Showing newest posts with label Article. Show older posts
Monday, November 1, 2010
လိမ်ဖို့တော့ စနေပါပြီ
ပြန်ကြားရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တွေ၊ သတင်းထောက်တွေ ကို ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ မဲရုံတွေလိုက်ကြည့်ဖို့ စာရင်းတောင်း ပါတယ်။
မြန်မာတနိုင်ငံလုံးကို အုပ်စု ၁၈ ခု ခွဲပြီးစေလွှတ်မှာပါ။ ပြည်နယ်တိုင်း၊ တစ်ခုဆီမှာ စံပြမြို့နယ် တခုသတ်မှတ်ပြီး သတင်းထောက်တွေ၊ သံတမန်တွေကို မဲရုံလိုက်လံကြည့်ရှုရေးခရီးစဉ် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ရန်ကုန်၊ ပဲခူးတိုင်း(အနောက်)၊ ပဲခူးတိုင်း(အရှေ့) နဲ့နေပြည်တော်မှာရှိတဲ့ မဲရုံအချိွု့ကို ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ လိုက်ကြည့်ချင်ရင်တော့ လေယာဉ်၊ ကားတွေနဲ့ နေ့ချင်းပြန်
ကြည့်ရှုသွားရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။
ပြည်တွင်းက ဧရာဝတီသတင်းထောက် ပေးပို့သည်
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်းတွေက မဲရုံတွေကို လိုက်ကြည့်မယ် ဆိုရင် တော့ နိုဝင်ဘာလ ၆
ရက်နေ့မှာ သက်ဆိုင်ရာ ပြည်နယ်တိုင်းတွေဆီကို လေယာဉ်၊ ကားတွေ နဲ့ ထွက်ခွာပြီး အဲဒီပြည်နယ်တိုင်းတွေက မဲရုံတွေကို နိုဝင်ဘာလ ၇ ရက်နေ့ မှာ လိုက်လံကြည့် ရမှာဖြစ်ပါတယ်။
ဒီလိုလုပ်ပေးတာက ဒီရွေးကောက်ပွဲက တရားမျှတလွတ်လပ်ပါတယ်လို့ နိုင်ငံတကာက
ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာပါ။ သံတမန်တွေ၊ သတင်းထောက်တွေက ပြည်နယ်နဲ့
တိုင်းအားလုံးမှာရှိတဲ့ မဲရုံတိုင်းကို လိုက်ကြည့်ခွင့်ရမှာမဟုတ်ဘဲ အစိုးရက စီစဉ်ပေးထားတဲ့ စံပြမဲရုံတွေကိုပဲ သွားကြည့်ရမှာပါ။
ရန်ကုန်၊ နေပြည်တော်မှာဆိုရင် အစိုးရ စီစဉ်ပေးထားတဲ့ မြို့နယ်နှစ်ခု၊ သုံးခုမှာရှိတဲ့ မဲရုံ တွေကို ကြည့်ခွင့်ရပါ့မယ်။ အခြားမြို့နယ်တွေက မဲရုံတွေကို လုံးဝသွားကြည့်ခွင့်ပြုမှာ မဟုတ်သလို သတင်းယူခွင့်လည်းပြုမှာ မဟုတ်ပါဘူး။
မကွေးတိုင်းမှာဆိုရင် မကွေးမြို့ပေါ်က မဲရုံတွေကိုသာ ကြည့်ခွင့်ရပါ့မယ်။ မန္တလေးမှာ ဆိုရင် မန္တလေးမြို့ပေါ်က မဲရုံအချို့ကို ကြည့်ခွင့်ရပါ့မယ်။ ပဲခူးတိုင်း(အရှေ့) ကို လိုက်ပါမယ့် သတင်းထောက်တွေ၊ သံတမန်တွေအနေနဲ့
ပဲခူးမြို့ပေါ်က မဲရုံတွေကို လည်ပတ်ခွင့်ရပါ့မယ်။ ပဲခူးတိုင်း(အနောက်)ဆိုရင်တော့ ပြည်မြို့ပေါ်က မဲရုံတွေကိုသာ ကြည့်ခွင့်ရှိပါ့မယ်။ ဧရာဝတီ တိုင်းသွားမယ့်အဖွဲ့အနေနဲ့ ပုသိမ်မြို့ပေါ်က မဲရုံတွေကိုသာ ကြည့်ခွင့် ရမှာဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ငပုတောဒေသက မဲရုံတွေကို တော့ သွားရောက်ခွင့်ရမှာ မဟုတ်ပါဘူး။
တနင်္သာရီတိုင်းမှာဆိုရင် မြိတ်မြို့ပေါ်က မဲရုံအချို့ကို ကြည့်ခွင့်ရမယ်။ စစ်ကိုင်းတိုင်းမှာဆိုရင် မုံရွာ၊ ချင်းပြည်နယ်ဆိုရင် ဟားခါး၊ ကချင်ပြည်နယ်ဆိုရင် မြစ်ကြီးနား၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဆိုရင်
တောင်ကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဆိုရင် လားရှိုး၊ ရှမ်းပြည်နယ်(အရှေ့) ဆိုရင် ကျိုင်းတုံ၊ ကယားပြည်နယ်ဆိုရင် လွိုင်ကော်၊ ရခိုင်ပြည်နယ်ဆို ရင် စစ်တွေ၊ ကရင်ပြည်နယ်ဆိုရင် ဘားအံ၊
မွန်ပြည်နယ်ဆိုရင် မော်လမြိုင်မြို့ပေါ်က မဲရုံအချို့ကိုသာ လိုက်ကြည့်ခွင့်ရမှာပါ။
သတင်းထောက်တွေ၊သံတမန်တွေအနေနဲ့ စိတ်ကြိုက်လွတ်လွတ်လပ်လပ် သွားချင်ရာသွား
သတင်းယူခွင့်လုံးဝ မပြုပါဘူး။ ခရီးစဉ်အစအဆုံး အစိုးရစီစဉ်ပေးတဲ့အတိုင်းပဲ လိုက်ရမှာပါ။
မြို့နယ်တခုမှာ မဲရုံက ရာပေါင်းများစွာရှိပါတယ်။
သတင်းထောက်၊သံတမန်တွေအနေနဲ့ မဲရုံ ဆယ်ဂဏန်းအရေအတွက်ကိုပဲ တနေကုန်လိုက်ကြည့်ခွင့်ရမှာဖြစ်တဲ့အတွက် အခြားမြို့နယ် တွေက မဲရုံထောင်ပေါင်းများစွာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာ သိနိုင်မှာမဟုတ်ပါဘူး။
အစိုးရကလည်း စံပြမဲရုံတွေမှာတော့ မှန်မှန်ကန်ကန်လုပ်ကောင်းလုပ်ပြနိုင်ပေမယ့် အခြားမဲရုံ တွေမှာတော့
လုပ်ချင်သလို လုပ်နိုင်ပါတယ်။ သတင်းထောက်တွေ၊ သံတမန်တွေကို ဒီလိုခေါ် ပြရုံနဲ့တော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ သက်သေပြလို့မရနိုင်ပါ ဘူး။
တကယ်တရားမျှတပြီး လွတ်လပ်တယ်လို့ ပြချင်ရင်တော့ နိုင်ငံတကာလေ့လာသူတွေ၊ သတင်းထောက်တွေနဲ့ သတင်းဌာနတွေကို ဖိတ်ခေါ်ဖို့ အရေးကြီးပါတယ်။ အစိုးရက
နိုင်ငံတကာအပြစ်မတင်ခံချင်တော့ လိမ်နည်းမျိုးစုံ သုံးနေတာကို သတိထားရပါ့မယ်။
သတင်းထောက်တွေ၊ သံတမန်တွေပါဝင်တဲ့ အဖွဲ့ ၁၈ ဖွဲ့အနေနဲ့ လူပေါင်း ၂၉ သန်းကျော်မဲပေးမယ့် မဲရုံ ပေါင်း လေးသောင်းနီးပါးကိုတော့ ဘယ်လိုမှ ကြည့်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒီ ၁၈ ဖွဲ့အလွန်ဆုံးကြည့်နိုင်လှ မဲရုံ ၂၀၀
လောက်သာ သွားခွင့်၊ ကြည့် ခွင့် ရမှာဖြစ်ပါတယ်။
စစ်အစိုးရကတော့ လိမ်နည်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲကို တရားမျှတလွတ်လပ်တယ်ဆိုပြီး နိုင်ငံတကာကို လိမ်ညာဖို့ ကြိုးစားနေတယ်ဆိုတာ သိစေချင်ပါတယ်။
ပြည်တွင်းမှ ဧရာဝတီသတင်းထောက် ပေးပို့သည်

Thursday, October 21, 2010
အလံသစ်၊ ယတြာနဲ့ သန်း ၆၀ ကို ကိုယ်စားပြု မပြု
ရန်ကုန်မြို့တော်တ၀န်းမှာ မုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းတွေက ပျံ့နေလေတော့ လူတွေကြားမှာ အထိတ် တလန့်ဖြစ်နေတယ်။
မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလလမ်းကြီးပေါ်မှာ မိုးဖွဲဖွဲလေးကျနေပြီး လူတွေကတော့ ပုံမှန်အတိုင်းသွားလာနေကြတယ်။
ဒါပေမဲ့ လူအချို့ကတော့ လက်မှာပတ်ထားတဲ့ နာရီကို ကြည့်လိုက် မြို့တော်ခန်းမရှေ့မှာ စိုက်ထူထားတဲ့ အလံတိုင်ကို လှမ်းကြည့်လိုက်လုပ်နေကြတယ်။ သူတို့တွေရဲ့ လက်ထဲမှာလည်း ကင်မရာကိုယ်စီနဲ့ တစုံတခုကို အာရုံစူးစိုက်နေပုံပါပဲ။
ညနေ ၃ နာရီထိုးဖို့ နီးလာတဲ့အမျှ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ နိုင်ငံခြားသတင်းထောက်တွေနဲ့ ပြည်တွင်းဂျာနယ်လစ်တွေ ပိုပိုလို့ များလာတယ်။ သတင်းထောက်တွေကြားမှာလည်း ယတြာချေတဲ့အနေနဲ့
အလံသစ်ပြောင်းမယ်ဆိုတဲ့ အကြောင်းကို အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကထဲကနေ ထွက်သွားပြီး ဘုန်းနိမ့်အောင်လုပ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံချခိုင်းတယ်တဲ့” ဟု နိုင်ငံခြားသတင်းထောက်တဦးက မှတ်ချက်ပေးတယ်။
ပြည်တွင်း သတင်းထောက်တွေကြားမှာလည်း ဗေဒင်ယတြာအရ အလံသစ်ပြောင်းတယ် ဆိုတဲ့အကြောင်း၊ ဒါဟာ ဥပဒေနဲ့ လုံးဝမညီဘဲ သူတို့လုပ်ချင်ရာ လုပ်တဲ့အကြောင်းကိုပဲ ပြောဆိုနေကြတယ်။
“၃ ကဏန်းကို နာမ်နှိမ်တဲ့အနေကို လုပ်လိုက်တာပဲ။ ဒေါ်စုကအင်္ဂါနေ့မှာမွေးတဲ့ သုံးကဏန်းသမားမို့ လုပ်တာ” ဟု ပြည်တွင်းသတင်းထောက်တဦးက ဆိုပြန်တယ်။
ညနေ ၃ နာရီထိုးဖို့ ၃ မိနစ်ခန့်မှာ ရန်ကုန်မြို့တော်ဝန်က မြို့တော်ခန်းမရှေ့ကနေ သတင်းထောက်တွေကို ထွက်ကြည့်တယ်။ ရန်ကုန်မြို့တော် ခန်းမတခုလုံးမှာလည်း စည်ပင်သာယာရေးဝန်ထမ်းတွေက
မြို့တော်ခန်းမရှေ့မှာ ရောက်နေတဲ့ သတင်းထောက်အုပ်ကြီးကို အထူးအဆန်းသဖွယ် ၀ိုင်းဝန်းကြည့်ရှုနေတယ်။
ညနေ ၃ နာရီမှာ ရန်ကုန်မြို့တော်က အစိုးရရုံးတွေမှာ အလံတင်သွားပြီဆိုတဲ့သတင်းက ရောက်လာတယ်။
ဒါပေမယ့် ရန်ကုန်မြို့တော် ခန်းမရှေ့မှာတောင် တုတ်တုတ်မှ မလှုပ်သေးပါဘူး။
နှစ်ပေါင်း ၃၆ နှစ်ကြာ လေထဲမှာ ပျံ့လွင့်နေခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကတော့ မကြာခင် သူမီးရှို့ခံရမယ်၊ မြေမြှုပ်ခံရမှာကို သိပုံ မပေါ်ပါဘူး။
မြို့တော်ခန်းမရှေ့မှာ စုဝေးနေတဲ့ သတင်းထောက်အုပ်ကြီးကြောင့် လမ်းသွားလမ်းလာတွေလည်း အထိတ်တလန့် ဖြစ်နေကြတယ်။
မထသ ၄၈ အထူးကားပေါ်က ဆင်းလာတဲ့ ခရီးသည်တဦးက “ဘာဖြစ်နေတာလဲဟင်” ဆိုတဲ့
မေးခွန်းနဲ့ သတင်းထောက်တွေ အာရုံစူးစိုက်ကြည့်နေတဲ့ မြို့တော်ခန်းမကို ကြည့်လိုက်၊ သတင်းထောက်တွေကို ကြည့်လိုက်နဲ့ေ၀၀ါးနေပုံရတယ်။
လူတွေအများစုကတော့ သတင်းထောက်တွေ ရပ်ကြည့်နေသလို မြို့တော်ခန်းမရှေ့ကို စိုက်ကြည့်နေတယ်။
နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတစ်စုကလည်း ကင်မရာတွေကိုင်ထားတဲ့ သတင်းထောက်အုပ်စုကို ကြည့်ပြီး ဘာဖြစ်နေတာလဲလို့ လာရောက်စူးစမ်းတယ်။
ညနေ ၃ နာရီ ၁၅ မိနစ်ခန့်ရှိချိန်မှာတော့ မိုးက တဖွဲဖွဲနဲ့ ပိုရွာလာတယ်။ သတင်းထောက်တွေအားလုံး ထီးကိုယ်စီနဲ့ ကင်မရာတွေကိုင်ပြီး စောင့်နေကြဆဲ။
မြို့တော်ခန်းမရဲ့ အလံတိုင်စိုက်ထူထားတဲ့ ၀ရန်တာပေါ်မှာတော့ ရဲဝတ်စုံကို ၀တ်စုံပြည့် ၀တ်ဆင်ထားတဲ့ ရဲ လေးဦးက အလံတိုင်ကို ၀ိုင်းရံပြီး အသင့်အနေအထား စောင့်နေကြတယ်။
ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာတော့ စစ်ဝတ်စစ်စား အပြည့်အစုံ ၀တ်ဆင်ထားတဲ့ စစ်အုပ်စုတခု ရောက်ရှိလာပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံဟောင်းကို ချပါတော့တယ်။
အဲဒီနောက် အလံတိုင်ထိပ်ပေါ်ကို ကြယ်ဖြူတလုံးပါ အ၀ါရောင်၊ အစိမ်းရောင်နဲ့ အနီရောင် စီခြယ်ထားတဲ့ သုံး ရောင်ခြယ်အလံကို နိုင်ငံတော်သီချင်းနဲ့လွှင့်တင်လိုက်တယ်။
အလံသစ်မှာပါတဲ့ အ၀ါရောင်က ဘာသာ၊ သာသနာနဲ့ ပညာတိုးတက်ခြင်း၊ အစိမ်းရောင်က စပါးဆန်ရေ၊ ကျွဲနွားနဲ့ အထွေထွေပေါများခြင်း၊ အနီရောင်က ရဲရင့်သော စိတ်ဓာတ်ခွန်အား၊ အဖြူရောင်ကြယ်က ပြည်ထောင်စုကို ကိုယ်စားပြုတယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က ထုတ်ပြန်ခဲ့တယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရတဲ့ အချိန်က အနီရောင်၊ အပြာရောင်နဲ့ ကြယ်ငါးလုံးအလံ၊ ၁၉၇၄ ခုနှစ်မှာ ယနေ့ တိုင်အသုံးပြုခဲ့တဲ့ အလံ၊ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာတော့ စစ်အစိုးရ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ အသုံးပြုတဲ့ သုံးရောင်းခြယ်အလံ သုံးခုကို ပြောင်းလဲအသုံးပြုခဲ့ပါပြီ။
ပြည်တွင်း နိုင်ငံရေးသမားတဦးကတော့ ရွေးကောက်ပွဲပျက်မှာစိုးလို့ အတင်းအကျပ် အလံသစ်ကို တင်ခဲ့တာလို့ ဆိုတယ်။
“ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပြီးမှ အလံသစ်ပြောင်းရမှာ။ အခု အတင်းအကျပ်ပြောင်းတာ။ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ သဘောပဲ” ဟု ၄င်းက ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ မြို့တော်ခန်းမရှေ့တွင် သုံးရောင်ခြယ် ကြယ်ဖြူအလံကြီးက ၀င့်ဝင့်ဝါးဝါး တလူလူ လွှင့်ထူ နေချေပြီ။
ပြည်တွင်း သတင်းထောက်တဦးကမူ နိုင်ငံတော်အလံသစ်ကို သန်း ၆၀ ကို ကိုယ်စားမပြုသော ယတြာ အလံဖြစ်တယ်လို့ ဆိုတယ်။
မြို့တော်ခန်းမရှေ့မှာ ဖြတ်သန်းသွားတဲ့ အရပ်သားတဦးကတော့ အလံသစ်က ဆေးရောင်စုံ ကလေးကစားစရာ အလံတခုလို ဖြစ်နေတယ်လို့ ဆိုတယ်။
အလံသစ်သတင်းထက် မုန်တိုင်းဝင်မယ်ဆိုတဲ့သတင်းကသာ ပြည်သူတွေကြားမှာ ဝေဖန်ပြောဆိုနေတဲ့ သတင်းကြီးတပုဒ် ဖြစ်နေဆဲပါ။
Wednesday, October 20, 2010
၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးချယ်ခြင်း
...
ရွေးချယ်စရာ ကိုယ်စားလှယ်ရှိခဲ့ပါက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရှစ်လေးလုံး လူထုအုံကြွမှုကြောင့် အသွင်ပြောင်းခဲ့ရ သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ကိုပင် မချစ်သော်လည်း အောင့်ကာနမ်းမည်ဟု စိတ်ထားခဲ့ကြကြောင်း ဧရာဝတီမှ စုံစမ်းမေးမြန်းခဲ့သည့် မဲဆန္ဒရှင် အမြောက် အမြားက ပြောကြသည်။
အချိန်၊ ငွေနှင့် လူအင်အား လုံလောက်စွာ မရရှိသော်လည်း လွတ်လပ်သော တခြား နိုင်ငံရေးပါတီများပင်လျှင် စစ်အစိုးရ က သာ မဲကို ရိုးရိုးသားသား ရေတွက်ခဲ့ပါက ၄င်းတို့ နိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြသည်။
အကယ်၍ ယခုရွေးကောက်ပွဲ ရလဒ်သည် စစ်အုပ်ချုပ်ရေးစနစ် ကိုယ်စားပြု ကြံ့ဖွံ့ပါတီ အပြတ်အသတ် အနိုင်ရရှိကြောင်း ကြေညာခဲ့သည်ဆိုပါက ပြုလုပ်နေကြ အမူအကျင့်အတိုင်း စစ်အာဏာရှင်များ မပြောင်းလဲဟု သတ်မှတ်ရုံသာ။ ကြံ့ဖွံ့ပါတီ ရှုံးသည့်ရလဒ် ထွက်ပေါ်လာပါကလည်း မြန်မာနိုင်ငံသားတို့၏ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့် တရားမျှတ ရေး မျှော်မှန်းချက် ရင်တွင်းမီးတောက်များကား မငြိမ်းသေးဟုပင် ဆိုရပေတော့မည်။
ရဲနည်၏ သူ့အတွေး သူ့အမြင် ဆောင်းပါးကို အပြည့်အစုံ ဖတ်ရန်

Tuesday, October 12, 2010
A True Story Behind Danish Embassy and The Irrawaddy
Danish embassy's letter to Irrawaddy is rude and undiplomatic. So editors and senior management here want the embassy to say sorry and apology. Meanwhile they are trying to reach senior officials at foreign ministry and the press in Denmark to expose the story.
But insiders say that there are untold stories behind Danish embassy officials' letter against The Irrawaddy. According to them, some Europeans donors are unhappy with The Irrawaddy's coverage on upcoming election in Burma, Rangoon-based NGO Myanmar Egress and European Commission delegation in Thailand. So the Danish embassy's letter now damaged the reputation of Irrawaddy -- is it an attempt to bring down Irrawaddy? The letter was sent to all donors....
An insider revealed that senior editors of The Irrawaddy come under pressure from those donors. Those donors have been trying to influence Irrawaddy's editorial policy, even threatening to withdraw their financial supports in the future. To Myanmar Egress case, they reportedly believed that Egress people are doing great and taking great risk to build up civil society in Burma.
“Great risk?” asked one senior reporter in Rangoon, “What risk are you talking about?” “They can hide behind Gen Shwe Mann and Htay Oo whenever they want.” He is right. Egress people are producing simple lies to naïve international donors. Everyone knows they have never been taken “great risks” like Min Ko Naing, Ko Ko Gyi, Zargana and all Buddhist monks and nuns in notorious Burmese prisons.
Senior editors at The Irrawaddy also revealed the poor communication between Danish embassy officials and them on self-sufficiency issue. The editors pointed out that exiled media all over the world are not self-sufficient, so they all rely on donors and outside support. They said that the recent exiled media forum in Chiang Mai, editors and managers from all over the world including North Korea, Kenya, Zimbabwe, Burma and South Africa have discussed the issue of their survival and came to conclusion that there is no business model yet to survive but rely on donors.
Irrawaddy has no choice except strongly defending their editorial independence.
At the same time, senior management team are joking among themselves whether they have to do gun running, opium trading or opening porn shop to generate income aside from good standard of journalism. Aung Zaw proposed to rob the bank—that shocked everyone at the office!
Reporters here are now saying, “This is crucial time to work as near the Nov 7 elections. But we have to put up with crap !!!!
Yangonthar Tar Tay

Friday, October 1, 2010
ထောက်ခံဖို့ မတန်တဲ့ ရွေးကောက်ပွဲ

မနေ့ကထုတ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာမှာ ဦးဝင်းတင် ရေးသားတဲ့ “ထောက်ခံဖို့ မတန်တဲ့ ရွေးကောက်ပွဲ” (An Election Not Worthy of Support) ဆောင်းပါးကို မိတ်ဆက် ဖော်ပြတာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နဗီ ပေလ်လီရဲ့ “မြန်မာပြည် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ သေချာစေဖို့ ကမ္ဘာကနေပြီးတော့ အစွမ်းကုန် သတိဝီရိယနဲ့ စောင့်ကြည်ရမယ်” စကားကို စိတ်ပျက်မိတယ်ဆိုပြီး ဆောင်းပါးကို စဖွင့်သွားပါတယ်။
တကယ့်တကယ်မှာ ဒီရွေးကောက်ပွဲဟာ မြန်မာ့အရေးအတွက် ဘာအဖြေမှ ထွက်မယ့်ပွဲ မဟုတ်ဘူး၊ စစ်အစိုးရကို တရားဝင်အစိုးရ ဖြစ်အောင်၊ စစ်အုပ်ချုပ်မှု သက်ဆိုးရှည်အောင် လုပ်ခြင်း သက်သက်ပဲလို့ ထောက်ပြထားပါတယ်။
စစ်အစိုးရဟာ ရွေးကောက်ပွဲကို ဗန်းပြပြီးတော့ တဘက်သတ်၊ ဒီမိုကရေစီ နည်းလမ်းတကျ မဟုတ်ဘဲ လုပ်နေတယ်ဆိုတာ ကမ္ဘာက သဘောပေါက်စေချင်ကြောင်း ဦးဝင်းတင်က ရှင်းပြထားပါတယ်။
ဦးဝင်းတင်က “မကြာသေးခင်ကအထိ ကုလသမဂ္ဂ တောင်းဆိုချက်တွေထဲမှာ တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ အတိုက်အခံတွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး စစ်အစိုးရဟာ နိုင်ငံရေးပါတီအားလုံး ပါဝင်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ခွင့် ရှိရေး၊ လွတ်လပ်ပြီး တရားမျှတရေးကို ဆောင်ရွက်ပေးဖို့ ပါခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံရေးပါတီအားလုံး ပါဝင်နိုင်ရေး ဆိုတဲ့ စကားစုကို သူတို့ရဲ့ ထုတ်ပြန်ချက်တွေ၊ မိန့်ခွန်းတွေထဲကနေ ဖြုတ်ထားပစ်ခဲ့တာတော့ အံ့အားသင့်စရာကြီးပါပဲ” ဆိုပြီး ကုလသမဂ္ဂရဲ့ ရပ်တည်မှုအပေါ်မှာလည်း ဝေဖန်သွားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင် ခန့်ထားတာတွေရော၊ ရွေးကောက်ပွဲ ဥပဒေတွေရော၊ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးတာတွေရောကို ထောက်ရင် မစ္စ ပေလ်လီပြောသလို ရွေးကောက်ပွဲနေ့အထိတောင် စောင့်ကြည့်နေဖို့ မလိုပါဘူးလို့ ဦးဝင်းတင်က ပြောထားပါတယ်။
ဥရောပသမဂ္ဂရဲ့ မီးစတဖက် ရေမှုတ်တဖက် မူဝါဒကိုလည်း ဝေဖန်ထားပြီးတော့ ဥရောပက မိတ်ဆွေတွေအနေနဲ့ ရွေးကောက်ပွဲကြီးကနေ တခုခုတော့ ဖြစ်လာတော့မှာပဲဆိုပြီး အိပ်မက်မက်နေတာတွေကို စွန့်လွှတ်ကြဖို့၊ စစ်အစိုးရ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရေးကိုသာ စိုင်းပြင်းကြဖို့ ဦးဝင်းတင်က အဆုံးသတ် တိုက်တွန်းထားပါတယ်။
ခက်ထန်
Subscribe to: Posts (Atom)
No comments:
Post a Comment