Thursday, December 30, 2010

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

Thursday, December 30, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၃၀-၁၂-၂၀၁၀)

- ပြည်ထောင်စုက ခွဲထွက်မှာမဟုတ်လို့ ၀ တပ်ဖွဲ့ ပြော click
- တိုက်ပွဲအတွင်း နအဖတပ်သားတဦး DKBA ဖမ်းမိ click
- မြန်မာဒုက္ခသည် (၈,၀၀၀) ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ click
- ၂၀၁၀ အကောင်းဆုံး စာအုပ်စာရင်းမှာ နာဂစ်အကြောင်းစာအုပ် ပါဝင် click
- ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့မီးရှူးတန်ဆောင် click
- NDF ပါတီ ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်က NDF ခေါင်းဆောင်တချို့ကို လက်ခံတွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အန်ဒီအက်ဖ်ပါတီခေါင်းဆောင်များ တွေ့ဆုံ click
- ဂီရိဒေသ ကူညီရန် ဒေါ်အောင်ဆန်းစုကြည် ပန်ကြား click
- တောင်ငူမှာ အဖွဲ့ချုပ်လူငယ်များနှင့် လူငယ်တက်ကြွလှုပ်ရှားသူများ တွေ့ဆုံ click
- တောင်ငူခရိုင် လူငယ်တွေ အန်အယ်လ်ဒီရဲ့သဘောထားကို ထောက်ခံ click
- တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပေးရန် တိုကျိုက မြန်မာသံရုံးရှေ့မှာ တောင်းဆို click
- တစညပါတီ၏ ပါလီမန်သစ်အပေါ် ပြင်ဆင်မှုများ click
- နအဖက စစ်တိုင်း (၂) ခု ထပ်တိုး (ဦးအောင်ကျော်ဇောနှင့် ဆက်သွယ်မေးမြန်းချက်) click
- မြန်မာ-တောင်ကိုရီးယား အထူးဗီဇာကင်းလွတ်ခွင့် သဘောတူ click
- TB ရှိသူများထံရောက်ရေးနှင့် ဆေးယဉ်ပါးမှုပြဿနာ click
- လူမျိုးတုံးသတ်ဖြတ်မှု အိုင်ဗရီကို့စ်မှာ ဖြစ်မှာစိုးရိမ်ရ click
- မြောက်ကိုရီးယား စစ်ရေးတိုးမြှင့်မှု တောင်ကိုရီးယား ထောက်ပြ click
- ကျမတို့က လက်တွေ့လုပ်သူတွေဖြစ်ပါတယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျင်ဝက်ဘ်ကို ပြော click
- ဒေါ်အောင်ဆန်းစုကြည်နှင့် NDF ခေါင်းဆောင်များ တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို NDF အားရကျေနပ် click
- ဒေါ်အောင်ဆန်းစုကြည်က ၉၀ ရလဒ်ကို ဆက်ကိုင်ထားမယ်လို့ လူငယ်တွေ့ဆုံပွဲမှာ ပြောကြား click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး click
- ကွန်ရက်တွေကို မိတ်ဆွေဖွဲ့ခြင်းနဲ့ စကြဖို့ ပြီးတော့ လွှတ်တော်အပြင်က အမျိုးသားနိုင်ငံရေးနဲ့ ပြည်ထောင် စုကွန်ရက် (ဦးဝင်းတင်နဲ့ မေးခွန်းများ) click
- လွတ်လပ်ရေးနေ့အကြို NLD ဈေးရောင်းပွဲ ကျင်းပမည် click
- ဒီမနက် ဝေါ်လေဘက်မှာ တိုက်ပွဲသံတွေ ပြန်ကြားရ click
- ဘင်္ဂလာဒေခ်ျ့မှ မြန်မာနယ်စပ်အနီးတွင် ခေတ်မီ လေတပ်အခြေစိုက်စခန်း တည်ဆောက်မည် click
- စစ်အစိုးရနှင့် တရုတ်ကုမ္ပဏီ ပူးပေါင်းပြီး ၀ိုင်းမော်တွင် လယ်ယာမြေ ဧက (၁၀၀) ကျော် သိမ်းယူ click
- လေးမြို့မြစ် ရေအားလျှပ်စစ် တရုတ်တည်ဆောက်မည် click
- ထားဝယ်ဆိပ်ကမ်းကြောင့် ဒေသခံလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဖွယ်ရှိ click
- မန္တလေး သမိုင်းဝင် စက်ရှင်တံတားကို ဖြိုဖျက် click
- ဦးတေဇ မိတ္ထီလာထောင်ကို ၀ယ်မည် click
- နအဖအလံသစ် တအိမ်တက်ဆင်း ရောင်းချ click
- ၅,၀၀၀ တန်အတု သိန်းပေါင်းများစွာ ထိုင်းနယ်စပ်မှာ မိ click
- မကွေးတိုင်း ရဲမင်းကြီး လာဘ်စားမှု စစ်ဆေးခံရ click
- ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပရန် အာဏာပိုင်များ အလှူငွေ အဓမ္မကောက်ခံ click
“စစ်အာဏာရှင်လွှတ်တော်ကြီး၏ နှစ်သစ်သန္နိဋ္ဌာန်ဂျီး” (ကာတွန်း ဇော်ဒီဒီ - မိုးမခ၀က်ဘ်ဆိုက်)
- နှစ်သစ် အစောပိုင်း လများတွင် အအေးလှိုင်း ဖြတ်မည် click
- မိုးကောင်းဘုရားပွဲတော်ကြီး (၁၁၈) ကြိမ်မြောက် ကျင်းပ click
- ‘မိုးညအိပ်မက်မြူ’ အကယ်ဒမီရနိုင်ဟု ခန့်မှန်းနေ click
- ၂၀၁၁ မှာ သူတို့ ဘာတွေလုပ်ကြမလဲ (အထူးကဏ္ဍ) click
- မြို့တော်ဝန် သနားမှ ချမ်းသာရမည့် ဈေးသူဈေးသားများ (ဆောင်းပါး) click
- လှပစွာ သဘောထားကွဲကြပါစို့ (အောက်မေ့ဖွယ်) click
- လွှတ်တော်နှစ်မျိုးနှင့် ၂၀၁၁ မြန်မာနိုင်ငံ (ဆောင်းပါး) click
- 7 DAY ရဲ့ စုံစီနဖာ (မဂ္ဂဇင်း၊ ဂျာနယ်အညွှန်း) click
- နိုင်ငံတကာ ဓာတုဗေဒပညာနှစ် (၂၀၁၁) click
- အော်ရီဂွန်လူငယ်များနှင့် ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများ AIDS လူနာများ ကူညီရန် ဈေးရောင်းမည် click
- နှစ်သစ်လက်ဆောင်မွန် (ပေးစာ) click
- မင်္ဂလာနှစ်သစ်ပါ click
- မုန်တိုင်းကျတဲ့ လမိုက်ရက်များစွာ (၀တ္ထုတို) click
- အကြမ်းဖက် တိုက်ခိုက်မယ့် မသင်္ကာဖွယ် လူ (၅) ယောက်ကို ဖမ်းမိ click
- ထိုင်းလွှတ်တော်အမတ် တယောက်နဲ့ အခြား (၆) ဦးကို ကမ္ဘောဒီးယား ဖမ်းဆီး click
- ဒီမိုကရက်အမတ် ပန်နစ် ကမ္ဗောဒီးယားတွင် အဖမ်းခံရ click
- အဖမ်းခံရတဲ့ ဒီမိုကရက်အမတ် နောက်ဆက်တွဲသတင်း click

Saturday, December 25, 2010

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

Thursday, July 29, 2010

ပိုင်လိုက်ပုံ

ပိုင်လိုက်ပုံ
ဂျင်ဂလိ

မြန်မာပြည်ကို မွဲဆေးဖော်ပေးနေဆဲဖြစ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ်မှူးကြီးလို့ မရှိတဲ့ အပွင့်တွေ ရှာတပ် ထားတဲ့၊ သင်္ချိုင်းကို ခြေတဘက်လှမ်းနေပေမယ့် အာဏာရူးပြီး ပင်စင်မယူသေးတဲ့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်အပေါ် မီးသေပုံကို ဂျင်ဂလိ ဖောက်သည်ချချင်မိပြန်ပါတယ်။ ဒီနည်းကို တခြားစစ်အာဏာရှင် တွေ ကြားရင် ဗိုလ်သန်းရွှေထံ တပည့်လာခံလောက်တယ်ခင်ဗျ။ ဗိုလ်သန်းရွှေတို့ ပိုင်လိုက်ပုံက ဒီလိုပါ။

ဘုရင်ရူးရူးနေတဲ့ ဗိုလ်သန်းရွှေတယောက် သူ့ရာဇပလ္လင်ကို လုဖို့ကြိုးစားတဲ့ ပြည့်သူချဉ်ဖတ် ထောက်လှမ်းရေး မှူးလေး ဗိုလ်ခင်ညွန့်ကို အမျက်တော်ရှပြီး ရာထူးက ဖယ်ရှားလိုက်စဉ် အချိန်ကဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ကန်မထုတ်ခင် နှစ်ပတ်လောက်ကတည်းက အိန္ဒိယမှာ ကျင်းပမယ့် တောင်အာရှညီလာခံကို ဗိုလ်သန်းရွှေ တက်ရောက်မယ့်အကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်နေတယ်။ အဲဒီလို အနေအထားမှာ ဗိုလ်ခင်ညွန့်ကို ဖယ် ရှားလိုက်တာဖြစ်တော့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်ကြီးကို စိတ်ချလက်ချထားခဲ့ပြီး အိန္ဒိယကို လာ နိုင်ပါ့တော့မလားလို့ ပူသူတွေက ပူကြတာပေါ့။

ဗိုလ်ခင်ညွန့်ကို ဖယ်ရှားတဲ့ သတင်းကြေညာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဂျင်ဂလိကလည်း အိန္ဒိယကို ဗုဒ္ဓဂ ယာ ဘုရားဖူးအနေနဲ့ ရောက်နေတယ်။ သံဝေဇနိယလေးဌာနကို လှည့်လည်ဖူးမျှော်ရင်း နောက်ဆုံးဌာနဖြစ် တဲ့ ကုဿိနာရုံအရောက်မှာ ဗိုလ်ခင်ညွန့်ရဲ့ သံဝေဂယူဖွယ် သတင်းထူးကြီးကို ကြားလိုက်ရတယ် ဆိုပါတော့။ ကျွတ် ကျွတ် ကျွတ်ကလွဲ ... ဂျင်ဂလိတို့ ဘာများတတ်နိုင်ဦးမှာလဲပေါ့။

ဒါပေမယ့် ဗိုလ်သန်းရွှေကတော့ ကြေညာထားတဲ့အတိုင်း အိန္ဒိယကို လာမယ်လို့ သိရတယ်ခင်ဗျ။ ဗိုလ်သန်း ရွှေတယောက် စစ်တပ်ကို တယ်ပိုင်ပါ့လားလို့ ဂျင်ဂလိတို့ တွေးမိကြတာပေါ့။ အိန္ဒိယကိုလာရင်း ဗုဒ္ဓဂယာကို လည်း ဘုရာဖူးလာဦးမှာမို့ ရောက်တဲ့နေရာတိုင်းက ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေးအတွက် ရှေ့တော်ပြေး တွေ ကြိုရောက်နေပြီး ရှင်းလင်းနေတာ တွေ့ရတယ်။ အဆိုတော် ချစ်ကောင်းဆိုသလို ဆိုပြရရင်တော့ ‘သူ့ကျ တော့ … သိပ် ကြောက်တယ် …’ ပေါ့နော်။

ဒါပေမယ့် ဗိုလ်သန်းရွှေတယောက် စစ်တပ်ကို ဘယ်လိုပိုင်တယ်ဆိုတာ ဂျင်ဂလိတို့ ပြန်ခါနီး ဂယာကို ဒုတိယ အခေါက် ပြန်ဝင်မှ သိရတော့တယ်။ နဂိုစီစဉ်ထားတာထက် နောက်တော်ပါတွေ အများကြီး ပိုပါလာမှာမို့ ဘုန်း ကြီးကျောင်းမှာ နေရာတွေ ထပ်စီစဉ်နေရတယ်လို့ ဦးပဉ္စင်းတပါးက ပြောပြတယ်။ “ဘာဖြစ်လို့ အဲသလောက် အများကြီး ထပ်ခေါ်လာမှာလဲ ဘုရား” လို့ ဦးပဉ္စင်းကို ဂျင်ဂလိ ထပ်လျှောက်ကြည့်တော့မှ အဖြေက ပေါ်တော့ တာဗျို့။

ဦးပဉ္စင်းပြောပြတာက “ဒီလို ဒကာကြီးရေ ... သူ ဒီကိုလာနေတုန်း အာဏာသိမ်းမှာကို စိုးရိမ်လို့ မြန်မာပြည်မှာ ကျန်ခဲ့မယ့် မောင်အေးတို့၊ ရွှေမန်းတို့လို အရေးကြီးတဲ့ စစ်ဗိုလ်တွေရဲ့ မိန်းမတွေ၊ သားသမီးတွေကို ဘုရားဖူး အနေနဲ့ ခေါ်လာမယ်လို့ ဦးပဉ္စင်း ကြားတာပဲ” တဲ့။ အဲဒီတော့မှပဲ ဗိုလ်သန်းရွှေရဲ့ ရွှေဉာဏ်တော် စူးရောက်ပုံကို သိရတော့တယ်။ ဓားစာခံတွေ ခေါ်လာတဲ့နည်းနဲ့ စစ်တပ်ကို သူပိုင်ကြောင်း ပြမှာကိုး။ ဗိုလ်ချုပ်မှူးကြီး ပီသပါ ပေ့နော်။ အင်း ... အဲဒီနည်းကို မြောက်ကိုရီးယားက အာဏာရှင် ကင်ဂျုံအီး ကြားသွားမှဖြင့် ဗုဒ္ဓဂယာကို ကောက်ကာငင်ကာ ဘုရားဖူးရောက်လာလေဦးမလားလို့ ဂျင်ဂလိ တွေးနေမိတော့တယ်။

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

Thursday, July 29, 2010

ပိုင်လိုက်ပုံ

ပိုင်လိုက်ပုံ
ဂျင်ဂလိ

မြန်မာပြည်ကို မွဲဆေးဖော်ပေးနေဆဲဖြစ်တဲ့၊ ကိုယ့်ကိုယ်ကိုယ် ဗိုလ်ချုပ်မှူးကြီးလို့ မရှိတဲ့ အပွင့်တွေ ရှာတပ် ထားတဲ့၊ သင်္ချိုင်းကို ခြေတဘက်လှမ်းနေပေမယ့် အာဏာရူးပြီး ပင်စင်မယူသေးတဲ့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်အပေါ် မီးသေပုံကို ဂျင်ဂလိ ဖောက်သည်ချချင်မိပြန်ပါတယ်။ ဒီနည်းကို တခြားစစ်အာဏာရှင် တွေ ကြားရင် ဗိုလ်သန်းရွှေထံ တပည့်လာခံလောက်တယ်ခင်ဗျ။ ဗိုလ်သန်းရွှေတို့ ပိုင်လိုက်ပုံက ဒီလိုပါ။

ဘုရင်ရူးရူးနေတဲ့ ဗိုလ်သန်းရွှေတယောက် သူ့ရာဇပလ္လင်ကို လုဖို့ကြိုးစားတဲ့ ပြည့်သူချဉ်ဖတ် ထောက်လှမ်းရေး မှူးလေး ဗိုလ်ခင်ညွန့်ကို အမျက်တော်ရှပြီး ရာထူးက ဖယ်ရှားလိုက်စဉ် အချိန်ကဖြစ်ပါတယ်။ ဗိုလ်ခင်ညွန့်ကို ကန်မထုတ်ခင် နှစ်ပတ်လောက်ကတည်းက အိန္ဒိယမှာ ကျင်းပမယ့် တောင်အာရှညီလာခံကို ဗိုလ်သန်းရွှေ တက်ရောက်မယ့်အကြောင်း သတင်းထုတ်ပြန်ပြီး ဖြစ်နေတယ်။ အဲဒီလို အနေအထားမှာ ဗိုလ်ခင်ညွန့်ကို ဖယ် ရှားလိုက်တာဖြစ်တော့ ဗိုလ်သန်းရွှေတယောက် မြန်မာစစ်တပ်ကြီးကို စိတ်ချလက်ချထားခဲ့ပြီး အိန္ဒိယကို လာ နိုင်ပါ့တော့မလားလို့ ပူသူတွေက ပူကြတာပေါ့။

ဗိုလ်ခင်ညွန့်ကို ဖယ်ရှားတဲ့ သတင်းကြေညာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ဂျင်ဂလိကလည်း အိန္ဒိယကို ဗုဒ္ဓဂ ယာ ဘုရားဖူးအနေနဲ့ ရောက်နေတယ်။ သံဝေဇနိယလေးဌာနကို လှည့်လည်ဖူးမျှော်ရင်း နောက်ဆုံးဌာနဖြစ် တဲ့ ကုဿိနာရုံအရောက်မှာ ဗိုလ်ခင်ညွန့်ရဲ့ သံဝေဂယူဖွယ် သတင်းထူးကြီးကို ကြားလိုက်ရတယ် ဆိုပါတော့။ ကျွတ် ကျွတ် ကျွတ်ကလွဲ ... ဂျင်ဂလိတို့ ဘာများတတ်နိုင်ဦးမှာလဲပေါ့။

ဒါပေမယ့် ဗိုလ်သန်းရွှေကတော့ ကြေညာထားတဲ့အတိုင်း အိန္ဒိယကို လာမယ်လို့ သိရတယ်ခင်ဗျ။ ဗိုလ်သန်း ရွှေတယောက် စစ်တပ်ကို တယ်ပိုင်ပါ့လားလို့ ဂျင်ဂလိတို့ တွေးမိကြတာပေါ့။ အိန္ဒိယကိုလာရင်း ဗုဒ္ဓဂယာကို လည်း ဘုရာဖူးလာဦးမှာမို့ ရောက်တဲ့နေရာတိုင်းက ဘုန်းကြီးကျောင်းတွေမှာ လုံခြုံရေးအတွက် ရှေ့တော်ပြေး တွေ ကြိုရောက်နေပြီး ရှင်းလင်းနေတာ တွေ့ရတယ်။ အဆိုတော် ချစ်ကောင်းဆိုသလို ဆိုပြရရင်တော့ ‘သူ့ကျ တော့ … သိပ် ကြောက်တယ် …’ ပေါ့နော်။

ဒါပေမယ့် ဗိုလ်သန်းရွှေတယောက် စစ်တပ်ကို ဘယ်လိုပိုင်တယ်ဆိုတာ ဂျင်ဂလိတို့ ပြန်ခါနီး ဂယာကို ဒုတိယ အခေါက် ပြန်ဝင်မှ သိရတော့တယ်။ နဂိုစီစဉ်ထားတာထက် နောက်တော်ပါတွေ အများကြီး ပိုပါလာမှာမို့ ဘုန်း ကြီးကျောင်းမှာ နေရာတွေ ထပ်စီစဉ်နေရတယ်လို့ ဦးပဉ္စင်းတပါးက ပြောပြတယ်။ “ဘာဖြစ်လို့ အဲသလောက် အများကြီး ထပ်ခေါ်လာမှာလဲ ဘုရား” လို့ ဦးပဉ္စင်းကို ဂျင်ဂလိ ထပ်လျှောက်ကြည့်တော့မှ အဖြေက ပေါ်တော့ တာဗျို့။

ဦးပဉ္စင်းပြောပြတာက “ဒီလို ဒကာကြီးရေ ... သူ ဒီကိုလာနေတုန်း အာဏာသိမ်းမှာကို စိုးရိမ်လို့ မြန်မာပြည်မှာ ကျန်ခဲ့မယ့် မောင်အေးတို့၊ ရွှေမန်းတို့လို အရေးကြီးတဲ့ စစ်ဗိုလ်တွေရဲ့ မိန်းမတွေ၊ သားသမီးတွေကို ဘုရားဖူး အနေနဲ့ ခေါ်လာမယ်လို့ ဦးပဉ္စင်း ကြားတာပဲ” တဲ့။ အဲဒီတော့မှပဲ ဗိုလ်သန်းရွှေရဲ့ ရွှေဉာဏ်တော် စူးရောက်ပုံကို သိရတော့တယ်။ ဓားစာခံတွေ ခေါ်လာတဲ့နည်းနဲ့ စစ်တပ်ကို သူပိုင်ကြောင်း ပြမှာကိုး။ ဗိုလ်ချုပ်မှူးကြီး ပီသပါ ပေ့နော်။ အင်း ... အဲဒီနည်းကို မြောက်ကိုရီးယားက အာဏာရှင် ကင်ဂျုံအီး ကြားသွားမှဖြင့် ဗုဒ္ဓဂယာကို ကောက်ကာငင်ကာ ဘုရားဖူးရောက်လာလေဦးမလားလို့ ဂျင်ဂလိ တွေးနေမိတော့တယ်။

“အချစ်ကောင်”




၉၉.၉၉ ရာခိုင်နှုန်း
(အဲ့ဒါ)
မင်းအတွက် ပေးထားခဲ့တာ
အပေးမယူ မရှိပေမယ့်
ကျစရာမျက်ရည်စတွေ
ကျန်နေသေးတယ်။

မျှော်လင့်ချက် လှေကြီးမှာ
ငါကိုယ်တိုင် မာလိန်မှူးလုပ်
ငါကိုယ်တိုင် ထိုးသားကြီးလုပ်နေတာ
ပန်းတိုင်ဆီရောက်ဖို့ပဲ မဟုတ်ဖူးလား။

ဒါတွေထားပါလေ
မင်းမသိချင်ဟန်ဆောင် တာလား
မင်းမသိချင်ဟန်ဆောင် မှာလား
တစတစ အရည်ပျော်ကျရတော့မယ့်
မျက်ရည်ထုတွေ
ဟော့ဒီ နှလုံးသားအောက်ခြေမှာ
ဒုနဲ့ဒေး ရှိလို့နေသေး။

ချစ်သူရေ
မျဉ်းပြိုင်နှစ်ကြောင်းရဲ့ မဆုံမှတ်လို
စကားလုံးတွေ အံ့ချော်နေတုန်းမို့
ငါကိုယ်တိုင်တောင် မယုံနိုင်ခြင်းကြီးစွာ
ခေါင်းငိုက်စိုက်ကျ သက်ပြင်းချ
မျက်ရည်မိုးတွေ ဖြိုင်ဖြိုင်ရွာကျနေပေမယ့်
ငါ့ကိုက
အချစ်ကောင်ကြီး ဖြစ်နေလေတာကိုး။

Saturday, December 25, 2010

ဟိုးဝေးဝေးက ခရစ္စမတ်

ဟိုးဝေးဝေးက ခရစ္စမတ်
ခင်ရင်မောင်

ဟိုးဝေးဝေးက ထိုးလိုက်တဲ့
ဘုရားကျောင်းက ခေါင်းလောင်းသံသဲ့သဲ့ကို
ရင်ထဲက နားနဲ့ ကြားတယ်။

အမေ ...
ကျနော်တို့ကို မျှော်နေရော့မယ်။

ငယ်ငယ်တုန်းက
ခရစ္စမတ်ဆိုရင်
ကျနော်တို့က အမေ့ကို အမြဲမျှော်
လက်ဆောင်တွေတပွေ့နဲ့ အမေပြန်လာရင်
ပျော်လိုက်တဲ့ဖြစ်ခြင်း ...။

ခု
ဒီနှစ်ခရစ္စမတ်မှာ
အမေအိုဟာ တံခါးကို ဖွင့်ရင်း
ကျနော်တို့ကို မျှော်နေရှာပြီ။

မိသားစုချင်း
ချစ်သူချင်း ခွဲပစ်တဲ့ ခေတ်ယုတ်ကြီး။
သေကွဲရှင်ကွဲတွေ ပိုမိုများပြားလာတဲ့ လောကဓံတရားများ။

“ငါတို့ကတော့
သေမှပဲ ခွဲမယ်ဟေ့” လို့
အမေက မကြာခဏ ပြောခဲ့ဖူးတာ။

အမေစိုက်ခဲ့တဲ့ သစ်ပင်လေး
လေနှင်ရာ ဝေးပြီးရင်း ဝေးသွားတာလည်း
မတားနိုင်ခဲ့ပါလား အမေရယ်။

ဒီဇင်ဘာ (၁) ရက်
နှင်းစက်လေးတစက်
ကမ္ဘာပေါ် ပထမဦးဆုံး ကျလာသလို
သမီးလေး
ကျနော်တို့ဘ၀ထဲကို ရောက်လာခဲ့တယ်။

အမေ့မြေးလေးကို အမေ မြင်ချင်ရှာမှာ ...

ထောင်အုတ်ရိုးသံတံခါးတွေကို ချိုးဖောက်
ခရစ္စမတ်တိုင်းရောက်လာတတ်တဲ့ 
ပါဆယ်ထုပ်ထဲက မေတ္တာတရားတွေကို
ခုဆို
ကျနော် ပိုလို့နားလည်တတ်ခဲ့ပါပြီ။

ဟိုး ... ဝေးဝေးက ထိုးလိုက်တဲ့
ဘုရားကျောင်းက ခေါင်းလောင်းသံသဲ့သဲ့နဲ့ ရောထွေးလို့
မိခင်တဦးရဲ့ သားချော့တေးသံ
ကျနော့်ရင်ထဲက နားနဲ့ ကြားနေရပြန်တယ်။

ငြိမ်းချမ်းခြင်းနဲ့ မေတ္တာတရား
ဖွားမြင်ရာ ဒီညမှာ
မိခင်တဦးရဲ့ ရင်တွင်းသောကဟာ
လှိုင်းထလို့နေတော့တယ်။

Friday, December 24, 2010

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

Saturday, December 25, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၄-၁၂-၂၀၁၀)

- စစ်တွေတွင် ရုတ်တရက် သေဆုံးသူ နိုင်ငံခြားသားရုပ်အလောင်း ရန်ကုန်သို့ ပို့ဆောင် click
- ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရ click
- ထိုင်းနယ်စပ်အနီး တိုက်ပွဲတွေ ဆက်ဖြစ် click
- DKBA နဲ့ နအဖတပ် တိုက်ပွဲဆက်ဖြစ် click
- ဒီကနေ့ ဖလူးဒေသက တိုက်ပွဲ (၇) နာရီခန့် အချိန်ကြာခဲ့ click
- ကုလအနုမြူအေဂျင်စီ မြန်မာပြည်ကို သွားရောက်စစ်ဆေးလို click
- မြန်မာ့အထူးစီးပွားရေးဇုံ click
- မြူနီစပယ်အရာရှိ အရိုက်ခံရ၍ စစ်တွေတွင် ဆိုက္ကားများ ဖမ်းဆီးခံရ click
- ရဲက ခွင့်ပြုသည့် ဆိုင်ကယ်တက္ကစီကိစ္စကို ဗိုလ်ချုပ်မှူးကြီးထံ တိုင်ကြား click
- AIDS ဝေဒနာရှင်တွေ ရှေ့ရေး ဆွေးနွေး click
- ကျန်းမာရေးဝန်ကြီးဌာန NLD ကို ကူညီမည် click
- ရုရှားသံအမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ click
- ‘လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်’ အပတ်စဉ် အမေးအဖြေ အစီအစဉ် click
- ပင်လုံစိတ်ဓာတ်အကြောင်း NLD ဟောပြော (ရုပ်သံ) click
- လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေး အဖွဲ့ချုပ် ဆွေးနွေး click
- ကြံ့ခိုင်ရေးပါတီက နှစ်ရက်ကြာ တံခါးပိတ် စည်းဝေး click
- ILO အရာရှိနဲ့ တွေ့ဆုံအပြီး လယ်သမားတွေ အခြေအနေ ပိုဆိုးဝါး click
- နေပြည်တော်မှာ မြေကွက်အသိမ်းခံရ click
- မူးယစ်ဆေးရောင်းသူများကို ရဲ မဖမ်း click
- ပြည်တွင်းမှာ ဒေါ်လာဈေးကျ click
- စီးပွားရေးသတင်း click
- မစ်ရှီဂန်မှပေးသောစာ (၄၅) (အသံလွှင့်ဆောင်းပါး) click
- Dateline Irrawaddy (ရုပ်သံ) click
- ခရစ်ယာန်မဟုတ်သူများရဲ့ခရစ္စမတ်၊ ထရေးဒါးဟိုတယ်မှ ခရစ္စမတ်မော်ဒယ်များ (သတင်းဆောင်းပါး) click
- ခရစ်တော်ဖွားမြင်ရာ လူသောင်းချီ စုရုံး click
- နှစ်သစ်ကူးကာလအတွင်း လက်ဆောင်မယူရန် တရုတ်အစိုးရက ကျောင်းများသို့ ညွှန်ကြား click
- ဘက်ဘိုကို ဖယ်ရှားဖို့ အာဖရိကအဖွဲ့ ပြော click
- ဘင်္ဂလားဒေ့ရှ်စက်ရုံ ပေါက်ကွဲ၊ (၆) ဦး သေ click
- နျူကလီးယားလက်နက် ထိန်းချုပ်ရေး ရုရှားအောက်လွှတ်တော် အတည်ပြု click

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

မြန်မာ့သမိုင်း

From Myanmar Online Encyclopedia

မြန်မာ့သမိုင်းကိုရေးမည်ဆိုလျှင် မနုဿအကြိုသမိုင်းကိုရေးရန်ပင် အတော်ပင်ခက်ခဲမည့်သဘောမှာရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ ဟုဆိုလျှင် ဗမာတစ်မျိုးတည်း မဟုတ်သည့်အပြင် တိဗက်တို-မြန်မာ အုပ်စုဝင်အနွယ်များသာမက မွန်ခမာအုပ်စုများ၊နှင့် အခြားသော လူမျိုးများ၏ အရေးကိုလည်း လျစ်လျူရှုသည် မရှိရလေအောင် ရေးသားနိုင်ပါမှသာ ပြည့်စုံသည့် မြန်မာ့သမိုင်းကို ရေးသားသည်ဟု သတ်မှတ်နိုင်ပေမည်။ အဓိက အုပ်စုကြီးအဖြစ် တိဗက်တို-မြန်မာ အုပ်စုဝင်များကို ဦးစားပေးလျက် အခြားအုပ်စု များကို လေ့လာရှာဖွေပြီး လစ်ဟင်းသည် မရှိစေရန် ရေးမည်ဆိုလျှင် အတော်ပင် ကျယ်ပြန့်လွန်းအားကြီးသကဲ့သို့ အတော်လည်း ၀န်ကြီးလွန်းသည် ဖြစ်မည်အမှန်ပင်။

Contents

[hide]

[ပြင်ဆင်ရန်​] ရှေးဟောင်းမြန်မာလူမျိုးများ

အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုးများသည် အရှေ့တိဗက် ဘာသာဝေါဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ်သည် ဟု အတည်ပြုထားကြသည်။ တရုတ်မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက်ကုန်းမြင့်ဒေသ တ၀ိုက်သို့ ပြောင်းသွားကြသည်။

တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်နယ်သို့ ပြောင်းကြသည်။ ထိုအချိန်တွင် ယူနန်နယ်တွင် အင်အားကြီးမား လာသည့် ထိုင်းရှမ်းများသည် ပြည်နယ်ကြီး ၆ ခုကို နန်ချိုနိုင်ငံ အဖြစ် ပထမဆုံးသိမ်းသွင်းနေသည့် ကာလဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ်တွင် နန်ချိုထိုင်း ရှမ်းများနှင့် နှစ်အတန်ကြာ နေထိုင် လာခဲ့ကြသည်ဟု ယူဆရသည်။ တရုတ်ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏မှတ်တမ်း၌ ငှင်းတို့၏ အကြီးအကဲအား မင်းဟု ခေါ်ဝေါ်ကြောင်း ထိုင်းရှမ်းများက စောမင်းဟု ခေါ်ဝေါ်ကြောင်း ရေးသားထားသည် ယင်းသို့ နန်ချို ထိုင်းရှမ်းများ၏ လက်အောက်တွင် နေထိုင်ရာမှ ထိုင်းရှမ်းတို့ ၏ ဖိနှိပ်မှုအား မခံနိုင်သဖြင့် မြန်မာနိုင်ငံ တွင်းသို့ဝင်ရောက်လာကြသည်။ မြန်မာနိုင်ငံသမိုင်းနှင့် ပတ်သက်၍ အကြားအမြင်များသည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦးစွာ ကျောက်ဆည်နယ် သို့ဝင် ရောက်လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ပြန့် နှံ့သွားသည် ဟုဆိုသည်။ မြန်မာတို့ ရာစုနှစ် အနည်းငယ်အတွင်း အခြေစိုက်နိုင်ခြင်းမှာ မြန်မာတို့၏ အစွန်းအစအပြင် ထိုအချိန် ကာလတွင် နန်ချို ထိုင်းရှမ်းတို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက်နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းရုံသာ မက ကုန်ထုတ်လုပ်ငန်းများပါ ပျက်ပြားပြီး ရပ်တည်ရာမရ ကစင့်ကလျား ဖြစ်နေသည့် ပျူလူမျိုးများနှင့် ရောထွေးနေ ထိုင်ရာမှ ရာစုနှစ် အနည်းငယ်ခန့်အတွင်း ပျူလူမျိုးများနှင့် သွေးရောနှောသွားကြပြီး လူမျိုးကြီးနှစ်မျိုး ပေါင်းစပ်လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည်ဖြင့် အစစအရာရာ တိုးတက်ဖွံ့ဖြိုး လာပြီး ကိုးရာစုနှင့် ဆယ်ရာစုခန့်လောက်တွင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသအား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည်နှင့် ပုဂံမင်းဆက်ကို စတင် တည်ထောင်လေသည်။

[ပြင်ဆင်ရန်​] ပျူခေတ်

နောက်ဆုံးတွေ့ရှိဖော်ထုတ်ထားသည့် မြန်မာ့ သမိုင်းမှတ်တမ်းများအရ မြန်မာနိုင်ငံ အတွင်းသို့ ရှေးဦးစွာဝင်ရောက်လာခဲ့သည့် လူမျိုးများမှာ မြောက်ဖက်တွင် တိုဘက်တို-မြန်မာအနွယ်ဝင်များဖြစ်ကြသည့် ပျူ၊ သက်၊ ကမ်းယံ နှင့်တောင်ဖက်တွင် မလေးအနွယ်ဝင်များနှင့် ယှဉ်ပြိုင်အနိုင်ရသွားသည့် မွန်တို့ဖြစ်သည်။ ထို့အပြင် အရှေ့ဖက်ဒေသများတွင်လည်း တိဘက်-တရုတ်အနွယ်ဖြစ်သည့် ရှမ်းလူမျိုးလည်း အနည်းငယ် ရှိနေကြပြီးဖြစ်သည်။ ထိုလူမျိုးများအနက် ပျူလူမျိုးမှာယနေ့မြန်မာနိုင်ငံ အလယ်ပိုင်းဧရာဝတီမြစ်ဝှမ်းတစ်လျောက်တွင် မြို့ရွာများ တည်ထောင်ကာနေထိုင်ကြသည်။ ၄ရာစုနှင့် ၅ရာစုများတွင် ပျူတို့ အထွတ်အထိပ်ရောက်၍ မွန်တို့ကို လွမ်းမိုးကာ ပျူမြို့ပြနိုင်ငံများဖြစ်သည့် ဗိဿနိုး၊ဟန်လင်း နှင့် သရေခေတ္တရာတို့မှာ အရှေ့တောင်အာရှ၏ ကုန်သွယ်ရေးလမ်းကြောင်းတွင် ထင်ရှားခဲ့သည်။ ထိုကုန်သွယ်ရေးလမ်းကြောင်းမှာ အရှေ့ဖက်ခမာနိုင်ငံမှ အနောက်ဖက် ရခိုင်ကမ်းရိုးတန်းအထိဖြစ်သည်။ ၉ရာစုအစောပိုင်းတွင် စည်းလုံးမှုနည်းသည့် ပျူတို့ကို မြောက်ပိုင်းမှ အင်အားကြီး နန်ကျောက်တို့က ၀င်ရောက်တိုက်ခိုက်ဖျက်စီးသဖြင့် ပျူတို့ပျက်ဆီးရသည်။ ထိုခေတ်တွင် အကြမ်းအားဖြင့် ပျူတို့က ဧရာဝတီမြစ်အနောက်ဖက်ခြမ်း နှင့် မွန်တို့က ဧရာဝတီမြစ်အရှေ့ဖက်ခြမ်းတွင် နေထိုင်ကြသည် သတ်မှတ်နိုင်သည်။ အချို့သော သမိုင်းပညာရှင်များက ထိုပျူခေတ်ကို ပထမပြည်ထောင်စု ဟုလည်း သတ်မှတ်ကြပါသည်။

[ပြင်ဆင်ရန်​] ပုဂံခေတ်

မြန်မာနိုင်ငံနယ်နိမိတ်ထဲသို့ နောက်ဆုံးမှ ၀င်ရောက်လာသည့် ဗမာတို့သည် ယနေ့ရှမ်းပြည်နယ်ကိုဖြတ်ကျော်ကာ ကျောက်ဆည်နယ်သို့ တစစထိုးဖောက်လာပြီးနောက် ဆန်စပါးစိုက်ပျိုးရန် သင့်တော်သည်ဟု ယူဆသောထိုဒေသတွင် ကျောက်ဆည်ဆယ့်တစ်ခရိုင်ကိုတည်ထောင်ကာ အခြေချနေထိုင်ကြသည်။ထိုသို့ရောက်ရှိလာခဲ့ပြီးနောက် စာပေအက္ခရာ တွင် ဒေသခံမွန်တို့ကို ဆရာတင်ခဲ့ကြသည်။ယဉ်ကျေးမှုနှင့် အယူဝါဒတွင် ပျူတို့ကို ဆရာတင်ခဲ့ကြသည်။ နှစ်ကာလကြာရှည်လာပြီး လူဦးရေထူထပ်လာသောအခါ နယ်ပယ်များဆက်လက်ချဲ့ထွင်ကြသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ကောင်းစွာအုပ်စီးမိတော့သည်။ အစောပိုင်းဗမာတို့သည် အကြီးအကဲဖြစ်သူကို မိမိတို့ ဘာသာစကားဖြင့်`မင်း´နှင့် ရှမ်းတို့ခေါ်သကဲ့သို့ `စော´(စ၀်)ကိုပေါင်းကာ `မင်းစော´ဟုခေါ်ကြသည်။ အချိန်ကြသည်နှင့်အမျှ ထိုမင်းများထဲတွင် အစွမ်းအစကောင်းသူများ ပေါ်ထွန်းလာသဖြင့် ထိုအကြီးအကဲကို `မင်းကြီး´ဟုခေါ်ကြသည်။ ထိုသို့မင်းများထဲတွင်မှ ကျယ်ပြန့်လှသော နယ်ပယ်ကို အုပ်ချုပ်ရလွယ်ကူစေရန် ဆက်သွယ်ရေးအချက်အချာကျသည့် ပုဂံမှ ပုဂံမင်းကြီးသည် `မင်းစော´ အပေါင်းတို့၏ အကြီးအကဲအဖြစ်သို့ ရောက်ရှိလာသည်။ `မူလက ပုဂံကို ရွာ၁၉ရွာဖြင့် စတင်ဖွဲ့စည်းသည်´ ဟူသော အဆိုက ဤအချက်ကို အတည်ပြုနေသကဲ့သို့ရှိသည်။ အနော်ရထာမင်း လက်ထက်တွင် ပုဂံ၏ အင်အားအထွတ်အထိပ်ရောက်ကာ ရာမည(ရှေးမွန်=`ရာမည်´)မှ သထုံကို အနိုင်ရပြီး ယနေ့ မြန်မာနိုင်ငံနီးနီးမျှ ကျယ်ပြန့်သည့် နယ်ပယ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုမှဆင်းသက်သည့် ကျန်စစ်သား၊အလောင်းစည်သူ အစရှိသည့် ပုဂံမင်းများသည်လည်း သြဇာကြီးသူများဖြစ်သည့်အတွက် တိုင်းပြည်ကို ကောင်းစွာစုစည်းထားနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းမင်းများသည် အရည်အသွေးညံ့ဖျင်းလာကြပြီး ပုဂံ၏သြဇာမှ သိသာစွာ ကျဆင်းလာရသည်။ နောက်ဆုံးတွင် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီး၍ ပုဂံမင်းဆက်လည်း ကျဆင်းရလေသည်။ မွန်ဂိုတို့ တပ်ဆုတ်ပြန်ပြီးနောက်တွင် နန်းတက်ကြသည့် ကျစွာ၊စောနစ် နှင့် စောမွန်နစ်တို့ လက်ထက်များတွင် ပုဂံမင်းဆိုသည်မှာ အမည်ခံမျှသာဖြစ်၍ အမှန်တကယ် သြဇာအာဏာမှာ ရှမ်းညီနောင် သုံးဦးလက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

[ပြင်ဆင်ရန်​] အင်းဝခေတ်

ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် အစုစုကွဲပြားနေသည့် မြန်မာနိုင်ငံအထက်ပိုင်းဒေသကို စုစည်းသိမ်းသွင်းကာ အုပ်ချုပ်သည့် မင်းတစ်ပါးပေါ်ထွန်းလာသည်။ ထိုသူမှာ ရှမ်းညီနောင်သုံးဦးမှဆင်းသက်လာသည့် အင်းဝမြို့တည်သတိုးမင်းဖျား ဆိုသူဖြစ်သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည် ။သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိ တို့လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။

[ပြင်ဆင်ရန်​] တောင်ငူ-ဟံသာဝတီခေတ်

တောင်ငူ-ဟံသာဝတီခေတ်သည် မြန်မာတို့၏ အထွတ်အထိပ်ရောက်သည့် ကာလများအနက်မှ တစ်ခုဖြစ်သည်။ပုဂံပျက်သုဉ်းပြီးချိန်မှ စကာ အင်းဝကိုဗဟိုပြုနေသည့် ဗမာတို့အတွက် အောက်ပြည်အရပ်မှ မွန်တို့၏ရန်စစ်၊မြောက်ဖက်မှ တစ်စတစ်စအင်အားကြီးလာသည့် ရှမ်းစော်ဘွားတို့၏ရန်စစ်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံး တစ်နယ်တစ်မင်း အုပ်ချုပ်နေသည်အထိ ပျက်စီးနေချိန်တွင် အင်းဝလက်အောက်ခံ ကေတုမတီတောင်ငူမှ မင်းကြီးညို၊သားတော် တပင်ရွှေထီး နှင့် ယောက်ဖဖြစ်သူ ဘုရင့်နောင်တို့ ကအသီးသီး အစဉ်မပျက် နိုင်ငံကိုချဲ့ထွင်ကြရာ မင်းကြီးညိုလက်ထက်တွင် အတန်အတင့် အင်အားကောင်းမွန်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း၊သားဖြစ်သူ တပင်ရွှေထီးလက်ထက်တွင် အောက်ပြည်ရှိ မွန်တို့၏ပိုင်နက် နှင့် ဘုရင့်နောင်လက်ထက်တွင် ယနေ့မြန်မာနိုင်ငံ နယ်နိမိတ်အပြင်သို့ကျော်ကာ အနောက်ဖက်တွင် မဏိပူရ မှ အရှေ့ဖက် ထိုင်းနိုင်ငံ အယုဒ္ဒယ အထိ၊မြောက်ဖက်တွင် ကချင်ပြည်နယ်မှ တောင်ဖက်ကော့သောင် အထိ ကျယ်ပြန့်လာခဲ့သည်။နောက် ကမ္ဘောဇသာဒီ နန်းတော် ကိုလည်းတည်ခဲ့သည်။သို့သော် အမြော်အမြင်ကြီးမားသည့် ဘုရင့်နောင်သည် သားတော်နန္ဒဘုရင်လက်ထက်တွင် မိမိတည်ထောင်သည့် နိုင်ငံကြီးအလွယ်တကူပြိုပျက်သွားမည့်အရေးကိုမူ ကြိုသိမသွားခဲ့နိုင်ပေ။နန္ဒဘုရင်လက်ထက်တွင် လက်အောက်ခံ နယ်စားပယ်စားများ အသီးသီးပုန်ကန်ကြပြီး နောက်ဆုံးတွင် ရခိုင်ဘုရင် မင်းဗာကြီး နှင့်တောင်ငူဘုရင်ခံ မင်းရဲသီဟသူတို့၏တိုက်ခိုက်မှုကြောင့် ကမ္ဘောဇသာဒီနန်းတော်ကြီးဖျက်ဆီးခံရပြီး နန္ဒဘုရင်လည်းနန်းကျကာ တောင်ငူသို့ သုံပန်းအဖြစ်သို့ပါပြီးနောက်ပိုင်းတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

[ပြင်ဆင်ရန်​] ညောင်ရမ်းခေတ်

ဘုရင့်နောင်၏ မထင်မရှားသားတော်တစ်ပါးဖြစ်သည့် ညောင်ရမ်းစားရှင်သစ္စာက အကွဲအကွဲအပြားအပြားဖြစ်နေရသည့် နိုင်ငံကို စုစည်းရန်အတွက် အင်းဝကိုသိမ်းပိုက်၍ ညောင်ရမ်းမင်းဆက်ကို တည်ထောင်သည်။ သူ့လက်ထက်တွင် ရှမ်းပြည်များကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ သူ့အားဆက်ခံသည့် အနောက်ဖက်လွန်မင်း၏ လက်ထက်တွင် အတန်ပင် အင်အားကြီးလာပြီး တောင်ငူကိုသိမ်းပိုက်ကာ တောင်ပိုင်းမှ ပေါ်တူဂီ ငဇင်ကာကို နှိမ်နှင်းနိုင်သလို၊ အရှေ့တောင်ဖက်မှ ထိုင်းဘုရင် ဗြနရာဇ်(နာရေစွမ်)၏ မြန်မာနိုင်ငံတောင်ပိုင်းကို ထိုးဖောက်ရန် ကြိုးပမ်းနေသည်များကို ဟန့်တားထားနိုင်ခဲ့သည်။ သာလွန်မင်းလက်ထက်တွင် တိုင်းပြည်အရပ်ရပ် တည်ငြိမ်အေးချမ်းရေးကို စတင်ဆောင်ရွက်ရာ မြန်မာ့သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် လူဦးရေ စစ်တမ်းများကောက်ယူခြင်းကို ပြုလုပ်နိုင်ခဲ့သည်ကို တွေ့ရသည်။ နောက်ပိုင်းတွင် ရာသီဥတုဆိုးဝါးမှု၊မင်းများ၏ အရည်အသွေးကျဆင်းမှုတို့ကြောင့် ဟံသာဝတီမှ မွန်တို့ကပုန်ကန်ရာ ညောင်ရမ်းခေတ် ကုန်ဆုံးရတော့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိလည်း ဟံသာဝတီသို့ ပါကာ နောက်ပိုင်းတွင် ကွပ်မျက်ခံခဲ့ရသည်။

[ပြင်ဆင်ရန်​] ကုန်းဘောင်ခေတ်

ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက်တွင် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကိုတော်လှန်သည်။ အင်းဝကိုပြန်လည်သိမ်းပိုက်နိုင်ကာ ဆက်တိုက်ဆိုသလိုပင် တိုက်ပွဲများတွင် မွန်တို့ကိုအနိုင်ရသဖြင့် အလွန်သြဇာကြီးလာပြီး အယုဒ္ဓယတိုင် ချီတက်သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် တတိယမင်းဖြစ်သည့် ဆင်ဖြူရှင်လက်ထက်မှ အယုဒ္ဓယကို အပြီးသတ်အနိုင်ရရှိသည်။ ထိုမင်းလက်ထက်တွင် မြောက်ဖက်မှ မန်ချူးတို့၏ ကျူးကျော်မှု ၅ ကြိမ်တိုင်တိုင် ခံခဲ့ရသော်လည်း ကောင်းစွာတွန်းလှန်ဟန့်တားနိုင်ခဲ့သည်။ ၆ဆက်မြောက်မင်းဖြစ်သည့် ဗဒုံမင်း လက်ထက်တွင် ယဉ်ကျေးမှုနှင့် အတွေးအခေါ်အယူအဆတို့ကို ပြောင်းလဲရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုမင်းလက်ထက်တွင် ခေတ်အဆက်ဆက်က မြန်မာ့နယ်နိမိတ်တွင် မပါဝင်ခဲ့သော ရခိုင်ပြည်နယ်ကို အိမ်ရှေ့မင်းသားဦးပေါ်က သိမ်းပိုက်နိုင်ခဲ့ကာ မဟာမြတ်မုနိဘုရားကြီးကို မန္တလေးသို့ ပင့်ဆောင်လာနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် နန်းတွင်းအရှုပ်အထွေးများကြောင့် ကုန်းဘောင်မင်းဆက်မှ အင်အားနည်းခြင်းသို့ရောက်လာခဲ့သဖြင့် အင်္ဂလိပ်တို့၏ သုံးကြိမ်ကျူးကျော်စစ်ပြုခြင်းခံရပြီး သီပေါမင်းလက်ထက်တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက်သွားတော့သည်။


[1] [2] [3]

[ပြင်ဆင်ရန်​] ကျမ်းကိုး

  1. ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
  2. တရုတ်မှတ်တမ်းဟောင်း
  3. ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

ကျောင်းက ကောက်ခံသည့် ငွေမထည့်နိုင်သူများကို ဆရာမက ရိုက်နှက်

အတန်းပိုင်ဆရာမက ကျောင်းသားများထံ ငွေကြေးကောက်ခံရာတွင် မထည့်နိုင်သည့် ကျောင်းသားများအား ရိုက်နှက်မှုကို ပြုလုပ်နေသည့်အတွက် ကျောင်းသားမိဘများ မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အထက (၂) ပဉ္စမတန်း (F)မှ အတန်းပိုင်းဆရာမ ဒေါ်စန်းစန်းဝင်းက ငွေကြေးမထည့်နိုင်သည့် ကျောင်းသားများကို ရိုက်နှက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

“ကျောင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကလေးတယောက်ကို ၁၅၀၀ ကျပ် ကောက်ပါတယ်။ အဲဒါကို (၅) တန်း (F) အခန်းက အတန်းပိုင် ဆရာမက အတင်းကောက်ခံပြီး ပိုက်ဆံမပေးနိုင်တဲ့ ကလေးတွေအားလုံးကို ရိုက်တာ၊ အဲဒီအတွက် မိဘတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

ကျောင်းသားများထံမှ ကျောင်းသားစုံညီပွဲတော်အတွက် (၅၀၀) ကျပ်၊ ပြက္ခဒိန်ကြေး (၅၀၀) ကျပ်၊ ကျောင်းဆရာမတစ်ယောက် ပင်စင်ယူသွားသည့်အတွက် ကျောင်းသားတဦးလျှင် (၃၀၀) ကျပ်၊ စာမေးပွဲကြေး (၂၀၀) ကျပ် အသီးသီးကောက်ခံနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ပိုက်ဆံကောက်တာက သဒ္ဒါကြေးအနေနဲ့ မကောက်ခံဘဲ အတင်းဓါးမြတိုက်သလို ကောက်ခံနေတာ၊ ကျောင်းစတက်ကတည်းက ကောက်ခံနေတဲ့ အခွန်ခတွေက အရမ်းများလွန်တဲ့အပြင် ဘာကြေးကို ဘယ်လိုပေးနေရမှန်း မသိအောင် ခဏခဏပေးနေရတယ်” ဟု ကျောင်းသားမိဘတဦးက ဆက်ပြောသည်။

ကျောင်းသားမိဘများအနေဖြင့် ယင်းကဲ့သို့ ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ရပ်ကို အထက်ပညာရေး အာဏာပိုင်များထံ တိုင်တန်းလိုသော်လည်း သက်ဆိုင်ရာအာဏာပိုင်များက လာရောက်စစ်ဆေးမှုသာရှိပြီး အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း၎င်းက ဆက်ပြောသည်။

“တိုင်ရင်လည်း သူတို့လူနဲ့ သူတို့ဆိုတော့ အချည်းနှီးဖြစ်မှာဆိုတာကြောင့် မတိုင်ဖြစ်တာ၊ တိုင်လည်း အထက်ကလာစစ်တာဘဲရှိတယ် အရေးယူတာ တခါမှမတွေ့ဘူးသေးဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အကျင့်ပျက်ခြစားမှုများစွာရှိပြီး ပညာရေးကို ငွေဖြင့်ပေးဝယ်နေရကာ ငွေကြေးမတတ်နိုင်သည့်အတွက် ကျောင်းထွက်ရသည့် ကျောင်းသားပေါင်းများစွာရှိကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

Wednesday, December 22, 2010

ကွယ်လွန်သူ မေမေသို .တမ်းစာ

“အမေ နေကောင်းလား” လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
“ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ” တဲ့
နွေးထွေးတဲ့ အမေ့နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပန်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။

“အမေ … ဒီမှာ ဆရာမြေဇာ
ဒီမှာ ဆရာဝသုန်
ဟိုဘက်ခုံမှာ ကိုအောင်ဝေး
ဒီဘေးက ကိုသာချို
ဟိုဘက်က ကိုချစ်ဝင်းမောင်” လို့
ခပ်ရို့ရို့ ကျနော် မိတ်ဆက်တော့ …
အမေက
“မြင်တာပေါ့ ငါ့သား
အမေ့သားတွေ အားလုံးကို
အမေ အကုန်လုံး မြင်တာပေါ့” ဆိုပြီး
ပြုံးပြုံးကြီး ကြည့်နေတဲ့
အမေ့ရဲ့ပုံရိပ်
ရင်ထဲကို ယိုဖိတ်စီးဆင်း
အေးမြတဲ့ မြစ်တစင်းဖြစ်ခဲ့ရပါတယ် အမေ …။

“ငါ့သားတွေ အရက် သိပ်မသောက်ကြနဲ့နော်”
“အမေတို့ဘက်က လူတွေ အသက်ရှည်တာကိုပဲ အမေ မြင်ချင်တယ်”
“ကိုချစ်ဝင်းမောင်တို့၊ ကိုလွဏ်းဆွေတို့
မဂ္ဂဇင်းတွေ အခြေအနေကောင်းကြရဲ့လား
အမေ့စာမူတွေ အချိန်မီရကြရဲ့လား
အမေလည်း ရေးဖြစ်တာဆိုလို့
ကိုဝင်းငြိမ်း၊ ကလျာနဲ့ဆို ဒီလေးအုပ်ပဲ ရှိတာ
ငါ့သားတို့ အဆင်မပြေရင်
အမေ့ကို စာမူခ မပေးနဲ့နော်” လို့
တိုးလျလျ အသံနဲ့
စိုးရိမ်ပူပန်တဲ့ စကား
အမေပြောကြားလေတော့
ကျနော့်စိတ်ထဲ
ပီတိတွေနဲ့ အားဖြစ်ခဲ့ရပါတယ် အမေ …။

ဦးပိန်တံတားပေါ် လမ်းလျှောက်ရင်း
လေညင်းက ပြေးဝင်ဆောင့်တော့
ကျနော့်စိတ်တွေ ခပ်မြောက်မြောက်ဖြစ်သွား
အဲဒီအကြောင်းတရားထဲမှာ
ကျနော်လို အယ်ဒီတာ ငချွတ်ငတားလေးကို
အမေက စာမူတွေ ချီးမြှင့်ပြီး
အသိအမှတ်ပြုခဲ့တာဟာ
အဓိက အကြောင်းတရားပါ အမေ …။

နှင်းမြူတွေ ဝေနေတဲ့
တောင်သမန် နံနက်ခင်းမှာ
အမေ့မေတ္တာတွေက
နှင်းမြူတွေနဲ့အတူ ရွာကျ
အယူအဆတူ
ယုံကြည်ချက်တူ
ရည်မှန်းချက်တူ
ရင်ဘတ်ချင်းတူကြတဲ့
အမေ့သား အမေ့သမီးတွေအားလုံး
အပြုံးကိုယ်စီ ယှက်သန်း
အလွမ်းကိုယ်စီ ပွေ့ထွေး
အနာဂတ်ရေးအတွက် တိုင်ပင်
တောင်သမန်တခွင်လုံး
ငြိမ်းချမ်းတဲ့ ရသတွေ ပြည့်ဖုံး
ပျော်လို့မဆုံး ပြုံးလို့မ၀ ဖြစ်ခဲ့ကြပါတယ် အမေ …။

အခုတော့
အမေ့သား အမေ့သမီးတွေလည်း
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုအောက်မှာ
တမလွန် ရောက်သူရောက်
ဘ၀တက္ကသိုလ် ရောက်သူရောက်
လွတ်မြောက်နယ်မြေ ရောက်သူရောက်
တတိယနိုင်ငံ ရောက်သူရောက်
ကမောက်ကမ
ကစဥ့်ကလျားနဲ့
ပြေးလွှားရုန်းကန်နေကြရပေမယ့်
အမေ့မေတ္တာထီးရိပ်က
ကျနော့်တို့အပေါ်
ထာဝရ အုပ်မိုးပေးထားလို့
စိတ်ဓာတ်ခွန်အား မဖောက်မပြန်နဲ့
ဖြောင့်မှန်တဲ့ လမ်းပေါ်မှာ
ကျနော်တို့ ဆက်လျှောက်နေနိုင်တာပါ အမေ …။

အခုအခါမှာ
လွတ်မြောက်နယ်မြေရောက်
အမေ့သားတယောက်အနေနဲ့
“အမေ နေကောင်းလား” လို့
ပြေးတွေ့ နှုတ်ဆက်ခွင့်မရတာ
သုံးနှစ်သုံးလီ ကြာခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။ ။

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁၂-၂၀၁၀)

- တိုက်ပွဲကြောင့် နအဖတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေ click
- မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ် click
- RSO နှင့် ARNO လက်နက်ကိုင်တပ်ဖွဲ့များ နယ်စပ်တွင် တွေ့ဆုံ click
- မြန်မာမှ ထွက်ပြေးလာသည့် စစ်သားတဦး လက်နက်နှင့်အတူ ပြန်ပို့ခံရ click
- ထိုင်းညီအစ်ကို (၂) ဦးကြောင့် ကရင်နီလူမျိုးတဦး သေ၊ တဦး ဒဏ်ရာရ click
- Work Permit မရှိသောကြောင့် အလုပ်သမား (၃၃) ဦးကို (၄၈) ရက် ထောင်ဒဏ်ချ click
- သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် (၈) နှစ် ချခံရ click
- ထိုင်းဘုရင်မင်းမြတ် ချီးမြှင့်သော သံဃာထူးချွန်ဆု ရှမ်းသံဃာတပါး ရရှိ click
- သျှမ်းနွယ်ဘွား ဆရာတော်အား ထိုင်းဘုရင်မှ ဖရခူးဘွဲ့ ဆက်ကပ် click
- ကြံ့ဖွံ့ပါတီက အနိုင်ရ ပါတီတချို့ကို တရားစွဲ click
- ကိုယ်စားလှယ်လောင်း အသုံးစရိတ် အချိန်မီမပြလျှင် နာမည်ပျက်စာရင်း ၀င်မည် click
- ရွေးကောက်ပွဲက ကွန်ဟိန်းပြဿနာ (ဆောင်းပါး) click
- မြန်မာသင်္ဘောသား (၂၃) ဦး မိသားစုနှင့် အဆက်အသွယ်ရ click
- ဂီရိအကူ (၄၅) ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလ ပူးပေါင်းအဖွဲ့ ပြော click
- ရခိုင်လေဘေး ကြံ့ခိုင်ရေး စိတ်မ၀င်စား click
- ရေကာတာစီမံကိန်းကျေးရွာဖွင့်ပွဲ ဒေသခံများ မဖြစ်မနေတက်ရ click
- ပဲခူး မွတ်စလင်သင်္ချိုင်းကိစ္စ အာဏာပိုင်များ အကြောင်းမပြန် click
- ဂျာနယ်မဂ္ဂဇင်းတို့၏ မေးမြန်းမှု စီးပွားရေးလုပ်ငန်းရှင်များ မဖြေကြား click
- ဖမ်းမိကျွန်းသစ် မြန်မာဘက်က ပြန်သွင်းခြင်းမဟုတ်ဟု ထိုင်းအမတ် ငြင်း click
- ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ် click
- ဘဏ်သစ် (၄) ခုက ဘဏ်ခွဲပေါင်း (၂၀၀) ခန့် ဖွင့်မည် click
- မိုင်းလားသို့ ကုန်စည်တင်ပို့မှု ပြန်လည်ခွင့်ပြု click
- သီရိမင်္ဂလာဈေး ပြောင်းရမည် click
- ကျောင်းသားလူငယ်တဦးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ click
- ဒေါက်တာနေ၀င်းမောင် ဂုဏ်ပြုခံရ click
- ရန်ကုန်က ပန်းချီပြိုင်ပွဲ click
- ဒီဇင်ဘာ (၂၂) ရက် နောက်ဆုံးရ သတင်းတိုများ click
- ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ (ထွေရာလေးပါး) click
- ကြိုးချည်ပြီး အလှန်ခံထားရတဲ့ ဗိုလ်ချုပ်ကြီး (သရော်စာ) click
- ဘောပွဲရှုံးတာ ဘယ်သူ့ကြောင့်လဲ (သရော်စာ) click
- အရေးပေါ်အခြေအနေ ရုပ်သိမ်းလိုက်ပြီ click
- အဆန်းတကြယ် အမှတ်ရဖွယ် လကြတ်တယ် click
- မိခင်နို့ရည် တိုက်ကျွေးခြင်းကြောင့် ယောက်ျားလေးများ ဉာဏ်ရည်ပိုမိုထူးချွန် click
- သောက်ရေသန့်ဘူး - ကျန်းမာရေးအတွက် ဆေးတခွက်လား၊ အဆိပ်ရေလား click

Tuesday, December 21, 2010

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

Tuesday, December 21, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၁-၁၂-၂၀၁၀)

- ဖလူးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် click
- ဒီကနေ့ နအဖ (၆) ယောက် ကျပြီး (၁၃) ယောက် ဒဏ်ရာရတဲ့ ဖလူးလေး ဘုရားကုန်းတိုက်ပွဲ click
- တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ click
- ကရင်ပြည်နယ်မှာ စစ်တပ်နှင့် DKBA တိုက်ပွဲငယ်များဖြစ်ဆဲ click
- KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ) click
- ဂီရိမုန်တိုင်းဘေး EU ယူရိုငွေ (၃) သန်း လှူ click
- ဂီရိမုန်တိုင်းဘေးအတွက် ယူရို (၃) သန်း EU လှူဒါန်း click
- ဂီရိ (၂) လပြည့် ကူညီထောက်ပံ့မှု အခြေအနေ click
- ဂီရိမုန်တိုင်းဒုက္ခသည်များ စားစရာနဲ့ နေစရာ အခက်အခဲရှိနေဆဲ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယား သမ္မတဟောင်း၏ ဇနီးတို့ စာရေးသား click
- နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- ကမ္ဘာ့ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ILO အရာရှိ တွေ့ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်း ပြည်တွင်းသတင်းဂျာနယ်တွေ ဖော်ပြခွင့်မရ click
- သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကို ထောင် (၈) နှစ် ပြစ်ဒဏ်ချ click
- သင်္ကြန်ဗုံးကွဲစဉ် ဓာတ်ပုံရိုက်သည့် မောင်စည်သူဇေယျကို ထောင် (၈) နှစ်ချ click
- ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက် click
- ရွေးကောက်ပွဲအလွန် တရားစွဲမှုများ စတင်စစ်ဆေး click

“မြန်မာစစ်အာဏာရှင် နိုင်ငံတော်အလံ ဖွင့်ဆိုချက်မှာ …” (ကာတွန်း ဇော်ဒီဒီ - မိုးမခ၀က်ဘ်ဆိုက်)
- အလုပ်ပွဲစားက အဓမ္မစစ်သားစုဆောင်းမှု ILO ကို တိုင်ကြား click
- အောင်လံမြို့နယ်က မြေယာသိမ်းမှုကိစ္စ စတိမာရှယ် သွားရောက်လေ့လာ click
- ပိုက်လိုင်းကြောင့် ကျောက်ဖြူမှာ လယ်မြေတွေ ဆုံးရှုံးကြရ click
- ရှေးဟောင်း ရခိုင်မြို့များအပေါ် ရထားလမ်း ဖြတ်ဖောက် click
- သံဃာများ ပညာသင်ကြားရေး သာသနာ့ဦးသျှောင်အဖွဲ့ ထောက်ပံ့ရန် စီစဉ် click
- ပြည်ပပို့ သစ်တောခွန် တိုးမြှင့် ၊ ကျောက်ဆည်တွင် လာဘ်ယူပြီး အခွန်လျှော့ယူ click
- မတ်လ ကျောက်မျက်ပွဲအမီ နေပြည်တော်မှာ ဟိုတယ် တိုး click
- ဟာခါး၊ မချမ်းဘော၊ ပင်လောင်းနှင့် ပင်လုံတွင် အအေးဓာတ်လွန်ကဲ click
- သတိ လက်နှိပ်ဓာတ်မီးမဆောင်ရ click
- ပြည်တွင်း သတင်းဂျာနယ်များ ခြေတလှမ်းတိုး click
- (၁၄) ကြိမ်မြောက် KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး တတိယအကြိမ်မြောက် ဗဟိုအမြဲ တမ်းကော်မတီ အစည်းအဝေးမှ ထုတ်ပြန်ကြေညာချက် click
- မြန်မာနိုင်ငံကို နိုင်ငံတကာအကူအညီတွေ ပေးသင့်ပြီလား (တိုက်ရိုက်လေလှိုင်း) click
- မင်္ဂလာနှင့် နိုင်ငံရေး ( ၁၉ ) (သရော်စာ) click
- ဘဝဆိုတာ ဒီလိုပါပဲ (ဆောင်းပါး) click
- ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သူက သမ္မတဖြစ်ကြောင်း ကြေညာ click
- မြောက်ကိုရီးယား ကုလ နျူကလီးယားစစ်ဆေးရေးမှူးတွေ လာရောက်ခွင့်ပြုမည် click
- ထိုင်းအစိုးရ အရေးပေါ်အခြေအနေအမိန့် ရုပ်သိမ်း click
- ဥရောပတလွှား ဆီးနှင်းထူ၍ အသွားအလာ ရပ်ဆိုင်း click
- ဂျပန် ပစိဖိတ်ကမ်းခြေ ဆူနာမီ သတိပေး click
- ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း click
- အုပ်ချုပ်ရေးကဏ္ဍတွင် ကြံ့ဖွံ့ပါတီဝင်များကို အစားထိုး ခန့်အပ်မည် click
- အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို click
- ဒီကေဘီအေနှင့် (၄) ရက်မြောက် တိုက်ပွဲ click
- အစိုးရက ငြိမ်းချမ်းသည့် နည်းဖြင့် မဖြေရှင်းနိုင်သရွေ့ တိုက်ပွဲဆက်ဖြစ်မည် click
- ရှမ်းပြည်မြောက်ပိုင်း စစ်ရေး မငြိမ်သက်မှုတိုး click
- တပ်မဟာ (၇) ဌာနချုပ်အား မြို့နယ်ခွဲအဆင့်အဖြစ် နအဖ တိုးချဲ့ click
- ၂ဝ၁၁ ဇန်နဝါရီလ (၈) ရက်နေ့မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့အတွက် မန်းရောဘတ်ဘဇန်ရဲ့ နှစ် သစ်ကူး စကားလက်ဆောင်မွန် click
- ရခိုင်နိုင်ငံတော် ကျဆုံးသည့်နေ့ နယူးယောက်မြို့ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြမည် click
- နိုင်ငံရေးအကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက် click
- ဖားကန့် ကျောက်စိမ်းမော်ထဲ KIO မှ တဖန် အခွန်ကောက်ခံနေ click
- ကျိုင်းတုံ - မိုင်းလား ကုန်တင်ကား ဖြတ်သန်းခွင့် နအဖ ပြန်လည်ခွင့်ပြု click
- ဆိုင်းတောင်-ဖားပြင်တံတား မြေပြိုကျမှုကြောင့် သွားလာရေး ခက်ခဲနေ click
- ပတ်ဝန်းကျင် ထိန်းသိမ်းရင်း စီးပွားရေးလုပ်မည်ဟု အင်သားပါတီ ပြော click
- ကျားဖြူနှင့် USDP အပြန်အလှန် တရားစွဲဖို့ ပြင်ဆင် click
- စင်တင်ပွဲများ ဆင်ဆာဖြတ်ပြီးမှ ကရမည် click
- ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း ရခိုင်ကို အကျိုးသာယုတ်စေမည် click
- ဒီဇင်ဘာ (၂၁) ရက် နောက်ဆုံးရ သတင်းများ click
- ဦးကျော်ငြိမ်းနှင့် တိုင်း ၆ (ဆောင်းပါး) click
- တပ်ချုပ်ကြီးရဲ့ မြဲ သုံး မြဲ ဆိုတာ ဘာပါလိမ့် (သရော်စာ) click
- ပုဂံမှ ဦးအောင်ဆန်းဦး နေအိမ် (ဓာတ်ပုံသတင်း) click
- မြန်မာ့ကျောက်မျက်လောကကိုလည်း ဥက္ကဋ္ဌသစ် ဦးတေဇ မောင်ပိုင်စီးတော့မလား (ဓာတ်ပုံသတင်း) click
- အမျိုးသမီးသံအမတ် များပြားတဲ့ ဩစတြေးလျ (ဓာတ်ပုံသတင်း) click
- သီးနှံထွက်နှုန်း ကောင်းမွန်ပြီး သဘာဝအတိုင်း စိုက်ပျိုးတဲ့ Organic Farming နည်းစနစ်ကို မြန်မာနိုင်ငံမှာ အသုံးပြုမှုမရှိသေး (ရုပ်သံ) click
- မြန်မာက ထိုင်းကို (၄) ဂိုး သုညဖြင့် ရှုံး click
- မြန်မာဘောလုံအသင်း ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို ဂိုးပြတ်ရှုံး (ဓာတ်ပုံ) click
- ထူးထူးခြားခြား ခမ်းခမ်းနားနား မင်္ဂလာပွဲ (၆) ပွဲ ကျင်းပမယ့် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် click
- အရေးပေါ်အမိန့် ရုပ်သိမ်း click
မလေးရှားနိုင်ငံတွင် ထုတ်ဝေသည့် ပထမဆုံး မြန်မာစာပေမဂ္ဂဇင်း ‘အပြင်စီး’

Monday, December 20, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၀-၁၂-၂၀၁၀)

- နအဖ (၈) ဦးကျ (၁၆) ဦး ဒဏ်ရာရခဲ့တဲ့ ဒီမနက် ဝေါ်လေတိုက်ပွဲ click
- မြ၀တီမြို့တောင်ဘက် မိုင် (၄၀) မှာ ဒီကေဘီအေနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ် click
- ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားဆဲ click
- နအဖက ၎င်းတို့ ရိက္ခာသယ်ယူနေသည့် ကားလမ်းဟောင်းကို စတင်ပြုပြင် click
- ရန်ကုန်မြို့က စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု click
- လူသားဖွံ့ဖြိုးတိုးတက်မှု အရှေ့တောင်အာရှမှာ မြန်မာ အနိမ့်ဆုံး click
- မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု ထက်ဝက်ကျော် ကျဆင်း click
- အစ္စလာမ်ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံသည့် ညွှန်ကြားချက် ပေါက်ကြား click
- ဗိုလ်ချုပ်မှူးကြီးနှင့် တိုက်ရိုက်ဆွေးနွေးဖို့ အမေရိကန်ကို တရုတ် ပြောကြားခဲ့ click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ILO ဆက်ဆံရေးအရာရှိ တွေ့ဆုံ click
- ဒေါ်အောင်ဆန်းစုကြည်ကို အိုင်အယ်အိုအရာရှိ တွေ့ဆုံရှင်းပြ click
- စတိမာရှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ လုပ်အားပေးနှင့် ကလေးစစ်သားကိစ္စ ဆွေးနွေး click
- “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” - လွတ်လပ်တဲ့အာရှအသံမှ စီစဉ်တင်ဆက်သော အပတ်စဉ် အမေးအဖြေ အစီအစဉ် (ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၀) click
- အိုင်အယ်လ်အိုအရာရှိက လယ်သမားများကို တွေ့ဆုံမေးမြန်း click
- မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်သစ် ခန့်အပ် click
- သြစတြေးလျ သံအမတ်သစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြိုဆို click
- မနီလာသိန်း မိသားစုနှင့် ထောင်ဝင်စာတွေ့ခွင့်ရပြီ click
- ၈၈ မျိုးဆက်ခေါင်းဆောင် မနီလာသိန်း ထောင်ပြောင်းပေးရေး တောင်းဆို click
- မသင်းဇူလိုင်ကျော် ပြည်မြို့ထောင်က ပြန်လွတ် click