၄ ခုနှစ်တွင်ဖြစ်သည်။ ထိုအချိန်က မြားနတ်မောင်မဂ္ဂဇင်းကို ကျနော်တာဝန်မယူသေး။ ရန်ကုန် တွင်ကျောင်းတက်နေစဉ် အကိုနှင့် ညီရှိရာ မန္တလေးဆေးကျောင်းကို အလည်လာရောက်ခြင်းဖြစ်သည်။ ယခု တကြိမ် ၁၉၉၈ တွင်မူ ညီကို ပထမဆုံးအကြိမ် ထောင်ဝင်စာ လာတွေ့ခြင်းဖြစ်သည့်အပြင် မြားနတ်မောင် မဂ္ဂဇင်းကို တာဝန်ယူနေသည်မှာလည်း တနှစ်နှင့်လေးလနီးပါး ရှိပြီဖြစ်သည့်အတွက် မန္တလေးရှိ စာရေးဆရာ များနှင့် အေးအေးဆေးဆေး တွေ့ဆုံလိုခြင်းကလည်း လာရင်းအကြောင်းတရပ်ဖြစ်သည်။
မန္တလေးစာရေးဆရာများနှင့် တွေ့ဆုံချင်သည့်အထဲတွင် အထူးသဖြင့် ပြင်ပတွင် တကြိမ်တခါမှ ကျနော်မတွေ့ ဖူးသေးသည့် အမေလူထုဒေါ်အမာကို နှုတ်ဆက်ကန်တော့ရင်း စာမူတောင်းလိုခြင်းသည် အဓိကဖြစ်သည်။ မဂ္ဂဇင်းကို စတင်တာဝန်ယူစဉ်ကတည်းကလည်း အမေလူထုဒေါ်အမာထံ လစဉ် မေတ္တာလက်ဆောင်စာအုပ် တွေ ပေးပို့ပြီး စာမူတောင်းခံခဲ့သည်။ သို့သော် ထိုအချိန်အထိ အမေဒေါ်အမာထံမှ စာမူရောက်ရှိမလာသေး။ ထို့ကြောင့် ထောင်ဝင်စာတွေ့ပြီးလျှင် အမေနှင့်တကွ ကျနော်ဆုံချင်သည့် စာရေးဆရာများကို တွေ့ဆုံရန်အ တွက် မန္တလေးတွင် နှစ်ညအိပ် သုံးရက်ခန့် အေးအေးဆေးဆေးနေဖို့ ဆုံးဖြတ်လိုက်လေသည်။
ခရီးပန်းလာပြီး ငြီးစီစီဖြစ်နေသည့်အတွက် လန်းဆန်းသွားအောင် ရေအမြန်ပြေးချိုးလိုက်ရင် ကောင်းမလား ကျနော်စဉ်းစားသည်။ သို့သော် မန္တလေးဆောင်းက ဟိုတယ်ထဲအထိပါ ချမ်းလွန်းနေ၍ ရေမချိုးတော့ဘဲ ကိုယ် လက်သာ သန့်စင်လိုက်သည်။ ထို့နောက် အ၀တ်အစားအိတ်ထဲမှ နောက်ဆုံးထုတ် မြားနတ်မောင်မဂ္ဂဇင်းတ အုပ်ကိုယူကာ အမေလူထုဒေါ်အမာဆီသွားဖို့ ဟိုတယ်မှ ထွက်လာခဲ့တော့သည်။ ၈၄ လမ်းအတိုင်း ဈေးချိုကို ကျောပေး၍ ကျနော်လျှောက်လာခဲ့သည်။ ၂၉ လမ်းအကျော်တွင် ယူနီစန်ဟူသည့် လက်ဖက်ရည်ဆိုင်ကြီးကို တွေ့သဖြင့် နံနက်စာစားဖို့ ဆိုင်ထဲဝင်လိုက်သည်။ ကျနော့်အကြိုက် မန္တလေးမုန့်တီစားပြီး လက်ဖက်ရည် သောက်ရန် စားပွဲထိုးကို မှာလိုက်သည်။
၈၄ လမ်းပေါ်က မန္တလေးနံနက်ခင်းသည် လှုပ်လှုပ်ရှားရှား ဆူညံနေသည်။ စစ်ကိုင်း၊ အမရပူရဘက်မှလာ သည့်ဈေးကား (ဒိုင်နာကား) များ၊ ဈေးသည်များ၊ ဆိုက္ကားများ၊ ဆောင်းနံနက်ခင်း လမ်းလျှောက်ထွက်သူများ နှင့် သက်ဝင်လှုပ်ရှားနေသည်။ ၈၄ လမ်းနှင့်အပြိုင် ယူနီစန်ဆိုင်ထဲတွင်လည်း အိပ်မှုံစုံမွှား စားပွဲထိုးများ၏ အော်ဟစ်သံများနှင့် ဆူညံနေသည်။ ဤယူနီစန်လက်ဖက်ရည်ဆိုင်သည် မန္တလာသား စာရေးဆရာများ၏ ဆုံရပ်ဟု မဂ္ဂဇင်းတွေထဲတွင် ဖတ်ရသည်။ ထိုသို့ ဆုံရပ်ဖြစ်ရသည့်အကြောင်းတွင် ယူနီစန်ဆိုင်ဘေးရှိ ထွန်း ဦးစာပေမှ ဒကာတော် ကိုထွန်းဦး ရှိနေခြင်းကလည်း အကြောင်းအရင်းတရပ်ဟု သိရသည်။ အခုတော့ စော နေသေး၍ထင့်။ အသိမိတ်ဆွေ တဦးတယောက်မျှ မတွေ့ရသေး။ မနက်ဖြန် မနက်မှပင် ထပ်လာဖို့ဆုံးဖြတ်ပြီး ပိုက်ဆံရှင်းကာ လူထုတိုက်ရှိရာ ၃၃ လမ်းဘက်ဆီ ဆက်လျှောက်လာခဲ့သည်။
တံခါးပွင့်နေပြီဖြစ်သည့် လူထုတိုက် အောက်ထပ်ထဲ ကျနော်ဝင်သွားသည့်အခါ အစ်မကြီး မတင်ဝင်းကို အလုပ် စားပွဲတွင် တွေ့ရသည်။ “ကျနော် မြားနတ်မောင်မဂ္ဂဇင်းက ဒေါက်တာလွဏ်းဆွေပါ၊ အမေနဲ့ တွေ့ချင်လို့ လာ တာပါ” ဟုပြောပြတော့ “ဟုတ်ကဲ့ ထိုင်ပါဦးရှင့်” ဟုပြောပြီး အစ်မကြီး မတင်ဝင်း အပေါ်ထပ်တက်သွားသည်။ ခဏအကြာတွင် ပြန်ဆင်းလာပြီး “အမေနိုးနေပြီ၊ ခဏစောင့်ပေးပါဆရာ” ဟုဆိုသဖြင့် ထိုင်စောင့်ရင်း အောက် ထပ်ပုံနှိပ်စက်အခန်းနံရံတွင် ချိတ်ဆွဲထားသည့် ပန်းချီကားများကို ငေးမောနေမိသည်။ အစ်မကြီးမတင်ဝင်းက စားပွဲတွင်ထိုင်ပြီး အလုပ်လုပ်နေသည်။
“ငါ့သား ဘယ်ရထားနဲ့ လာလဲကွဲ့” ဆိုသည့်အသံကြားမှ အပေါ်ထပ်မှဆင်းလာသည့် အမေဒေါ်အမာကို ကျ နော်လှည့်ကြည့်လိုက်မိသည်။ အမေ့ကို ပထမဆုံးအကြိမ် စတင်တွေ့ဖူးခြင်းဖြစ်သည်။ မန္တလေးဆောင်းကို အန် တုဖို့ အမေက အနွေးအကျီထူထူကြီး ၀တ်ထားပြီး ခြေအိတ်လက်အိတ်တွေပါ စွပ်ထားသည်ကို တွေ့ရသည်။ အမေ့ကို “ညနေ ၅ နာရီအမြန်နဲ့ပါ အမေ” ဟု ကျနော်ပြန်ပြောလိုက်တော့ အမေက “ငါ့သား ကြားပြီးပြီလား၊ ညကပဲ ကိုမြသန်း ဆုံးသွားတယ်။ အမေ့ဆီ ဖုန်းတွေဆက်ကြတယ်။ အခုမနက် ဘီဘီစီမှာလည်း လာသွားပြီ” ဟုပြောလိုက်ရာ ကျနော် ကြက်သီးမွေးညင်းများပင် ထသွားမိသည်။ “ဟုတ်လား အမေ၊ ကျနော် မကြားမိသေး ဘူး။ အခုရထားဆင်းဆင်းချင်း အိတ်တွေထားပြီး အမေ့ဆီတန်းလာခဲ့တာ။ ကျနော်တောင် ဒီကအပြန်မှာ ဆ ရာ့ဆီ စာမူလာယူဖို့ ချိန်းထားသေးတာ” ဟု ကျနော်ကပြောတော့ အမေက“အေးကွယ် အမေတို့ဘက်က လူ တွေလည်း တယောက်ပြီး တယောက်ကို ဆုံးပါးနေတော့တာပဲ။ ကိုမြသန်းကို နှမြောလိုက်တာ။ အလုပ်တွေ တ အားလုပ်နိုင်တဲ့သူ၊ စာတွေအများကြီး ရေးနိုင်တဲ့သူ” ဟု ပြောပြီး အမေ့အသံ တိမ်ဝင်သွားသည်။
ခဏကြာမှ အမေကပင် စကားပြန်ဆက်သည်။ “ဒါနဲ့ ငါ့သားလာတာ အလည်သက်သက်လား၊ မဂ္ဂဇင်းကိစ္စအ တွက်လား” ဟု အမေက မေးသည်။ “မဟုတ်ဘူး အမေ၊ အိုးဘိုထောင်ထဲက ညီကို ထောင်ဝင်စာလာတွေ့ရင်း လာခဲ့တာပါ” ဟု ကျနော်ပြောတော့ အမေက “အော် ဟုတ်လား၊ ညီလေးက ဘာဖြစ်လို့လဲကွဲ့၊ ဘယ်နှစ်နှစ်ကျ တာလဲ” ဟု အံ့အားတသင့် မေးသည်။ “မဟာမြတ်မုနိဘုရားကြီး ဗိုက်ဖောက်ခံရတဲ့ အရေးအခင်းမှာ ပါသွား တာပါ အမေ၊ (၇) နှစ်ခွဲပါ” ဟု အစချီပြီး အမေ့အား ဖြစ်ကြောင်းကုန်စင်ကို အကျယ်တ၀င့် ပြောပြလိုက်လေ သည်။
အမေက “ဒီခေတ်ကြီးမှာ တရားဥပဒေဆိုတာ မရှိတော့ ဒီလိုပဲ မတရားဖမ်းဆီးနှိပ်စက်ခံနေရတာပါပဲ ငါ့သား ရေ။ ကိုညိုဆိုလည်း အခုအထိကို မလွတ်နိုင်သေးဘူး။ အမေဆို အခုအသက်အရွယ်အထိ အိုးကြီးအိုမနဲ့ သ ရက်ထောင်ကို ထောင်ဝင်စာ သွားသွားတွေ့နေရတာ။ နောက်ပြီး လမ်းကြောမသင့်လို့ ထောင်ဝင်စာသွားတွေ့ ရတာတော်တော်ဒုက္ခရောက်တာ” ဟု တိုးတိုးညင်းညင်း ပြောလေသည်။ ထိုအချိန်က အမေ့သား အငယ်ဆုံး ဖြစ်သည့် ကိုညို (စာရေးဆရာ ညီပုလေး) သည် လွှတ်ရက်စေ့သည့်တိုင် လွတ်မြောက်လာခြင်း မရှိသေးဘဲ ဆက်လက်အကျဉ်းကျခံနေရချိန်ဖြစ်သည်။
ညီတော်မောင်အကြောင်း အမေနှင့် ဆက်လက်ပြောဆိုပြီး ပါလာသည့် မြားနတ်မောင်မဂ္ဂဇင်းကို အမေ့ကို ပေး လိုက်ရာ အမေက “ငါ့သားပို့ပေးတဲ့ မြားနတ်မောင်မဂ္ဂဇင်းတွေ အမေ အကုန်ဖတ်ရတယ်။ စာမူတောင်းတဲ့စာ လည်း ရတယ်။ အမေ စာမူရေးပြီး ပို့ပေးလိုက်မယ်နော်။ ခဏစောင့်” ဟု ပြောလေသည်။ ကျနော် အတော်ပင် ၀မ်းမြောက်သွားမိပြီး “ဟုတ်ကဲ့အမေ၊ ကျေးဇူးပါပဲ” ဟုပြောကာ တမံတလင်းပေါ်ဆင်းထိုင်ပြီး အမေ့ကို ဦးချ ကန်တော့လိုက်လေသည်။
အမေက ညီလေးအတွက်ရော ကျနော့်အတွက်ပါ ဆုတွေတောင်းပေးအပြီးတွင် “ငါ့သား ခဏထိုင်ဦး” ဟုဆို ကာ အကူမပါဘဲ တယောက်တည်း အိမ်ပေါ်ပြန်တက်သွားသည်။ ဆယ်မိနစ်ခန့်အကြာတွင် ပြန်ဆင်းလာရာ အမေ့လက်မှ လိမ္မော်သီးနှင့် ပန်းသီးတွေထည့်ထားသည့် ကျွတ်ကျွတ်အိတ်ကြီး ဆွဲလာသည်ကို တွေ့ရသည်။ အမေက “ညီလေးစားဖို့ ငါ့သားယူသွားပေးဦး။ ကျန်းမာရေးဂရုစိုက်ဖို့လည်း ညီလေးကို ပြောလိုက်ပါ။ ဒါပဲ အ ရေးကြီးတယ်” ဟုပြောပြီး ကျနော့်လက်ထဲ ကျွတ်ကျွတ်အိတ်ကြီး လာထည့်လေသည်။ “ကျေးဇူးပဲအမေ ကျ နော့်ကို ခွင့်ပြုပါဦး” ဟု ပြောပြီး နံဘေးရှိ အစ်မကြီး မတင်ဝင်းကိုပါ နှုတ်ဆက်ကာ လူထုတိုက်ထဲမှ ကျနော် ထွက်လာခဲ့သည်။ အမေက ခြံဝအထိ လိုက်လာပြီး “ညီလေးကို ကျန်းမာရေးဂရုစိုက်ဖို့ ပြောလိုက်ဦးနော် ငါ့ သား” ဟု ထပ်မှာနေလေသည်။
ညီတော်မောင်ကို ထောင်ဝင်စာတွေ့အပြီးတွင် အမေလူထုဒေါ်အမာကိုလည်း နှုတ်ဆက်ကန်တော့ပြီးပြီမို့ ဆ ရာမြသန်းတင့်၏ ဈာပနကို အမီလိုက်ပါပို့ဆောင်နိုင်ရန် ဆွဲထားသည့် အစီအစဉ်တွေကို ဖျက်သိမ်းပြီး ညနေရ ထားနှင့်ပင် ကျနော် ရန်ကုန်ပြန်ဆင်းခဲ့တော့သည်။ ထိုသို့ အမေနှင့် ခဏတာတွေ့ဆုံခွင့်ရခဲ့ပြီး သိပ်မကြာ လိုက်ချေ။ တရက်တွင် လူထုတိုက်တံဆိပ်နှင့် စာအိတ်တအိတ် ကျနော့်အယ်ဒီတာစားပွဲပေါ် ရောက်ရှိလာ သည်။ ကျနော် ရင်ခုန်စွာဖြင့် စာအိတ်ကို ဖောက်လိုက်သည်။ အထဲမှ ထွက်လာသည့် အမေ့လက်ရေးနှင့် စာ မူကို ဖတ်နေရင်း ကျနော့်လက်တွေတုန်နေသည်။ “ကိုဗဟိန်းသို့ စကားကြွေး” တဲ့။ အမေ့လက်နှင့် ကိုယ် တိုင်ရေးထားသည့် စာမူ …။ ကျနော်၏ အယ်ဒီတာဘ၀အတွက် အမေ ပထမဆုံး အသိအမှတ်ပြု ချီးမြှင့်သည့် စာမူ။ ထိုစာမူအတွက် ကျနော်ပျော်ခဲ့ရသည့် အပျော် …။ ထိုအပျော်သည်ကား အယ်ဒီတာ ငချွတ်ငတားလေး ဖြစ်သည့် ကျနော့်အတွက် အမေ ပထမဆုံးပေးအပ်ခဲ့သော ဘာနှင့်မှမလဲနိုင်သည့် အဖိုးတန်ပျော်ရွှင်မှု ဖြစ်ခဲ့ လေသည်။
ဒေါက်တာလွဏ်းဆွေ
(ကွယ်လွန်သူ အမေလူထုဒေါ်အမာ၏ ၉၅ နှစ်ပြည့်မွေးနေ့အမှတ်တရ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)
သင်္ကေတကမ္ဘာ
လူသားဆိုတာ
ကမ္ဘာမြေရဲ့ သက်ရှိသင်္ကေတ
၂၁ ရာစု တိုင်ခဲ့ပြီဖြစ်တယ်။
သမိုင်းဦးဘုံမြေခေတ်
ကျေးပိုင်ကျွန်ပိုင်ခေတ်
မြေရှင်ပဒေသရာဇ်ခေတ်
ဖက်ဆစ်၊ နယ်ချဲ့အရှင်းရှင်ခေတ်
အဲဒီခေတ်တွေဟာ
ကမ္ဘာမြေ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းရဲ့သင်္ကေတ။
ပေါင်မုန့်ငတ် ပြည်သူတွေကို
ကိတ်မုန့်စားခိုင်းခဲ့တာဟာ
ဥရောပ ပဒေသရာဇ်စနစ်ရဲ့
ခေါင်းမရှိတဲ့ သင်္ကေတ။
ဝါတာလူးစစ်ပွဲမှာ
နပိုလီယံဟာ
စစ်ရှုံးသူတို့ရဲ့ သင်္ကေတ။
ဒုတိယကမ္ဘာစစ်မှာ
ကိုယ့်ကိုယ်ကိုယ်သတ်သေ လက်နက်ချသွားတဲ့
အဓိပတိကြီး ဟစ်တလာဟာ
အာဏာရှင်ဖက်ဆစ်တို့ရဲ့ နိဂုံးကို
သမိုင်းခေတ်တလျှောက်လုံး
ထုတ်ဖော်ပြသနေတဲ့ သင်္ကေတ။
သခင်ကိုယ်တော်မှိုင်းဟာ
သူ့ကျွန်ခေတ်ထဲ
အမျိုးသားရေးစိတ်ဓာတ်တို့ကို
နှိုးဆွသက်ဝင်စေခဲ့တဲ့ ထာဝရသင်္ကေတ ...
အောင်ဆန်း … ပင်လုံ
ဗဟိန်း … ကျောင်းသား
သန်းထွန်း … လယ်သမား
ကိုယ်စားပြုခေါင်းဆောင်များရဲ့ သင်္ကေတ။
သီပေါမင်းဟာ
မန္တလေး ပဒေသရာဇ်တို့ရဲ့
အညံ့ခံမှုသင်္ကေတ
ပဒေသရာဇ်စနစ်နဲ့အတူ
မြေမြုပ်သဂြိုလ်ခဲ့ပြီးဖြစ်တယ်။
ဒုတိယကျောင်းသားသပိတ်မှသည်
အနီးခေတ် သမိုင်းကို ကြည့်ရင်
မန္တလေးက … ဒေါ်အမာ
သူမ … မပါလို့ကိုမဖြစ်ဘူး
သပိတ်မှောက်ကျောင်းသူ မအမာဟာ
မန္တလေးခုခံမှုရဲ့ သင်္ကေတ
မြေကမ္ဘာရဲ့ ရတနာဖြစ်တယ် ...။ ။
ကမာပုလဲ
(၂၈၊ ၁၁၊ ၂၀၁၀)
လူထုအမေသို့ အလွမ်းစာ
ဒေါက်တာလွဏ်းဆွေ
“အမေ နေကောင်းလား” လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
“ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ” တဲ့
နွေးထွေးတဲ့ အမေ့နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပန်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။
“အမေ … ဒီမှာ ဆရာမြေဇာ
ဒီမှာ ဆရာဝသုန်
ဟိုဘက်ခုံမှာ ကိုအောင်ဝေး
ဒီဘေးက ကိုသာချို
ဟိုဘက်က ကိုချစ်ဝင်းမောင်” လို့
ခပ်ရို့ရို့ ကျနော် မိတ်ဆက်တော့ …
အမေက
“မြင်တာပေါ့ ငါ့သား
အမေ့သားတွေ အားလုံးကို
အမေ အကုန်လုံး မြင်တာပေါ့” ဆိုပြီး
ပြုံးပြုံးကြီး ကြည့်နေတဲ့
အမေ့ရဲ့ပုံရိပ်
ရင်ထဲကို ယိုဖိတ်စီးဆင်း
အေးမြတဲ့ မြစ်တစင်းဖြစ်ခဲ့ရပါတယ် အမေ …။
“ငါ့သားတွေ အရက် သိပ်မသောက်ကြနဲ့နော်”
“အမေတို့ဘက်က လူတွေ အသက်ရှည်တာကိုပဲ အမေ မြင်ချင်တယ်”
“ကိုချစ်ဝင်းမောင်တို့၊ ကိုလွဏ်းဆွေတို့
မဂ္ဂဇင်းတွေ အခြေအနေကောင်းကြရဲ့လား
အမေ့စာမူတွေ အချိန်မီရကြရဲ့လား
အမေလည်း ရေးဖြစ်တာဆိုလို့
ကိုဝင်းငြိမ်း၊ ကလျာနဲ့ဆို ဒီလေးအုပ်ပဲ ရှိတာ
ငါ့သားတို့ အဆင်မပြေရင်
အမေ့ကို စာမူခ မပေးနဲ့နော်” လို့
တိုးလျလျ အသံနဲ့
စိုးရိမ်ပူပန်တဲ့ စကား
အမေပြောကြားလေတော့
ကျနော့်စိတ်ထဲ
ပီတိတွေနဲ့ အားဖြစ်ခဲ့ရပါတယ် အမေ …။
ဦးပိန်တံတားပေါ် လမ်းလျှောက်ရင်း
လေညင်းက ပြေးဝင်ဆောင့်တော့
ကျနော့်စိတ်တွေ ခပ်မြောက်မြောက်ဖြစ်သွား
အဲဒီအကြောင်းတရားထဲမှာ
ကျနော်လို အယ်ဒီတာ ငချွတ်ငတားလေးကို
အမေက စာမူတွေ ချီးမြှင့်ပြီး
အသိအမှတ်ပြုခဲ့တာဟာ
အဓိက အကြောင်းတရားပါ အမေ …။
နှင်းမြူတွေ ဝေနေတဲ့
တောင်သမန် နံနက်ခင်းမှာ
အမေ့မေတ္တာတွေက
နှင်းမြူတွေနဲ့အတူ ရွာကျ
အယူအဆတူ
ယုံကြည်ချက်တူ
ရည်မှန်းချက်တူ
ရင်ဘတ်ချင်းတူကြတဲ့
အမေ့သား အမေ့သမီးတွေအားလုံး
အပြုံးကိုယ်စီ ယှက်သန်း
အလွမ်းကိုယ်စီ ပွေ့ထွေး
အနာဂတ်ရေးအတွက် တိုင်ပင်
တောင်သမန်တခွင်လုံး
ငြိမ်းချမ်းတဲ့ ရသတွေ ပြည့်ဖုံး
ပျော်လို့မဆုံး ပြုံးလို့မ၀ ဖြစ်ခဲ့ကြပါတယ် အမေ …။
အခုတော့
အမေ့သား အမေ့သမီးတွေလည်း
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုအောက်မှာ
တမလွန် ရောက်သူရောက်
ဘ၀တက္ကသိုလ် ရောက်သူရောက်
လွတ်မြောက်နယ်မြေ ရောက်သူရောက်
တတိယနိုင်ငံ ရောက်သူရောက်
ကမောက်ကမ
ကစဥ့်ကလျားနဲ့
ပြေးလွှားရုန်းကန်နေကြရပေမယ့်
အမေ့မေတ္တာထီးရိပ်က
ကျနော့်တို့အပေါ်
ထာဝရ အုပ်မိုးပေးထားလို့
စိတ်ဓာတ်ခွန်အား မဖောက်မပြန်နဲ့
ဖြောင့်မှန်တဲ့ လမ်းပေါ်မှာ
ကျနော်တို့ ဆက်လျှောက်နေနိုင်တာပါ အမေ …။
အခုအခါမှာ
လွတ်မြောက်နယ်မြေရောက်
အမေ့သားတယောက်အနေနဲ့
“အမေ နေကောင်းလား” လို့
ပြေးတွေ့ နှုတ်ဆက်ခွင့်မရတာ
သုံးနှစ်သုံးလီ ကြာခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။ ။
ဒေါက်တာလွဏ်းဆွေ
ရေးဖွဲ့ - ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်
(ကွယ်လွန်သူ အမေလူထုဒေါ်အမာ၏ ၉၅ နှစ်ပြည့် မွေးနေ့အမှတ်တရ ပြန်လည်တင်ဆက်ခြင်းဖြစ်ပါသည်)
Sunday, November 28, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၈-၁၁-၂၀၁၀)
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကျောက်ဖြူတွင် တကိုယ်တော် ဆန္ဒပြသူ ပြင်းထန်စွာ ရိုက်နှက်ခံရ click
- ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား click
- ရန်ကုန်မှာ ဆွဲပြီ click
- လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘိန်းစိုက်ပျိုးမှု ပိုများလာ click
- အိန္ဒိယရှိ တော်လှန်ရေးသမား (၃၄) ဦးကို မြန်မာပြည် ပြန်ပို့မှာ စိုးရိမ်နေရ click
- ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ click
- စစ်ရေးပဋိပက္ခကြောင့် နယ်စပ်ဒေသရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ click
- မင်းကိုနိုင် ထောင်ထဲမှာ နေသည် click
- ဒါရိုက်တာနှစ်ဦး သရုပ်ဆောင်၊ အဆိုတော်များ မီဒီယာတွင် ဖော်ပြခွင့် ပိတ်ပင် click
- အမေရိကန်ပြည်၊ ဖို့တ်ဝိန်းက ‘မာရသွန်နှင်းဆီ’ ကဗျာရွတ်ဆိုပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကို ဂုဏ်ပြု click
- ရှင်သန်နိုးထ အာရက္ခ click
- မြေပုံမြို့နယ် ၀ဘော်ကြီးနှင့် နမောင်းကျ ကျေးရွာများတွင် သောက်သုံးရေများ အထူးလိုအပ်နေ click
- နယူးယောက်ပြည်နယ်တ၀ှမ်းက မြန်မာမိတ်ဆွေများက မြန်မာပြည်တွင်းရှိ HIV/AIDS ဝေဒနာရှင်များအ တွက် စုပေါင်းရန်ပုံငွေ ဈေးရောင်းကြမည် click
- ရခိုင်လယ်မြေများကို ဘင်္ဂလီအခြေချသူများက အတင်းအဓမ္မ သိမ်းဆည်းထား click
- အမှိုက်မသိမ်းဘဲ နေ့စဉ်မီးရှို့ခြင်းကြောင့် မော်လမြိုင်သားတို့ ကျန်းမာရေးထိခိုက် click
- အာရှအားကစားပွဲ မြန်မာ ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူး click
- အာရှအားကစားပွဲမှာ မြန်မာ ရွှေ (၂) ခု အပါအ၀င် ဆု (၁၀) ခု ရရှိ click
- မြန်မာ့သဘာ၀၀န်းကျင်အဖွဲ့က ချင်းမိုင်မြို့မှာ စိုက်ပျိုးရေးကျောင်းဆင်းပွဲ ပြုလုပ် click
- ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁) (ဆောင်းပါး) click
- ကိုရီးယားပြဿနာ ဖြေရှင်းရေး တရုတ်သံတမန်တွေ ကြိုးပမ်း click
- အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်လေ့ကျင့် click
- လုပ်ခမြင့်တော့ ဂျီဒီပီ တိုးတက်မှုနှေး click
Saturday, November 27, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၇-၁၁-၂၀၁၀)
- တွေ့ဆုံဆွေးနွေးရေးကို ခန္တီးထောင်က ကိုထင်ကျော် တောင်းဆို click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးဖို့ ထောင်တွင်းမှ တိုက်တွန်း click
- ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ၊ စီအာရ်ပီပီတို့နှင့် ကုလကိုယ်စားလှယ် တွေ့ click
- ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလကိုယ်စားလှယ် နမ်ဘီယာ တွေ့ click
- ရွေးကောက်ပွဲကိစ္စ နိုင်ငံရေးပါတီတွေနဲ့ ကုလကိုယ်စားလှယ် ဆွေးနွေး click
- ကုလအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ရှိ click
(ရုပ်သံ - မဇ္ဈိမ၀က်ဘ်ဆိုက်)
- DKBA နဲ့ နအဖစစ်တပ် တိုက်ပွဲဖြစ် click
- ဒီကေဘီအေ ဖလူးစခန်းကို နအဖတပ်ရင်း (၃) ခုက ၀င်တိုက်နေ click
- မြစ်ကြီးနားတပ်စခန်းများ လုံခြုံရေးတင်းကျပ်ထား click
- နအဖ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်၏ ဗွီဒီယိုမှတ်တမ်းတခု ထွက်ပေါ် click
- ဦးခင်ညွှန့် ဗီဒီယိုဖိုင်အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ် click
- စစ်အစိုးရနဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး click
- နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ သတင်းမှတ်စု လှုပ်ရှားမှုများ click
- ကိုရီးယားသရုပ်ဆောင် ဆောင်အီလ်ဂွတ်နှင့် လီဟာနာ ရန်ကုန်မြို့သို့ ရောက်ရှိ (သတင်းဓာတ်ပုံ) click
- လူသားဒိုင်းသဖွယ် အရပ်သားတွေကို အသုံးချဟု မြောက်က တောင်ကိုရီယားကို စွပ်စွဲ click
- တောင်နဲ့ မြောက်ကိုရီးယား ဆက်လက်တင်းမာ click
- ကုလသမဂ္ဂကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ click- ဒေါ်အောင်ဆန်းစုကြည် ရခိုင်လူငယ်များနှင့် တွေ့ဆုံမည် click
- အမေ့မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း (ဆောင်းပါး) click
- လွတ်မြောက်မှု ဆယ့်လေးရက် (ရုပ်သံ) click
- ဗိုလ်ချုပ်ကြီးခင်ညွန့် ဗီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးအောင်လင်းထွဋ်အား မေးမြန်းချက် (အသံဖိုင်) click
- ဆောက်လက်စ ပြောင်းဖူးဂိုဒေါင် ပြိုကျတာကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၄) ဦး ဒဏ်ရာရ click
- လေဘေးအကူအညီများ ကိုယ်ကျိုးအတွက် အသုံးပြုမှုများနေ click
- နိုဝင်ဘာ (၂၇) ရက် နောက်ဆုံးရ သတင်းတိုများ click
- ကိုယ့်အသိစိတ်နဲ့ကိုယ် ဝိုင်းလုပ်တာမျိုး ပိုလိုချင်တယ် (အင်တာဗျူး) click
- အတိတ်၊ ပစ္စုပန်၊ အနာဂတ် (ဆောင်းပါး) click
- ဘယာနက ဟင်းတခွက် (အောက်မေ့ဖွယ်) click
တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ခင်ညွန့်ကို ရဲအဖွဲ့က နေအိမ်မှ ခေါ်ဆောင်သွားသည့် ဗွီဒီယိုမှတ်တမ်း
(ဆုံဆည်းရာ ဘလော့ဂ်မှ ရယူပါသည်)
“ခင်ညွန့် ဘာတွေဖြစ်နေပြီလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook စာမျက်နှာမှာ ဗွီဒီယိုကလစ် ထွက်ပေါ်လာခဲ့ပါ တယ်။ ဗွီဒီယိုက စိတ်ဝင်စားစရာကောင်းပြီး ရဲချုပ်ခင်ရီနဲ့ အဖွဲ့လို့ ထင်ရတဲ့ ရဲအဖွဲ့တဖွဲ့က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို နေအိမ်ကနေ တနေရာကို ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ခင်ညွန့်ကို သူ့အိမ်ဝန်းကျင်မှာ မတွေ့တာ တလလောက်ရှိပြီလို့လည်း အိမ်နီးနားချင်းများက ပြောဆိုနေကြ ပါတယ်။ ငြိမ်းချမ်းအရေးအဖွဲ့တွေနဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကြောင့် ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချနေပြီလို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။
Friday, November 26, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၆-၁၁-၂၀၁၀)
- ဗိုလ်ချုပ်ခင်ညွန့်ကို ဧည့်ဂေဟာတခုသို့ ခေါ်ဆောင်သွားတဲ့ ဗွီဒီယို ဖေ့စ်ဘွတ်မှာ ပြန့်နေ click
- ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း click
- ဗိုလ်ခင်ညွန့် ဘယ်ပျောက်နေသလဲ click
- ဦးခင်ညွှန့်နဲ့ ရဲချုပ်ခင်ရီ တွေ့ click
- စစ်အစိုးရကို ဖိအားပေးဖို့ ဥရောပပါလီမန် တောင်းဆို click
- ဒုတိယပင်လုံအတွက် စီအာရ်ပီပီ အစည်းအဝေး ပြုလုပ် click
- ၂၁ ရာစု ပင်လုံကို နိုင်ငံတကာ ထောက်ခံမှုပေးရန် တောင်းဆို click
- ကုလသမဂ္ဂကိုယ်စားလှယ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေး အဆိုပြု (ဦးဝင်းတင်နှင့် မေးမြန်းခန်း) click
- ကုလအထူးသံတမန် ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည် click
- “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အပတ်စဉ် အမေးအဖြေ အစီအစဉ် click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ (အင်တာဗျူး) click
- နယူးယောက်တိုင်းမ်သတင်းစာ မှားယွင်းဖော်ပြဟု အန်အယ်လ်ဒီ ပြော click
- စစ်အစိုးရက လုံခြုံရေးတင်းကျပ်လိုသဖြင့် ဗုံးလှန့် click
- တပ်သားတယောက်က လင်းခေးမှာ အဓမ္မပြုကျင့် click
- နအဖတပ်နှင့် ဘီဂျီအက်ဖ်တပ်များ ကရင်ကျေးရွာများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲ click
- ရွေးကောက်ပွဲ ဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း click
- ကျောက်ဖြူမြို့မှာ တကိုယ်တော် ဆန္ဒပြ click
- မြန်မာအရေးနဲ့ နိုင်ငံခြားအကူအညီ click
- မြန်မာ-မြောက်ကိုးရီးယား ဆက်ဆံရေးနဲ့ အာဇာနည်ဗိမာန် တိုက်ခိုက်ခံရမှု - အပိုင်း (၁) click
- ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင် click
- အမျိုးသားဒီမိုကရေစီအင်အားစုနဲ့ ကုလသမဂ္ဂ click
- တီးတိန်အနီး ကားမှောက်၊ (၁၆) ဦး သေ click
- ဘိန်းဖြူနေရာမှ စိတ်ကြွဆေး နေရာယူ click
- ပစ်ခတ်မှုနောက်ပိုင်း မြ၀တီတွင် စားသုံးကုန်ဈေးနှုန်း တက်လာ click
- ဝမ်းသာကြည်နူးစွာဖြင့် click
- စစ်တွေမှာ မီတာခမှန်မှန် ကောက်ပေမယ့် မီးဖြတ်ခံရ (ပေးစာ) click
- ကိုရီးယားကျွန်းဆွယ် တင်းမာမှု ပိုမိုပြင်းထန် click
- အယ်လ်ခိုင်းဒါးအနွယ် (၁၀၀) ကျော် ဆော်ဒီ ဖမ်းဆီး click
- နိုင်ငံတကာခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ click
- နယူးယောက်တိုင်းမ်စ်သတင်း ဒေါ်အောင်ဆန်းစုကြည် ငြင်း click
- ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP တွေ့ဆုံဆွေးနွေး click
- ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည် click
- ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဂျပန်အမတ် ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် အိမ်ပတ်ဝန်းကျင်မှာ နအဖ စွမ်းအားရှင်များ နေရာယူမှု တဖြည်းဖြည်း တိုးလာ click
- အဖွဲ့ချုပ်ဝင် ကိုရွှေမောင်း ဆေးကုသခွင့်ရ click
- ကုလအရာရှိ မြန်မာနိုင်ငံသို့ အလည်အပတ်သွားမည် click
- ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မြန်မာနိုင်ငံ သွားမည် click
- ကုလသမဂ္ဂ အကြီးတန်းအရာရှိ (၂) ရက်ကြာ မြန်မာပြည် လာရောက်မည် click
- စစ်အစိုးရကို ဖိအားပေးဖို့ ဥရောပပါလီမန် တောင်းဆို click
- ဗိုလ်ချုပ်မှူးကြီးမိသားစု စိန်အများဆုံး စုဆောင်း click
- နယ်ခြားစောင့်တပ်မှ ပိုးကရင် အဆိုတော် ဗိုလ်ထူ့လွီးအွာအား တပည့်ဖြစ်သူက ပစ်သတ်ခဲ့ click
- တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ (၁,၀၀၀) ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံထွက်ပြေး click
- နယ်စပ်တ၀ိုက်သုံး ထိုင်းလက်ကိုင်ဖုန်းများကို နအဖအာဏာပိုင်တို့ သိမ်း click
- နှစ် (၁၀၀) ပြည့် ခရစ်ယာန်သာသနာပွဲ သွားသည့် ဘုန်းတော်ကြီးများ နှောင့်ယှက်ခံရ click
- လေဘေးဒေသမှ ကလေး (၂) သောင်းနီးပါး အာဟာရချို့တဲ့ click
- HIV/AIDS ဝေဒနာရှင်များ ဆက်လက်နေထိုင်ခွင့်ရ click
- ငါးမင်းဆွေနောက်မှာ ဘယ်သူတွေလဲ click
- နိုဝင်ဘာ (၂၆) ရက် နောက်ဆုံးရ သတင်းတိုများ click
- အမျိုးသမီးအား အကြမ်းမဖက်က တိုင်းပြည်တိုးတက်မည်ဆိုသည့်အချက် ဗုဒ္ဓတရားတော်နှင့် ကိုက်ညီ click
- အမျိုးသမီးများ အကြမ်းဖက်မှုရန်မှ အမှန်တကယ် ကင်းဝေးပြီလော click
- ငြိမ်းချမ်းရေး အမျိုးသားနိုင်ငံရေးသစ်သို့ (ဆောင်းပါး) click
- ဧည့်စာရင်းမတိုင်တဲ့ ကဗျာ (ကဗျာ) click
“အကျယ်ချုပ်က လွတ်လာ အပြင်လောကမှာ ရှင်းလင်းစရာ တပုံတပင်” (ကာတွန်း ဟန်လေး - သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်)
- ကြံ့ခိုင်ရေးပါတီမှ ၀န်ကြီးနှစ်ဦးဖြစ်ကြသည့် ဦးအောင်သောင်း၊ ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေတို့နှစ်ဦး ရ ခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် တွေ့ဆုံမှုအပေါ် ပါတီဥက္ကဌ ဒေါက်တာအေးမောင်နှင့် တွေ့ဆုံမေး မြန်းချက် click
- ချင်းတောင်တန်း ကားမှောက်၊ (၁၄) ဦး သေဆုံး click
- သာကေတ မီး၊ အိမ် (၁၂) လုံး ဆုံးရှုံး click
- သာကေတတွင် မီးလောင်၊ အိမ် (၁၅) လုံး မီးထဲပါသွား click
- Yangon Airway လေကြောင်း ရပ်နားလို့ ခရီးသွားလုပ်ငန်းတွေ အခက်ကြုံ click
- မြန်မာပရိသတ် အားပေးသည့် ကိုရီးယားမင်းသား ရန်ကုန် ရောက်နေ click
- ကိုရီးယားသရုပ်ဆောင် ဂျူမုံနှင့် လီဟားနားတို့အား မြန်မာပရိသတ်များ အားပေး click
- ဆူဇူကီးဖလားပြိုင်ပွဲ မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည် click
- ပြင်စီဈေး ခုထိ မရွှေ့သေး (ပေးစာ) click
- တပတ်အတွင်း စီးပွားရေးသတင်း click
- တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးသစ် ခန့် click
ဂီရိ
သောက်စရာ ရေမရှိဘူး
စားစရာ ဆန်မရှိဘူး
ဝတ်စရာ အ၀တ်မကျန်ဘူး
နေစရာ အိမ်ပျောက်ခဲ့ပြီ
ပြုံးပြစရာ အင်အားတွေ မရှိတော့ ...။
နောင်နှစ်မိုးဦးမှာ ဘယ်စပါးကို ပျိုးကြမလဲ
ဒီနှစ်နွေမှာရော ဘယ်အစာရေစာနဲ့ အသက်ဆက်ကြမလဲ
မိုးစရာ အမိုးအတွက် ဓနိတောတွေလည်း ပြုန်းခဲ့ပြီ
အိမ်တွေ ပြန်ဆောက်ဖို့ သစ်တောတွေ လဲလဲပြိုပြို ရစရာကို မကျန်တော့
သောက်စရာ ရေတွေက ငန်ကျိကျိ
အဲဒီငန်နေတဲ့ ရေတွေက ဆောင်းလယ်ရောက်တဲ့ထိ ခံပါ့မလား ...
သောကတွေပွေ ...။
အစကတည်းက မဖွံ့ဖြိုးနိုင်တဲ့ဒေသ
နူရာဝဲစွဲ လဲရာသူခိုးထောင်း
ကံဆိုးသူတို့ သွားရာ မိုးလိုက်လို့ ရွာ ...။
တိုင်းရင်းသားပါတီက အနိုင်ရတော့
ရောက်သင့်တဲ့ အကူအညီတွေ ပိုနည်းခဲ့ပြီ
ခက်ခဲလှတဲ့ လမ်းပန်းခရီးကြမ်းကို ကျော်ဖြတ်
လှူချင်လို့ ရောက်လာသူတွေ
လိုသလောက်ကိုတောင် ကျေနပ်အောင် လှူခွင့်မရ ...
ယာယီတဲတွေ မကြာခင် ပြန်အပ်ကြရဦးမတဲ့ ...
ဆန်ဝေချင်ရင် တမိသားစု (၅) ပြည်ထက် မပိုစေနဲ့
အကုန်လုံး ငပျင်းတွေ ဖြစ်ကုန်လိမ့်မတဲ့ ...
အိုး ... ဆိုးလိုက်တဲ့ ဂီရိရယ်
ယူစရာရှိတာ အသက်ပါ ပါအောင် ယူသွားတာမဟုတ်
လာရောက် လှူဒါန်းသူတွေထံ
ဒေသခံတွေ တောင်းပန်လိုက်ပုံက
“ဗျိုင်းသတ်ဆေးလေး ပေးရင် ပိုကောင်းမယ်” တဲ့ ...။ ။
နှင်းဆီဖြူ
Thursday, November 25, 2010
မြန်မာ့ရေးရာ သတင်းပဒေသာ (၂၅-၁၁-၂၀၁၀)
- မိဘနှစ်ပါးအား ပစ်သတ်၍ အသက် (၁၆) နှစ် ကလေးမအား နအဖစစ်သား မုဒိမ်းကျင့် click
- ကရင်နီတပ်ထဲသို့ နယ်ခြားစောင့်တပ်သားတဦး ထပ်မံထွက်ပြေးရောက်ရှိ click
- မူးယစ်ဆေးဝါး ထုတ်လုပ်မှု မြန်မာ တိုးမြင့်လာ click
- တရုတ်-မြန်မာ နယ်စပ်ဂိတ်တခု ပိတ် click
- ကေအိုင်အိုရုံး ပိတ်ရန် ဗဟိုက ညွှန်ကြားပြီးနောက် နယ်စပ်လမ်းတချို့ ပိတ် click
- လိုင်ဇာက ကုန်မသယ်ရ click
- တောင်ဒဂုံက HIV ဝေဒနာရှင်များ ဧည့်စာရင်း တိုင်ခွင့်ရ click
- HIV ဝေဒနာသည်တွေ တောင်ဒဂုံမှာ ဆက်နေခွင့်ရ click
- တောင်ဒဂုံဂေဟာ ဝေဒနာရှင်များ နေထိုင်ခွင့် ဆက်တိုးပေး click
- အဖွဲ့ချုပ်က ကူညီနေသည့် အေ့စ်လူနာများကို ဧည့်စာရင်း ခွင့်ပြုပြီ click
- ၃၇၆ မိသားစုဂေဟာ (ရုပ်သံ) click
- သတင်းစာဆောင်းပါးရှင် NLD ရှေ့မှာ ဆန္ဒပြ click
- မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ မြတ်ခိုင်နှင့် နအဖအာဘော် ရေးသော ငါးမင်းဆွေတို့ ဒေါ်အောင် ဆန်းစုကြည်အား အသရေပျက်အောင် လုပ်ကြံကြပြီ click
- ဖားမှ စုသို့ (၂) မှာ ဘာတွေများ ရေးထားပါလိမ့် click
- ဒုတိယပင်လုံညီလာခံ ရှေ့တန်းမတင်သင့် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကြောင့် မြန်မာပြည်ကို ခရီးသွားတွေ ပိုလာနိုင် click
- အဖွဲ့ချုပ်ပါတီ ရပ်တည်ရေး ဒေါ်အောင်ဆန်းစုကြည် ဆက်လက်လုပ်ဆောင်မည် click
- “ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီဟာ ပြည်ထောင်စုဖြိုခွဲသူလား” (သတင်းစာဆရာတဦးနဲ့ မိုးမခ စ ကားလက်ဆုံ) click
- ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်များကို နိုင်ငံရေးပါတီများ တွေ့ဆုံ (ဓာတ်ပုံသတင်း) click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့ ပူးပေါင်း click
- ကူညီရေးလုပ်ငန်း အတူလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရက်တစ်ပါတီ သဘောတူ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသုဝေ တွေ့ (ရုပ်သံ) click
- တစညက ဘယ်အဖွဲ့အစည်းနဲ့မှ တွေ့ဖို့ အစီအစဉ်မရှိသေး click
- (၁၆) နေရာ အနိုင်ရတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရဲ့ မျှော်လင့်ချက် (နိုင်ငွေသိန်းနဲ့ မေးမြန်းချက်) click
- ရခိုင်ပါတီနှင့် ပူးပေါင်းလိုကြောင်း ဝန်ကြီးနှစ်ဦး ပြော click
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက နအဖ၀န်ကြီးနှင့် ဆွေးနွေး click
- ရွေးကောက်ပွဲအတွင်း အမျိုးသမီးနှင့် ကလေးများ ဒုက္ခရောက်ရကြောင်း WLB က ပြောဆို click
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အခမ်းအနား click
- အရှေ့ခြမ်းမှ ကလေးများ လူကုန်ကူးသူတို့ရဲ့ပစ်မှတ် (ရုပ်သံ) click
- မှောင်ခိုးဈေးကွက် ဓာတ်ဆီဈေးတက် (ရုပ်သံ) click
- စီးပွားရေးသတင်း click
- မစ်ရှီဂန်မှ ပေးသောစာ - အမှတ် (၃၆) (အသံလွှင့်ဆောင်းပါး) click
- ‘… ဆေးမရှိ’ (ကဗျာ) click
- တောင်ကိုရီးယားဝန်ကြီး ရာထူးမှ နှုတ်ထွက် click
- တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရာထူးက နှုတ်ထွက် click
- ကြွေးမြီပြဿနာကို ယူရိုငွေကြေးသုံး နိုင်ငံတွေ ကြံ့ကြံ့ခံနိုင် click
- အမေရိကန် ကျေးဇူးတော်နေ့ ဆင်နွှဲ click
- ဗာတီကန် ဝေဖန်မှု တရုတ် ရှုတ်ချ click
- မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးကို ထိုင်းအာဏာပိုင် အသေဖမ်းမိ click
- SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ (၂) ဦး ကျဆုံး click
- DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား click
- ဘုရားသုံးဆူမြို့တွင် ညမထွက်ရအမိန့် ထုတ် click
- ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာမြို့ ကုန်ကားအ၀င် ပိတ်ပြီ click
- ကေအိုင်အို အခြေစိုက်ရာ လိုင်ဇာဂိတ်မှ တရုတ်ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင် click
- လိုင်ဇာ လူငယ်ကောက်သစ်စားပွဲတော် KIO ကြီးမှူးကျင်းပ click
- ရွေးကောက်ပွဲအပြီး မြို့နယ်အချို့၏ သျှမ်းနှစ်သစ်ကူးအနေအထား ကွဲပြား click
- သျှမ်းပြည် (မြောက်ပိုင်း) တွင် လူမျိုးအလိုက် ပြည်သူ့စစ်ကောက် click
- စစ်အစိုးရက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေ click
- နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားများ ကျင်းပ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအမျိုးသမီးအဖွဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ click
- အိုင်အယ်လ်အိုကို တိုင်ကြား၍ ထောင်ကျခဲ့သည့် အဖွဲ့ချုပ်ဝင်အမှု တရားရုံးက ပယ်ချ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ပွဲဝင်ပါတီ ခေါင်းဆောင်များ တွေ့ဆုံ click
- တိုင်းရင်းသားပါတီများ ကြံ့ဖွံ့နှင့် ပူးပေါင်းမည်မဟုတ် click
- ဦးသုဝေတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာ၊ ပညာ ပူးပေါင်းမည် click
- မဲမသမာမှုအတွက် ပါတီ (၂) ခု ရဲစခန်းတွင် အမှုဖွင့် click
- လွှတ်တော်ထဲဝင်သော်လည်း မဲမသမာမှုကို ဆက်တိုက်မည်ဟုဆို click
- တရားမျှတမှုမရှိတဲ့ ပြယုဂ်တွေအတွက် လူထုနဲ့အတူ တိုက်ပွဲဝင်မယ် (အသံဖိုင်) click
- ဖားမင်းဆွေ၏ အံ့မခန်း ရိုက်ပေါက်များ click
- မြို့မေတ္တာခံယူမယ့် ဖားမင်းဆွေ click
- နိုဝင်ဘာ (၂၅) ရက် နောက်ဆုံးရ သတင်းတိုများ click
- ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးသည့် နအဖစစ်အစိုးရအား အရေးယူသင့်ကြောင်း ဥ ပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက် click
- ထာဝရနှင်းဆီအငြိမ့် ပြက်လုံးများ လူကြိုက်များ click
- အဲရန်ကုန် မရေမရာ အကြောင်းပြချက်ဖြင့် နားရ click
- ပထမဆုံး ပြိုင်ကားပြပွဲ ကျင်းပမည် click
- တောင်ယာလုပ်ကိုင်သော ဒေသဘက်တွင် သခွားသီး ရောင်းဝယ်ရေး အစားထိုး လုပ်ကိုင်ကြရ click
- ဖဲကြိုးဖြူတို့ဖြင့် ကမ္ဘာကြီးအား ငြိမ်းချမ်းစေ (ဆောင်းပါး) click







