Wednesday, December 22, 2010

ကွယ်လွန်သူ မေမေသို .တမ်းစာ

“အမေ နေကောင်းလား” လို့
ခရီးရောက်မဆိုက် ကျနော်တို့ ပြေးတွေ့တော့
ခပ်နွေးနွေး ရင်ငွေ့က
ကျနော်တို့ဆီ ပြန်ပြေးလာ
“ငါ့သားတို့ ဘယ်ရထားနဲ့ လာကြလဲကွဲ့
ထိုင်ကြ … ထိုင်ကြ” တဲ့
နွေးထွေးတဲ့ အမေ့နှုတ်ဆက်သံ
ကြည်မွေ့တဲ့ အမေ့အပြုံး
ကျနော်တို့ကို ဖုံးလွှမ်း
ခရီးပန်းသမျှ
ကျနော်တို့ လန်းဆန်းခဲ့ရပါတယ် အမေ …။

“အမေ … ဒီမှာ ဆရာမြေဇာ
ဒီမှာ ဆရာဝသုန်
ဟိုဘက်ခုံမှာ ကိုအောင်ဝေး
ဒီဘေးက ကိုသာချို
ဟိုဘက်က ကိုချစ်ဝင်းမောင်” လို့
ခပ်ရို့ရို့ ကျနော် မိတ်ဆက်တော့ …
အမေက
“မြင်တာပေါ့ ငါ့သား
အမေ့သားတွေ အားလုံးကို
အမေ အကုန်လုံး မြင်တာပေါ့” ဆိုပြီး
ပြုံးပြုံးကြီး ကြည့်နေတဲ့
အမေ့ရဲ့ပုံရိပ်
ရင်ထဲကို ယိုဖိတ်စီးဆင်း
အေးမြတဲ့ မြစ်တစင်းဖြစ်ခဲ့ရပါတယ် အမေ …။

“ငါ့သားတွေ အရက် သိပ်မသောက်ကြနဲ့နော်”
“အမေတို့ဘက်က လူတွေ အသက်ရှည်တာကိုပဲ အမေ မြင်ချင်တယ်”
“ကိုချစ်ဝင်းမောင်တို့၊ ကိုလွဏ်းဆွေတို့
မဂ္ဂဇင်းတွေ အခြေအနေကောင်းကြရဲ့လား
အမေ့စာမူတွေ အချိန်မီရကြရဲ့လား
အမေလည်း ရေးဖြစ်တာဆိုလို့
ကိုဝင်းငြိမ်း၊ ကလျာနဲ့ဆို ဒီလေးအုပ်ပဲ ရှိတာ
ငါ့သားတို့ အဆင်မပြေရင်
အမေ့ကို စာမူခ မပေးနဲ့နော်” လို့
တိုးလျလျ အသံနဲ့
စိုးရိမ်ပူပန်တဲ့ စကား
အမေပြောကြားလေတော့
ကျနော့်စိတ်ထဲ
ပီတိတွေနဲ့ အားဖြစ်ခဲ့ရပါတယ် အမေ …။

ဦးပိန်တံတားပေါ် လမ်းလျှောက်ရင်း
လေညင်းက ပြေးဝင်ဆောင့်တော့
ကျနော့်စိတ်တွေ ခပ်မြောက်မြောက်ဖြစ်သွား
အဲဒီအကြောင်းတရားထဲမှာ
ကျနော်လို အယ်ဒီတာ ငချွတ်ငတားလေးကို
အမေက စာမူတွေ ချီးမြှင့်ပြီး
အသိအမှတ်ပြုခဲ့တာဟာ
အဓိက အကြောင်းတရားပါ အမေ …။

နှင်းမြူတွေ ဝေနေတဲ့
တောင်သမန် နံနက်ခင်းမှာ
အမေ့မေတ္တာတွေက
နှင်းမြူတွေနဲ့အတူ ရွာကျ
အယူအဆတူ
ယုံကြည်ချက်တူ
ရည်မှန်းချက်တူ
ရင်ဘတ်ချင်းတူကြတဲ့
အမေ့သား အမေ့သမီးတွေအားလုံး
အပြုံးကိုယ်စီ ယှက်သန်း
အလွမ်းကိုယ်စီ ပွေ့ထွေး
အနာဂတ်ရေးအတွက် တိုင်ပင်
တောင်သမန်တခွင်လုံး
ငြိမ်းချမ်းတဲ့ ရသတွေ ပြည့်ဖုံး
ပျော်လို့မဆုံး ပြုံးလို့မ၀ ဖြစ်ခဲ့ကြပါတယ် အမေ …။

အခုတော့
အမေ့သား အမေ့သမီးတွေလည်း
စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်မှုအောက်မှာ
တမလွန် ရောက်သူရောက်
ဘ၀တက္ကသိုလ် ရောက်သူရောက်
လွတ်မြောက်နယ်မြေ ရောက်သူရောက်
တတိယနိုင်ငံ ရောက်သူရောက်
ကမောက်ကမ
ကစဥ့်ကလျားနဲ့
ပြေးလွှားရုန်းကန်နေကြရပေမယ့်
အမေ့မေတ္တာထီးရိပ်က
ကျနော့်တို့အပေါ်
ထာဝရ အုပ်မိုးပေးထားလို့
စိတ်ဓာတ်ခွန်အား မဖောက်မပြန်နဲ့
ဖြောင့်မှန်တဲ့ လမ်းပေါ်မှာ
ကျနော်တို့ ဆက်လျှောက်နေနိုင်တာပါ အမေ …။

အခုအခါမှာ
လွတ်မြောက်နယ်မြေရောက်
အမေ့သားတယောက်အနေနဲ့
“အမေ နေကောင်းလား” လို့
ပြေးတွေ့ နှုတ်ဆက်ခွင့်မရတာ
သုံးနှစ်သုံးလီ ကြာခဲ့ပေမယ့်
အမေဟာ ကျနော်နဲ့ မဝေး
ကျနော့်ရဲ့ အတွေး၊ ကျနော့်ရဲ့ဘေးမှာ
မြင့်မြတ်တဲ့ အဘိဓမ္မာ
မြင့်မြတ်တဲ့ မေတ္တာတရား
မြင့်မြတ်တဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့
ထာဝရ အနီးကပ်
မတ်မတ်ရပ်နေဆဲလို့
ယုံမြဲယုံကြည်လျက်ပါ အမေ …။ ။

ကနော် နေမင်းထွန်းမှ မြန်မာပြည်သူလူထုအားသတင်းဖြင့်ကျေးဇူးဆပ်ပါသည်။

မြန်မာ့ရေးရာ သတင်းပဒေသာ (၂၂-၁၂-၂၀၁၀)

- တိုက်ပွဲကြောင့် နအဖတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေ click
- မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ် click
- RSO နှင့် ARNO လက်နက်ကိုင်တပ်ဖွဲ့များ နယ်စပ်တွင် တွေ့ဆုံ click
- မြန်မာမှ ထွက်ပြေးလာသည့် စစ်သားတဦး လက်နက်နှင့်အတူ ပြန်ပို့ခံရ click
- ထိုင်းညီအစ်ကို (၂) ဦးကြောင့် ကရင်နီလူမျိုးတဦး သေ၊ တဦး ဒဏ်ရာရ click
- Work Permit မရှိသောကြောင့် အလုပ်သမား (၃၃) ဦးကို (၄၈) ရက် ထောင်ဒဏ်ချ click
- သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် (၈) နှစ် ချခံရ click
- ထိုင်းဘုရင်မင်းမြတ် ချီးမြှင့်သော သံဃာထူးချွန်ဆု ရှမ်းသံဃာတပါး ရရှိ click
- သျှမ်းနွယ်ဘွား ဆရာတော်အား ထိုင်းဘုရင်မှ ဖရခူးဘွဲ့ ဆက်ကပ် click
- ကြံ့ဖွံ့ပါတီက အနိုင်ရ ပါတီတချို့ကို တရားစွဲ click
- ကိုယ်စားလှယ်လောင်း အသုံးစရိတ် အချိန်မီမပြလျှင် နာမည်ပျက်စာရင်း ၀င်မည် click
- ရွေးကောက်ပွဲက ကွန်ဟိန်းပြဿနာ (ဆောင်းပါး) click
- မြန်မာသင်္ဘောသား (၂၃) ဦး မိသားစုနှင့် အဆက်အသွယ်ရ click
- ဂီရိအကူ (၄၅) ရာနှုန်းသာ ပေးနိုင်သေးကြောင်း ကုလ ပူးပေါင်းအဖွဲ့ ပြော click
- ရခိုင်လေဘေး ကြံ့ခိုင်ရေး စိတ်မ၀င်စား click
- ရေကာတာစီမံကိန်းကျေးရွာဖွင့်ပွဲ ဒေသခံများ မဖြစ်မနေတက်ရ click
- ပဲခူး မွတ်စလင်သင်္ချိုင်းကိစ္စ အာဏာပိုင်များ အကြောင်းမပြန် click
- ဂျာနယ်မဂ္ဂဇင်းတို့၏ မေးမြန်းမှု စီးပွားရေးလုပ်ငန်းရှင်များ မဖြေကြား click
- ဖမ်းမိကျွန်းသစ် မြန်မာဘက်က ပြန်သွင်းခြင်းမဟုတ်ဟု ထိုင်းအမတ် ငြင်း click
- ငါးမွေးမြူရေးလုပ်ငန်းများ အရှုံးပေါ် click
- ဘဏ်သစ် (၄) ခုက ဘဏ်ခွဲပေါင်း (၂၀၀) ခန့် ဖွင့်မည် click
- မိုင်းလားသို့ ကုန်စည်တင်ပို့မှု ပြန်လည်ခွင့်ပြု click
- သီရိမင်္ဂလာဈေး ပြောင်းရမည် click
- ကျောင်းသားလူငယ်တဦးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ click
- ဒေါက်တာနေ၀င်းမောင် ဂုဏ်ပြုခံရ click
- ရန်ကုန်က ပန်းချီပြိုင်ပွဲ click
- ဒီဇင်ဘာ (၂၂) ရက် နောက်ဆုံးရ သတင်းတိုများ click
- ကြိုတင်ဂိုး မကယ်လို့ ရှုံးရတဲ့ပွဲ (ထွေရာလေးပါး) click
- ကြိုးချည်ပြီး အလှန်ခံထားရတဲ့ ဗိုလ်ချုပ်ကြီး (သရော်စာ) click
- ဘောပွဲရှုံးတာ ဘယ်သူ့ကြောင့်လဲ (သရော်စာ) click
- အရေးပေါ်အခြေအနေ ရုပ်သိမ်းလိုက်ပြီ click
- အဆန်းတကြယ် အမှတ်ရဖွယ် လကြတ်တယ် click
- မိခင်နို့ရည် တိုက်ကျွေးခြင်းကြောင့် ယောက်ျားလေးများ ဉာဏ်ရည်ပိုမိုထူးချွန် click
- သောက်ရေသန့်ဘူး - ကျန်းမာရေးအတွက် ဆေးတခွက်လား၊ အဆိပ်ရေလား click