Friday, November 19, 2010

Friday, November 19, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၉-၁၁-၂၀၁၀)

- NLD လူငယ်များ၏ HIV ဂေဟာကို ပြောင်းရွှေ့ခိုင်းနေ click
- အန်အယ်လ်ဒီပါတီ ဆက်လက်ရပ်တည်ရေး တရားရုံးချုပ် ကြားနာ click
- လူစုဝေးမည်စိုးသဖြင့် တရားရုံးချုပ် အယူခံကိစ္စရပ်များ နေပြည်တော်သို့ ရုတ်တရက် ပြောင်းရွှေ့ click
- ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် ဆွေးနွေး click
- သတင်းစာဆရာတဦးနဲ့ မိုးမခ စကားလက်ဆုံ - ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ရန်လိုသတဲ့လား click
- ဒေါ်အောင်ဆန်းစုကြည်၏ နှလုံးသားပုံရိပ်များ (အပိုင်း - ၆) (ဆောင်းပါး) click
- ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိ click
- မြို့တက် SSA မြောက်ပိုင်း အမာခံများ အားစောင့်ဖမ်းရန် လားရှိုး တိုင်းစစ်ဌာနချုပ် ညွှန်ကြား click
- မြ၀တီမြို့မှာ ဗုံးခွဲနှင့် အမှားပြင်ဆင်ချက် click
- ကေအဲန်အယ်လ်အေက နအဖ တပ်ရိက္ခာ ဆန်အိတ် (၅၀) သိမ်းဆည်းခဲ့ click
- KNU နဲ့ လာရောက်ပေါင်းစည်းတဲ့ DKBA ၉၀၉ တပ်ရင်းအား ဂုဏ်ပြုကြိုဆို (၁၇၊ ၁၁၊ ၂၀၁၀) (ရုပ်သံ) click
- သက်ကြီးကချင်အမျိုးသမီး (၂) ဦး ယုဇန၀န်ထမ်းတဦး၏ အဓမ္မပြုကျင့်၊ ရိုက်နှက်ခြင်းခံရ click
- ဂီရိဒုက္ခသည်များ အကူအညီ လိုအပ်ဆဲ click
- First Eleven ဂျာနယ် နှစ်ပတ်ပိတ်ခံရ click
- ဘာသာရေးဖိနှိပ်မှု အဆိုးဆုံးနိုင်ငံ မြန်မာ ပါဝင်ဟု အမေရိကန် ထုတ်ပြန် click
- နိုဝင်ဘာ (၁၉) ရက် နောက်ဆုံးရ သတင်းတိုများ click
- နိုင်ငံရေးအကျဉ်းသားများကို မိုးမခပရိသတ်နှင့် မိတ်ဆက်ပေးမည် click
- ငြိမ်းချမ်းရေး (အသံလွှင့်ဆောင်းပါး) click
- NDF ဒုတိယခေါင်းဆောင်ကို ပါတီက ထုတ်ပယ် click
- ရွေးကောက်ပွဲ တရားမျှတမှုမရှိကြောင်း NDF ပါတီမှ ကော်မရှင်ထံ စာတင် click
- ထောက်ခံမဲ ဆန္ဒရှင်များအား ကျေးဇူးတင်အခမ်းအနား ကျားဖြူပါတီ ကျင်းပမည် click
- ကြံ့ဖွံ့ပါတီ လမ်းဘေး ဆိုင်းဘုတ်ထောင်ဆဲ click

အပြည့်အစုံသို့...

ရိုင်းမိုက်ကယ်သရော် လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ ဆော်

ရဲဘော်ကျော်သန်း

‘ဘီကြား’ ဆိုတဲ့ ဇာတ်စကားတခုရှိတယ်။ ကိုယ့်ဟာကိုယ် ဘာမှန်းမသိပဲ ဆိုင်းသံကြားရင် ကချင် ခုန်ချင်တဲ့ တောင်မရောက်မြောက်မရောက် နမူနထိုင်း အရှက်မရှိတဲ့သူကို ခေါ်တဲ့စကားတခုပေါ့။ ဗြုပ္ပတ်ကို ပြောရရင် တခါက ဇာတ်ပွဲတခုမှာ ဇာတ်ပိုးရှိတာကလွဲလို့ ဘာအရည်အချင်းမှ မရှိ၊ သုံးမရတဲ့ သူတယောက်ရှိတယ်။ ဒီ တော့ ဇာတ်ထဲမှာ ကားလိပ်ကြိုးဆွဲလိုက်၊ ထမင်းချက်လိုက်နဲ့ ကြာလာတော့ ဇာတ်ဆရာက သနားပြီး အရေး မကြီးတဲ့ ဇာတ်ဝင်ခန်း တခန်းနှစ်ခန်းမှာ သုံးပေးတယ်။

တညမှာတော့ ဇာတ်ထုပ်တခုမှာ သူ့ကို ဘီလူးခန်းက တခန်းထည့်ထားတယ်။ ဒီတော့ ဒီလူလည်း ဘီလူကြိမ်း ဇာတ်စကားလေးတွေ အပြေးအလွှား ကျက်နေတာပေါ့။ ဖြစ်ချင်တော့ အဲဒီညမှာ အဲဒီဇာတ်ထုပ်ကို မကဖြစ် တော့ဘဲ တခြားဇာတ်ထုပ်ကို အခြေအနေအရ ပြောင်းကကြတယ်။ အဲဒီဇာတ်ထုပ်မှာလည်း ဇာတ်ဆရာက သူ့ ကို သိကြားမင်းအခန်းက တခန်းကပေးဖို့ ထည့်ထားတယ်။ ဒီလူလည်း သူ့အလှည့်ကိုစောင့်ရင်း ခဏအိပ်ပျော် သွားတယ်။ ဒီလိုကကြရင်း သူ့အလှည့်ရောက်လို့ နှိုးလွှတ်လိုက်တော့ တွေ့ရာဇာတ်ရုပ်တခု ခေါင်းစွပ်ပြီး ဇာတ် ခုံပေါ်တက်သွားတယ်။ ရောက်တာနဲ့ မနက်က ကျက်ထားတဲ့ ဒဿဂီရိမည်ရတွင်ကျော် ဘုန်းမော်အံ့ထူး၊ ယ က္ခမှူးတဲ့ ငါဟဲ့ဘီလူး ဘာ ညာနဲ့ ကျက်ထားတာတွေ ရွတ်ရင်းတန်းလန်း ခေါင်းစမ်းကြည့်တော့ ဘီးလူးခေါင်း စွပ်မဟုတ် သိကြားခေါင်းစွပ် ဖြစ်နေရော။ ဒါနဲ့ အဆုံးသတ် အချပိုဒ်ကို ဘီလူးလည်းမဟုတ်၊ သိကြားလည်း မ ဟုတ်တဲ့ ငါဟဲ့ဘီကြားလို့ လုပ်ချလိုက်တာ ပရိသတ်လည်း ပတ်တုတ်မရ၊ ဇာတ်လည်း ပျက်ရော။

ကျုပ်တို့ ဗမာပြည်သူတွေအတွက်လည်း အနှီသို့သော ဘီကြားအမတ်မင်းများနဲ့ ဘီကြားလွှတ်တော်ကြီးတွေ ပေါ်ပေါက်လာပါပြီ။ မိုက်တဲ့သူတွေ အားကိုးလောက်စရာ လွှတ်တော်ကြီးတွေပေါ့။ လွှတ်တော်ဆိုလို့ အခြား တပါး လွှတ်တော်တွေလို လူထုအကျိုးဆောင်မယ့်၊ တိုင်းရေးပြည်ရာတွေကို စီမံခန့်ခွဲမယ့်လွှတ်တော်လို့ မ ထင်လိုက်လေနဲ့။ လွှတ်တော် လွှတ်တော်နဲ့ တစာစာအော်ရင်း အမျိုးကောင်းသမီးတွေ၊ အမျိုးကောင်းသား တွေ ဝေးရာက ရှားရမယ့် လွှတ်တော်တွေပဲဖြစ်တယ်။ စစ်အာဏာရှင်တွေ ကြိုဆွဲရာကရမယ့် လူရမ်းကား အ မတ်တွေနဲ့ ရုပ်သေးလွှတ်တော်တွေပဲဖြစ်တယ်။ ခုံဖိနပ်စုပ်နဲ့သာ ဆော်ဖို့ကောင်းတဲ့ အဓမ္မဝါဒီ မုဒိမ်းတတ္တတွေ ရဲ့ လွှတ်တော်တွေလေ။ မိစ္ဆာသန်းရွှေ အမှူးရှိတဲ့ နအဖ ဖက်ဆစ်ဗိုလ်ချုပ်တွေရဲ့ နဖားကြိုးတန်းလန်းနဲ့ လွှတ် တော်ကြီးပေါ့။

ဘီကြားအမတ်များဆိုတာကလည်း မိစ္ဆာသန်းရွှေခိုင်းသမျှကို လက်ညှိုးထောင် ခေါင်းညိတ်လောက်သာ လုပ် တတ်တဲ့ စစ်ဗိုလ်လူထွက်တွေ၊ လူထုအရေး တရွေးသားတောင် ထည့်မစဉ်းစားတဲ့သူတွေ၊ ရထားတဲ့ မဲဆို လည်း သန့်သန့်ရှင်းရှင်း တခုမှမပါဘူး။ ကလိန်မဲ၊ ညစ်မဲ၊ ညာမဲ၊ ကောက်မဲ၊ ခြောက်မဲ၊ လှန့်မဲ၊ လုမဲ၊ အတုမဲ၊ ခိုးမဲ၊ ဝှက်မဲ ... စတဲ့ မတော်မတရား အလိမ်အညာနည်းပေါင်းစုံနဲ့ ရထားတဲ့ မဲတွေနဲ့ အမတ်ဖြစ်လာကြသူတွေ ပေါ့။ အရှက်မဲ့လိုက်တာကတော့ ကမ်းကိုကုန်ရော။ နယ်အသီးသီးမှာ စစ်ဗိုလ်လူထွက် ကြံ့ဖွတ်တွေ ရှုံးခြေ လည်းမြင်ရော ကြိုတင်မဲဆိုတာတွေနဲ့ အနိုင်ယူသွားတယ်။ တောင်ငူနယ်မှာဆို ကြိုတင်မဲအတုတွေ များသွား လို့ မဲပေးတဲ့သူ (၁၀၃) % တောင် ရှိတယ်ဆိုပါလား။

အတုအယောင် ရွေးကောက်ပွဲပဲဆိုချင်ဆို မဟာသူရဲဘောကြောင်သူ ဗမာဗိုလ်ချုပ်တွေရဲ့ ရွေးကောက်ပွဲက တော့ ကမ္ဘာမှာ ကြိုတင်မဲအများဆုံး စံချိန်ချိုးသွားခဲ့ပြီဖြစ်တယ်။ သူ့တို့ကိုယ်တိုင်လုပ်ထားတဲ့ ကြိုတင်မဲ ငါးရာ ခိုင်နှုန်းထက်မပိုရဆိုတဲ့ ရွေးကောက်ပွဲဥပဒေကို သူတို့ကိုယ်တိုင်ချိုးဖောက်တာ အသေအချာပေါ့။ အရှက်ကင်း မဲ့လိုက်ပုံက ဇမ္ဗူမှာတလူဆိုရမလောက်ပါပဲ။ ကြိုတင်မဲဆိုတာက မဲပေးတဲ့နေ့မှာ ကိုယ့်သက်ဆိုင်ရာ မဲရုံကို တ ကယ်ခိုင်မာတဲ့ အကြောင်းတွေကြောင့် မလာနိုင်တဲ့ မဲဆန္ဒရှင်တွေအတွက် ဖွင့်ပေးထားတဲ့ ခြွင်းချက်အခွင့်အ ရေးဖြစ်တယ်။

နအဖတို့ရဲ့ ကြိုတင်မဲဆိုတာတွေကတော့ အဲဒီ့ခြွင်းချက်ပါ သတ်မှတ်ချက်တွေနဲ့ ကင်းလွတ်ပြီး သူတို့နိုင်ရာ ဗိုလ်ကျခံ ဝန်ထမ်းတွေ၊ စစ်သည်စစ်သား မိသားစုတွေ၊ မသိနားမလည်တဲ့ ဆင်းရဲသား ပြည်သူတွေကို အဓမ္မ အကျပ်ကိုင် နားလှည့်ပါးရိုက် ယူထားတဲ့ မဲတွေပဲ။ တချို့ကြိုတင်မဲတွေ ဆိုတာကတော့ ရပ်ကွက် လူဦးရေစာ ရင်း ကြည့်ပြီး ကြံ့ဖွတ်တွေကိုယ်တိုင် အတုလုပ်ထားတာဖြစ်တယ်။ ဒါကြောင့် တချို့နယ်တွေမှာ ရှိတဲ့လူဦး ရေထက် မဲတွေပိုနေတာပေါ့။ သူတို့က ရွေးကောက်ပွဲမှာ မဲပေးတဲ့သူ (၆၀) % ရှိတယ်လို့ ဆိုတယ်။ တကယ် ကတော့ သူတို့ မတော်မတရားလုပ်ထားတဲ့ ကြိုတင်မဲတွေ ထည့်တွက်ရင်တောင် (၄၀) % ပြည့်ဖို့ မလွယ်ဘူး။ တချို့မဲရုံတွေဆို မဲပေးတဲ့သူ ဆယ်ယောက်တောင် မပြည့်ဘူး။

ဒီလောက်ကန်းကုန်အောင် လိမ်ညာညစ်ပတ် ယုတ်မာထားတာတောင် ရွေးကောက်ပွဲရလဒ်ကို အခုထိ တရား ဝင် မကြေညာနိုင်သေးဘူး။ အလိမ်အကောက်စာရင်းတွေ ညှိရခက်နေလို့ဖြစ်မယ်။ ဒီနေ့ခေတ်သူတပါး ရွေး ကောက်ပွဲတွေဆို ဒီနေ့ရွေးကောက်ပွဲလုပ် နောက်တရက် ရလဒ်ကို တရားဝင် ကြေညာပြီး တပတ်အတွင်း အ စိုးရဖွဲ့နိုင်ကြတယ်။ အဖြေက ရှင်းတယ်။ ရွေးကောက်ပွဲက အတုဖြစ်တယ်။ လွှတ်တော်တွေဆိုတာကလည်း အတုဖြစ်တယ်။ နဖားကြိုးတန်းလန်းနဲ့ လွှတ်တော်တွေ။ မိစ္ဆာသန်းရွှေနဲ့ အပေါင်းအပါတွေက ဘယ်တော့မှ အာ ဏာကို လက်မလွှတ်ဘူး။ စစ်အာဏာရှင်စနစ် တည်မြဲရေးကို အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်။

ဒီလိုအခြေအနေဆိုးကိုတောင် နိုင်ငံရေးအရေခြုံ ရေပေါ်ဆီ လူလယ်လူတတ် ငို့ဘသမားတွေက ချီးမွမ်းကြ၊ အ ကောင်းမျှော်လင့်ကြနဲ့ လိမ်ညာယုတ်ပတ်တဲ့ ရွေးကောက်ပွဲနဲ့ အယုတ်တမာ စစ်အုပ်စုကို ကဲ့ရဲ့ရှုတ်ချဖို့ တွန့် ဆုတ်နေကြတုန်းပဲ။ သူတို့ဖောက်သည် သတင်းမီဒီယာတွေကတဆင့် လူထုကို သီတင်းမှားပေး အလံရှူးလုပ် ဖို့ ကြိုးစားနေကြတုန်း။ အချောင်သမား ဟန်ညောင်ရွှေက VOA ကတဆင့် ရွေးကောက်ပွဲဟာ မတရားတာမှန် ပေမယ့် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်တာ၊ ပြီးတော့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရတ ခု ပေါ်ပေါက်လာတာဟာ ဒီမိုကရေစီလမ်းကြောင်းအပေါ် ရောက်လာခြင်းဖြစ်တယ်လို့ အပြင်ကနေ အူသလို နအဖအလံရှူး နေဝင်းမောင်တို့၊ အောင်ထွဋ်တို့ အီးဂရက်အုပ်စုကလည်း ရွေးကောက်ပွဲကို ချောတိုင်တက်တာ နဲ့ နှိုင်းပြီး ချောတိုင်တက်တာ မမှားဘူး။ ချောတိုင်တက်သလို သဘောထားပြီး တကြိမ်မရ တကြိမ် အာဏာရှင် တွေရဲ့ လမ်းကြောင်းအတိုင်း ကြိုးစားဦးမယ်လို့ အတွင်းကနေ ဟောင်နေကြတယ်။

ရှေးလူကြီးများရဲ့ အဆုံးအမတခု ရှိပါတယ်။ ကိုယ့်အမှားကို သိမှ လူကောင်း လူမှန်၊ အဲဒီအမှားကို ပြင်နိုင်မှ ပ ညာရှိသူတော်ကောင်း ဖြစ်တယ်။ ကိုယ့်အမှားကို မသိမြင်နိုင်လောက်အောင် အတ္တလွန်ကဲရင် လူမိုက်၊ လူ ယုတ်မာလို့ ဆိုပါတယ်။ နေမျိုးဝေလို နိုင်ငံရေးလူပျက်ကတောင် မှားပါတယ်လို့ ဝန်ခံထားပြီးသားပါ။ ဒီလို နိုင် ငံတခု၊ ပြည်သူတရပ်လုံးရဲ့ ကံကြမ္မာနဲ့ဆိုင်တဲ့ နိုင်ငံရေးရာဇဝတ်မှုကို မှားပါတယ်လို့ မမြင်နိုင်၊ ဝန်မခံချင်သူ တွေကို ဘယ်လိုပြောကြမလဲ စကားလုံးတောင် ရှာမရတော့ပါဘူး။

ဒီရွေးကောက်ပွဲဆိုတဲ့ လုပ်ပွဲကြီးကို လေ့လာကြည့်ရင် စစ်အုပ်စုဟာ အရံအတား အဆင့်ဆင့်နဲ့ သူ့စိတ်ကြိုက် ဖန်းတီးသွားခဲ့တယ်။ နောက်ဆုံးအဆင့် ကြိုတင်ဂျိုကာမဲတွေနဲ့ သူကြိုက်သူ မကြိုက်သူတွေကို နိုင်စေတယ်၊ ရှုံးစေတယ်။ ဒေသအလိုက် အင်အားကောင်းပါတယ်ဆိုတဲ့ တိုင်းရင်းသားပါတီတွေတောင် သူတို့ပြည်နယ်တွေ မှာ ပြည်နယ်အစိုးရဖွဲ့နိုင်လောက်အောင် နိုင်တဲ့ပါတီမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိခင်ပါတီကို ကျောခိုင်း ပြီး ရွေးကောက်ပွဲလိုလားတဲ့ အတွင်းအပြင်က အန်ဂျီအိုတွေ၊ သတင်းမီဒီယာတွေက ဝိုင်းလှော်ပေးနေကြတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ထဲမှာတောင် မူလ NLD က လူတွေကို အနိုင်မပေးဘူး။ အီးဂရက်က လူတွေကိုပဲ အနိုင်ပေးထားတာဟာ စိတ်ဝင်စားစရာပါ။

ဒီမှာ အတွင်းအပြင်က အချောင်သမားတွေ၊ တိုင်းခြားနဲ့ ဗမာအန်ဂျီအိုလိုလို လူတတ်လိုလို ဆိုသူတွေ၊ သတင်း မီဒီယာတွေနဲ့ အဲဒီနောက်ကွယ်က အရိပ်ပွဲ ကစားသမားတွေ (Shadow Player) တွေကြားက အချိတ်အ ဆက် အပေးအယူတွေကို မြင်နိုင်ပါတယ်။ နအဖ ဗိုလ်ချုပ်တွေကလည်း မြင်ကြပါတယ်။ လောကကြီးမှာ အ လိမ်ခံရတယ်ဆိုတာ အတဲ့သူနဲ့ လောဘဖိစီးဖောက်ပြန်သူတွေပဲဖြစ်တယ်။ တကြိမ်ထက် ပိုအလိမ်ခံရသူဟာ အ န ထုံထိုင်း ထိနမိဒ္ဓများသူ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် အတ္တလောဘကြီးသူတွေပဲ ဖြစ်ပါတယ်။ ၉၀ ခု ရလဒ်ကို မျက်ကွယ်ပြုထားတာ၊ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံနဲ့ သိက္ခာကင်းမဲ့တဲ့ ရွေးကောက်ပွဲ မတရားဥပဒေတွေ စည်း မျဉ်းစည်းကမ်းတွေက စစ်အုပ်စုဟာ ဘယ်တော့မှအာဏာမလွှဲဘူးဆိုတဲ့ သူတို့သဘောထားကို အထင်အရှား ပြသပြီးသားဖြစ်တယ်။ ရုပ်သေးပါတီ ကြံ့ဖွတ်တွေကလည်း ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်လို့ ဗြောင်ပြောထားပြီး သားပဲ။ ဒီလို ရွေးကောက်ပွဲကို အကောင်းမျှော်လင့်ချက်ထားနေတာ၊ ဝင်ပြိုင်တယ်ဆိုတာဟာ လူ့အန္ဓတွေနဲ့ အတ္တလောဘသားတွေပဲဖြစ်တယ်။

ခွဲခြမ်းစိတ်ဖြာကြည့်ရင် ...

(၁) ၉၀ ခု ရွေးကောက်ပွဲမှာ အရှုံးကြီးရှုံးခဲ့လို့ အခုတခါတော့ ဒေါ်စု မပါတာ တို့အခွင့်အရေး၊ ရတုန်းယူထား လိုက်မယ်ဆိုတဲ့ မျိုးဆက်ဟောင်း ပါတီဟောင်းတွေ။

(၂) တိုင်းပြည်အတွက် မဖြစ်စလောက်လေး ပေးဆပ်ခဲ့ လုပ်ခဲ့တာကို အဟုတ်ကြီးထင်ပြီး အခွင့်သာတုန်း အ မြတ်ထုတ်လိုက်မယ်ဆိုတဲ့ ၈၈ ပျက်တွေ။

(၃) သူ့ဆန်စားထားလို့ ကျရာတီးလုံးအတိုင်း ကနေကြရတဲ့ ပယောဂပူးနေသူတွေ။

(၄) ရှုံးလည်းခံသာ နိုင်ရင်အမြတ်ဆိုတဲ့ ဖဲသမားညာဉ်နဲ့ ဝိသမလောဘသား စီးပွားရေးသမားတွေပဲဖြစ်တယ်။

ဘယ်ပါတီပဲ ကြည့်လိုက် ကြည့်လိုက် ရွေးကောက်ပွဲဝင်မယ့် ပါတီလို့သာဆိုတယ် ဘာနိုင်ငံရေးရည်မှန်းချက် လမ်းစဉ်မှ တိတိကျကျ ပြဋ္ဌာန်းကြေညာထားတာ မတွေ့ရဘူး။ အနိမ့်ဆုံးအဆင့် အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ရဲ့ ကံကြမ္မာကို လေသံတချက် ဟတဲ့ ပါတီတခု ကိုယ်စားလှယ်လောင်း တ ယောက်မရှိခဲ့ဘူး။

ဒီလိုရွေးကောက်ပွဲရဲ့ရလဒ် ဘယ်သူရှုံးလို့ ဘယ်သူနိုင်သည်ဖြစ်စေ ဘာနိုင်ငံရေးအဓိပ္ပာယ်မှ မရှိပါဘူး။ ဒီအတု အယောင် ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် လွှတ်တော်များဆိုတာကလည်း ဘယ်နည်းနဲ့မှ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ လူထုတွေကိုယ်တိုင် အကျုံးဝင်ပတ်သက်တဲ့ ရွေးကောက်ပွဲမှာတောင် ဒီ လောက် ဗြောင်ကျကျ လိမ်ညာယုတ်ပတ် အနိုင်ကျင့်နေတဲ့ စစ်အုပ်စုဟာ လူထုအခန်းကဏ္ဍမပါတဲ့ လွှတ် တော်ထဲမှာ ဘယ်လောက် ဖောက်ပြန်ရမ်းကား ဗိုလ်ကျကြလေမလဲဆိုတာ သိပ်စဉ်းစားကြည့်စရာမလိုပါဘူး။ စစ်အုပ်စုက အနိုင်ပေးလို့ လွှတ်တော်ထဲရောက်လာကြတဲ့ အမတ်တွေ ဘာတွေ ပြောခွင့်ရပြီး ဘာတွေလုပ်နိုင် ကြမလဲ။ ကြိမ်တချက် ဝင့်ပြရုံနဲ့ ငြိမ်ဝပ်ကုပ်ချိသွားမယ့်သူ၊ ကိုယ့်ဟာကို ချိန်ခွင်ပေါ်တက်ထိုင်မယ့်သူ ဘယ် လောက်ပါမလဲ စောင့်သာကြည့်ကြပါတော့။ ဒါကြောင့် လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး ဒီမိုကရေ စီ ဖော်ဆောင်မယ်ဆိုတာဟာ အဓိပ္ပာယ် အကင်းမဲ့ဆုံး ဆင်ခြေလုပ်ရပ်ပဲဖြစ်တယ်။ ဒီလိုရွေးကောက်ပွဲတွေ န ဖားကြိုးတန်းလန်း လွှတ်တော်တွေ ရှိလာတာဟာ ဒီမိုကရေစီရဲ့ လမ်းစပဲလို့ ပြောနေတာဟာ အမှန်တရားကို သစ္စာဖောက်တဲ့ ကိုယ်ဘို့သာသိတဲ့ ငို့ဘသမားတွေသာဖြစ်တယ်။

မိစ္ဆာသန်းရွှေကို အားကျမခံ ကျုပ်တို့ ပြင်ပမှာလည်း အလားတူတွေ တချိန်တည်း ဖြစ်ထွန်းနေတယ်။ အလုပ် သမားခေါင်းဆောင်ဆိုတဲ့ မောင်မောင်နဲ့ အပေါင်းအပါများကလည်း ဖယ်ဒရယ်ပါလီမန်ဆိုတဲ့ ဘီကြားလွှတ် တော်ကြီးတခု ဖွဲ့လိုက်ကြပြန်ပါပြီ။ ၉၀ ခု အမတ်တွေ၊ လက်သင့်ရာ အဖွဲ့အစည်းခေါင်းဆောင်ဆိုသူတွေ၊ ပြီး တော့ ဘယ်လိုညာဝါး စည်းရုံးထားလဲ မသိဘူး၊ ထုံးစံအတိုင်း အစဉ်အလာရှိတဲ့ မွန်၊ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ စုပေါင်းစပ်ဖာ အူကြောင်ကြားလွှတ်တော်မဟာကြီးပေါ့။ ပြီးရင် ဖယ်ဒရယ်အစိုးရနဲ့ ဖယ် ဒရယ်အာမီဆိုတာကြီးတွေပါ ထူထောင်ကြဦးမယ်ဆိုပဲ။ လေသံသာ ပစ်နေတယ် အဆံကတော့ ဗလာ။ ဗိုလ် နှုတ်ခမ်းမွေးတို့ ရန်သူကို တကယ်ထတိုက်နေတာကိုတော့ ကျည်တတောင့်၊ ငါးပိတကော် ထောက်ပံ့တယ် မ ကြားမိဘူး။ ဖွဲ့လိုက်ရင်လည်း အမျိုးသားနဲ့ချည်း ချီပြီးဖွဲ့တယ်။ အဖွဲ့အမည် ပရောဂျက်တွေသာ ပြောင်းသွား တယ်။ လူတွေကတော့ စားနေကျ ကြောင်ပါး ဒီလူဒီမျက်ခွက်ချည်းပဲ။ အထဲကတိုက်ပွဲကို ပံ့ပိုးတဲ့ လုပ်ငန်းတွေ လုပ်ဖို့၊ အပြင်က စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစုတွေ စုစည်းဖို့တော့ မစဉ်းစားဘူး။ ကိုယ့်နေရာ ကိုယ့် အခန်းကဏ္ဍမသိ၊ ကိုယ့်တာဝန် ကိုယ်မထမ်း၊ ဖဲသမားလို ဟိုလှည့်ဒီလှည့် ကုလားဖန်ပြောင်းထိုးပြီး အနှစ် ၂၀ လမ်ကြောင်းအတိုင်း အဖွဲ့ထောင် ပရောဂျက် တင် လုပ်စားဖို့ပဲ ချောင်းနေတယ်။

ကျုပ်တို့ဗမာမှာ လွှတ်တော်ဆိုတာက မင်္ဂလာတရားတွေနဲ့ အညီပေါ်လာတာ၊ သီးခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာ ခြင်းနှင့် တိုင်းသူပြည်သားအကျိုးကို ရှေးရှုခြင်း စတဲ့တရားတွေနဲ့ ပေါ်လာတာဖြစ်တယ်။ ပုဂံခေတ်က ထီးလို မင်းလိုလို့လဲခေါ် နန်းတောင်းများမင်း (သို့) နားဋောင်းများမင်းလို့လဲခေါ်တဲ့ မင်းရဲ့လက်ထက်မှာ ပေါ်ပေါက်ခဲ့ တယ်။ နန်းတောင်းများမင်းဟာ ညီအစ်ကိုအများထဲက နောင်တော်တွေကို ကျော်ပြီး မင်းဖြစ်လာတယ်။ သူ့ မယ်တော် မိဖုရားငယ်က လင်မင်းကြီးရဲ့ လိုရာဆုတောင်းစေဆိုတဲ့ ကတိစကားကို ဆုပ်ကိုင်ပြီး သားအတွက် ထီးနန်းတောင်းပေးလို့ ရခဲ့တယ်။ ဒါပေမယ့် သူ့ထက်ပိုပြီး ထီးနန်းရထိုက်တဲ့ နောင်တော်တွေလည်း ရှိနေ တယ်။ ဒါကြောင့် နန်းတောင်းများမင်းဟာ နန်းတော်ထဲမှာ တရားဇရပ်တဆောင် ဆောက်ပြီး နောင်တော်တွေ ကို လွှတ်တက်စေကာ သူ့ကိုယ်စား တိုင်းပြည်အရေးအရာတွေကို စီရင်စေတယ်။ ပြောရရင်တော့ အာဏာခွဲ ပေးတာပေါ့။ တိုင်းပြည်အရေးအရာတွေကို ချမှတ်တဲ့ အမိန့်အာဏာတွေ ပို့လွှတ်တဲ့နေရာ တိုင်းသူပြည်သား တွေကြားက အမှုအခင်းတွေကို စီရင်ပြီး ပလပ်စေ၊ လွှတ်စေ ဆုံးဖြတ်စီရင်တဲ့အတွက် လွှတ်တော်လို့ခေါ် တယ်။

နောက်ပိုင်းခေတ်တွေမှာ မင်းညီမင်းသားတွေသာမက ဝန်၊ အမတ်စတဲ့ ပညာရှိပုဂ္ဂိုလ်တွေပါ လွှတ်တက်စီရင် လာကြတယ်။ ဒီအဖြစ်တွေကို ကြည့်ရင် မိဖုရားငယ်အပေါ်မှာ ကတိတည်တဲ့ မင်းကြီး၊ ရသင့်ရထိုက်တဲ့ ကိုယ့် အခွင့်အရေး ဆုံးရှုံးမှုကို သီးခံခဲ့တဲ့ နောင်တော်များ၊ သက်ဦးဆံပိုင် ဘုရင်ဖြစ်ပါလျက် နောင်တော်တွေအပေါ် စာနာစိတ်နဲ့ အာဏာခွဲဝေပေးခဲ့တဲ့ ဘုရင်နဲ့ ခြုံကြည့်ရင် ပြည်သူတွေရဲ့ အသက်အိုးအိမ်တည်ငြိမ်မှုကို ရှေးရှုပြီး နန်းလုပွဲပဋိပက္ခတွေကို ရှောင်ရှားခဲ့ကြတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များရဲ့ အမြှော်အမြင်နဲ့ စေတနာတရားတွေဟာ အင်မတန်လေးစား ဂုဏ်ယူထိုက်ပါတယ်။

မတရားလုယူထားတဲ့ အာဏာအခွင့်အရေးကို ဆက်ပြီး ခိုးဆိုးလုယက်ဖို့ ကတိမတည် သစ္စာဖျက်ပြီး အာဏာ မြဲဖို့ လုပ်နေသူများနဲ့တော့ နံ့သာဆီနဲ့ အီးလို ကွာခြားလှပါတယ်။ ဒါကြောင့် အများပြည်သူအကျိုးအတွက် မင်္ဂ လာတရားများနဲ့အညီ ပေါ်ထွန်းခဲ့တဲ့ မူလလွှတ်တော်နဲ့ ဒီနေ့ကျုပ်တို့ မြင်တွေ့နေရတဲ့ ဘီကြားလွှတ်တော်များ နဲ့ကတော့ မနှိုင်းသာအောင် ခြားနားလှပါတယ်။ ဒီတော့ တော်လှန်ရေးကို အကျိုးမပြုတဲ့အပြင် အဆီးအတား တောင် ဖြစ်နေတဲ့၊ စစ်အာဏာရှင် တည်တံ့ဖို့ အထောက်အပံ့ပြုနေတဲ့၊ ဗမာပြည်ဒီမိုကရေစီ ထူထောင်ရေး အ ဟန့်အတားဖြစ်စေမယ့် ဒီလို ဘီကြားအမတ်များနဲ့ ဘီကြားလွှတ်တော်တွေကို ခုံဖိနပ်နဲ့ ဝိုင်းဆော်ကြဖို့ဟာ မျိုး ချစ်တိုင်းရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ။

ရဲဘော်ကျော်သန်း
(၁၈-၁၁-၂၀၁၀)

အပြည့်အစုံသို့...

Thursday, November 18, 2010

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၈-၁၁-၂၀၁၀)

- ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို click
- မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည် click
- ဒေါ်အောင်ဆန်းစုကြည် ပါခွင့်မရရင် ဘယ်အစိုးရမှ တရားမ၀င် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုသည် အပြုသဘောဆောင် ပထမခြေလှမ်းဖြစ် click
- စစ်အစိုးရ ပျော့ပျောင်းလာခြင်းမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား click
- ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ဗိုလ်နှုတ်ခမ်းမွေး ထောက်ခံ click
- ဒေါ်အောင်ဆန်းစုကြည် သွားတွေ့ခဲ့တဲ့ HIV ဝေဒနာရှင်တွေကို နေထိုင်ခွင့် ရုပ်သိမ်းမည် click
- ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေးတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များကို အာဏာပိုင်များက ဧည့်စာရင်း ထုတ်မပေးတော့လို့ ပြောဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့်အပေါ် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ဒီမိုကရက်တစ်ပါတီ (မြန် မာ) ပေးပို့ click
- ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်သူများရဲ့  ရင်ဖွင့်စကားများ click
- အင်တာနက်လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်အမည်ဖြင့် စာမျက်နှာများ ထွက်ပေါ် click
- ဒေါ်အောင်ဆန်းစုကြည်ပုံ မျက်နှာဖုံးပါဂျာနယ် ရခိုင်ပြည်၌ ရောင်းအားကောင်း click
- NLD တရားဝင်ကြောင်း ဥပဒေအရ ကြိုးပမ်း click
- NLD ပါတီရပ်တည်ခွင့်အမှု နေပြည်တော်မှာ ကြားနာ click
- ကလေးစစ်သားဖြစ်ခဲ့သူ မောင်ကျော်ဆန်းဦး NLD ကို အကူအညီ တောင်းခံ click
- အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရှင်ဂမ္ဘီရ တိုက်တွန်း click
- DKBA တချို့ KNU နဲ့ ပေါင်းဟုဆို click
- ဒီကေဘီအေ ခွဲထွက်နဲ့ ကေအန်ယူ စစ်ဆင်ရေး ပူပေါင်းလုပ်မည် click
- သူကြီးမ (၈) ဦး မတရား ဖမ်းဆီးခံရ click
- ဒေသခံ မြန်မာစစ်တပ်မှ မွန်လူငယ်များကို ဖမ်းဆီးငွေညှစ် click
- ဘာသာရေးဖိနှိပ်မှု အဆိုးဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင် click
- ဖားကန့်မြေပြိုမှု လူ (၅၀) ခန့် သေဆုံး click
- ဓာတ်ဆီဈေးနဲ့အတူ ကုန်ပစ္စည်းဈေးတွေ လိုက်တက် click
- တောင်ကြီး၊ ဘားအံတို့တွင် မေရီချက် (ပ်) မင်း နားမကြားကျောင်းခွဲများ ဖွင့်မည် click
- ဒုတိယပင်လုံမှသည် အနာဂတ် ပြည်ထောင်စုဆီသို့ (၂) (ဆောင်းပါး) click
- မင်္ဂလာနှင့် နိုင်ငံရေး (၁၅) (သရော်စာ) click
- ကာတွန်းဆရာ Stephff ရဲ့ လက်ရာများ click
- ဒဏ္ဍာရီ မဟုတ် သရုပ်မှန်ကဗျာ (ကဗျာ) click
- ဒီနေ့ ဒီရက်တွေမှာ ... click

“ရက်ပြည့်လို့ လွှတ်တာ …” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- မြန်မာ့ရွေးကောက်ပွဲ ကုလ ရှုတ်ချ click
- နအဖကို ရှုတ်ချတဲ့ ဆုံးဖြတ်ချက် တရုတ် တိုက်ခိုက် click
- NDF ခေါင်းဆောင်ပိုင်း ပြဿနာတက် click
- ဦးသိန်းညွန့်ကို NDF က ထုတ်ပယ် click
- NDF ပါတီက လွှတ်တော်အမတ် ဦးသိန်းညွန့်ကို ထုတ်ပယ် click
- ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဦးသုဝေနှင့် ဆက်သွယ်မေးမြန်းချက် click
- အမှားပြင်ဆင်ချက်များဖြင့် ပူးတွဲပြီး နိုဝင်ဘာ (၁၇)၊ (၁၈) နေ့စွဲဖြင့် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ ဆက်လက်ကြေညာ click
- ရွေးကောက်ပွဲရလဒ် ရှုပ်ထွေးမှုများ ပေါ်လာနိုင် click
- မင်းတပ် စောင့်ကြည့်ရေးကော်မတီဖွဲ့ click
- ကြံ့ဖွံ့ (၇၆) ရာနှုန်းကျော်ဖြင့် ရွေးကောက်ပွဲနိုင်ဟုဆို click
- တိုင်းရင်းသားပါတီအချို့ အဓိက အတိုက်အခံ ဖြစ်လာဖွယ်ရှိ click
- ကျားဖြူသတင်းလွှာ အမြင် click
- ရိုင်းမိုက်ကယ်သရော် လွှတ်တော် လွှတ်တော် ခုံဖိနပ်နဲ့ ဆော် (ဆောင်းပါး) click
- ဘင်္ဂလားဒေ့ရှ် တရားသူကြီးချုပ်အိမ် ဗုံးကွဲ click
- ဘာလင်လေကြောင်း ဖောက်ခွဲပစ္စည်း တွေ့ရှိ click
- START 2 ချုပ်ဆိုနိုင်ရေး အတည်ပြုပေးဖို့ အိုဘားမား ပြော click
- ရေနံချောင်း၌ စစ်သားက အရပ်သား အမျိုးသမီးကို အဓမ္မပြုကျင့် click
- ဒီကေဘီအေနှင့် ကေအန်ယူ ပူးတွဲတိုက်တော့မည် click
- နယ်ခြားစောင့်တပ်ဖွဲ့များကို မြ၀တီမြို့မှာ နေရာယူခိုင်း click
- နိုဝင်ဘာလ ၇ – ၈ ရက်နေ့က DKBA နဲ့ နအဖ မြဝတီမြို့တွင်းတိုက်ပွဲ (ရုပ်သံ) click
- နေပြည်တော် ကျောက်မျက်ပွဲ ကျင်းပ၊ စစ်အရာရှိများ စီးပွားဖြစ် click
- တန်ပိုယာဉ်တွေ ဒဏ်ရိုက်ဖမ်းဆီးမှုကြောင့် ဆန်ဈေးတက် click
- ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီဖလားဘောလုံးပွဲ ဒကစမှူး တက်ရောက် click
- နိုဝင်ဘာ (၁၈) ရက် နောက်ဆုံးရ သတင်းတိုများ click
- မြန်မာ့ရေးရာ သတင်းများ (၁၈-၁၁-၂၀၁၀) click
- “အပြောင်းအလဲလိုချင်ရင် အပြောင်းအလဲရအောင် ကြိုးစား” (ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ဝန်ထမ်းများအသံ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် နိုင်ငံရေးအပြောင်းအလဲ ဖြစ်နိုင်သလား click
- ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ၊ တိုက်ပွဲ ပြန်စပြီ (ဆောင်းပါး) click
- ပိုလိုအပ်တဲ့သူကို အရင်ပေးတဲ့ အမေ (ဆောင်းပါး) click
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖွဲ့စည်းရာတွင် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ပါဝင်မှု မရှိခြင်းအပေါ် ပါတီ ဒု-ဥက္ကဌ (၂) ဗိုလ်မှူး ခိုင်မျိုးမင်းနှင့် ဆက်သွယ်မေးမြန်းခန်း click
- နိုင်ငံတကာရှိ သူငယ်ချင်းအားလုံးသို့ (ပေးစာ) click
- ပြည်ထောင်စုကောင်းကျိုး ရှေ့ရှုသယ်ပိုးသွားမည်ဟု SNDP ဥက္ကဋ္ဌ ပြော click
- ကြံ့ခိုင်ရေးပါတီ (၇၆) % ဖြင့် အနိုင်ရရှိ click
- လွှတ်တော်နေရာ (၇၆.၅) ရာခိုင်နှုန်းကို ကြံ့ခိုင်ရေး သိမ်းပိုက် click
- လူမှုရေးလုပ်ငန်းများ ကြံ့ဖွံ့ပါတီ ရပ်ပြီ click
- ကြံ့ခိုင်ရေးပါတီ၏ မဲမသမာမှုများအပေါ် ပြစ်တင် click
- ကြံ့ဖွံ့နှင့် ပေါင်းရန် ကရင်ပါတီကို စည်းရုံး click
- ဖလုံစဝေါ်ပါတီနှင့် မိတ်ဖွဲ့ရန် တောင်ကလေးဆရာတော်ဆီ သာသနာရေးဝန်ကြီး ချဉ်းကပ် click
နှစ်စဉ်ကျင်းပနေကျ အယ်လ်အေ အမျိုးသားအောင်ပွဲနေ့ စာပေဟောပြောပွဲ ဖိတ်ပြီ
မိုးမခရွာဆော်ကြီး (နိုဝင်ဘာ ၁၉၊ ၂၀၁ဝ)

၁။ ၀င်းဖေ (ဒါရိုက်တာ၊ ပန်းချီ၊ ကာတွန်း၊ စာရေးဆရာ) - စာပေနဲ့ အနုပညာ
၂။ မောင်စွမ်းရည် (စာပေဝေဖန်ရေးဆရာ၊ ကဗျာဆရာ) - ရာပြည့်စာရေးဆရာကြီးများ
၃။ မေငြိမ်း (စာရေးဆရာမ) - လူငယ်နှင့် အနုပညာ
၎။ ခက်မာ (စာရေးဆရာမ) - ခံစားမှုကို မျှဝေခြင်း

နေ့စွဲ ။ ။ ဒီဇင်ဘာ (၅) ရက်၊ ၂၀၁၀ (တနင်္ဂနွေနေ့)
အချိန် ။ ။ ညနေ ၂ - ၆ နာရီ
နေရာ ။ ။ အောင်ဇေခန်းမ 629 E Garvey Ave, Monterey Park, CA 91755
Sponsor : L.A. Organizers for Burma & Mandalay Gazette

ဖို့ဝန်းက မြန်မာတပ်မတော်သားတဦးအကြောင်း ရုပ်ရှင်ပြမည်
မိုးမခရွာဆော်ကြီး (နိုဝင်ဘာ ၁၉၊ ၂၀၁၀)

ယခင်က တပ်မတော်သားတဦးဖြစ်ခဲ့ပြီး ဒီမိုကရေစီရေးတိုက်ပွဲဝင်သူတ ဦးအဖြစ်ရပ်တည်ဆောင်ရွက်သူ ကို မျိုးမြင့် (စာရေးဆရာ မျိုးမြင့်ချို) အ ကြောင်း၊ ပြည်တွင်းစစ်ရဲ့သားကောင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတ ဦးအကြောင်း မှတ်တမ်းတင်ဇာတ်ကားကို နိုဝင်ဘာ (၂၇)၊ ၂၀၁၀ တွင် ဖို့ဝိန်းမှာ ပြသမယ်။ နိုင်ငံတကာက မြန်မာ့အရေး၊ လူ့အခွင့်အရေးလှုပ် ရှားသူ ကွန်မြူနီတီမှာလည်း ပြသမယ်။ အခု ဖိတ်စာကို မြန်မာဘာသာနဲ့ ဖော်ပြလိုက်တယ်။

ကိုမျိုးမြင့်ကို ဆက်သွယ်ချင်ရင် ...
ဖုန်း - ၄၄၃-၉၉၅-၇၀၅၆ ကို
ဆက်သွယ်နိုင်ပါတယ်။

အပြည့်အစုံသို့...

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ အင်အား (၁၀၀) ခန့် ကေအန်အယ်လ်အေနှင့် လာရောက်ပူးပေါင်း

သတင်း - မန်းမျိုးမြင့် (၁၈-၁၁-၂၀၁၀)

တပ်ရင်း (၂၀၁) တွင် အတူတွေ့ရသည့် ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့ဝင်များ
နအဖစစ်အုပ်စုကို တိုက်ခိုက်ရာတွင် ထိရောက်မှုပိုရှိစေရေးအတွက် ခွဲထွက် DKBA တပ်ရင်း (၉၀၉) သည် ယ မန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် လာရောက်ပူးပေါင်းခဲ့ကြသည်။

အင်အား (၁၀၀) ခန့်ရှိသည့် ဒီကေဘီအေ တပ်ရင်း (၉၀၉) ၏ တပ်ရင်းမှူး ဗိုလ်စတီးက ဦးဆောင်၍ လာ ရောက်ပူးပေါင်းခြင်းဖြစ်ပြီး နအဖကို နိုင်ငံရေး၊ စစ်ရေးအရ ပိုမိုထိုးနှက်နိုင်ရန်အတွက်ဖြစ်သည်ဟု ပြောသည်။

ဒု-ဗိုလ်မှူးကြီး စတီးက “ကျနော်တို့အပေါ်နအဖက ဘယ်တော့မှ သဘောထားမမှန်ကန်ခဲ့ဘူး။ သူတို့ရဲ့ဆန္ဒ ကတော့ ကေအန်ယူဖြစ်စေ၊ ဒီကေဘီအေဖြစ်စေ၊ ကရင်နယ်ခြားစောင့်တပ်ဖြစ်စေ အကုန်လုံးကို အမြစ်ပြတ် ရှင်းလင်းရေးပဲ။ သူတို့ဟာ တိုင်းရင်းသားတွေ မပြောနဲ့၊ ဗမာလူမျိုးအချင်းချင်းတောင် သက်ညာတာမဟုတ် ဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်ရင် သိမှာပါ။ သူတို့ကို အနိုင်တိုက်ဖို့က နိုင်ငံရေး၊ စစ်ရေးအရ အသာစီးရ မှဖြစ်မယ်။ ဒါကြောင့် ပြန်လာပူးပေါင်းတာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) သည် KNLA နှင့် ပထမဆုံး တရားဝင် လာရောက်ပူးပေါင်းသည့်အဖွဲ့ဖြစ်ပြီး စောလားပွယ် (နှုတ်ခမ်းမွေး) ဦးဆောင်သည့် ဒီကေဘီအေ တပ်မဟာ (၅) မှာ လာရောက်ပူးပေါင်းခြင်းမရှိဘဲ သီးသန့်ရပ်တည်ကာ နအဖကို တိုက်ပွဲဝင်လျက်ရှိသည်။

ယနေ့ပြုလုပ်သည့် ကြိုဆိုပွဲတွင် KNLA (၂၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောနှင့် KNLA မှ ဗိုလ်မှူးကြီး နယ်ဒါးမြတို့က ဒီကေဘီအေတပ်ဖွဲ့ဝင်များကို လက်ခံကြိုဆိုခဲ့ကြသည်။

ဗိုလ်မှူးကြီး နယ်ဒါးမြက “သူတို့နဲ့ ကျနော်တို့ ပူးတွဲပြီး နအဖကို တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ နောက်ထပ် လာ ရောက်ကြမယ့် အဖွဲ့တွေကိုလည်း ကျနော်တို့ လက်ခံကြိုဆိုဖို့ အရန်သင့်ပါပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၉) မှ တပ်မှူးတဦးဖြစ်သည့် ဗိုလ်ရွှေဝသည် ယခုလ (၈) ရက်နေ့က မြ၀တီမြို့၌ ဒီ ကေဘီအေနှင့် နအဖတပ်များ ဖြစ်ပွားခဲ့သည့် မြို့တွင်းတိုက်ပွဲကာလအတွင်း နအဖတပ်မှူးတဦးဖြစ်သည့် စစ် ဦးစီးတတိယတန်း ဗိုလ်ကြီးသက်နိုင်ကို လက်ရဖမ်းဆီးခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါတပ်မှူးကို ပြန် လွှတ်ပေးခဲ့သည်။

ဒီကေဘီအေ (၉၀၉) တပ်ရင်း၏ အရာခံဗိုလ် စောထူးက ၎င်းတို့ တပ်ရင်းတွင် တပ်ဖွဲ့ဝင် (၁၀၀) ခန့်ရှိသည့်အ နက် ကျန်တ၀က်မှာ လာမည့်နေ့တွင် ရောက်ရှိလာမည်ဖြစ်ပြီး KNLA နှင့် လာရောက်ပူးပေါင်းရန် ကရင်နယ် ခြားစောင့်တပ်ဖွဲ့ဝင်များလည်းရှိသည်ဟု ပြောသည်။

လာရောက်ပူးပေါင်းခဲ့ကြသည့် ဒီကေဘီအေ (၉၀၉) တပ်ဖွဲ့ကို KNLA တပ်ရင်း (၂၀၁) ၏ တပ်ရင်းမိသားစုများ ကျောင်းသားကျောင်းသူများ ဒေသခံရွာသားများက ကြိုဆိုခဲ့ကြသည်။

အပြည့်အစုံသို့...

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) နှင့် လာရောက် ပူးပေါင်းခဲ့သည့် ဒီကေဘီအေ တပ်ရင်း (၉၀၉) ကြိုဆိုပွဲအခမ်းအနား နိုဝင်ဘာ (၁၇) ရက်က ကျင်းပ

ဓာတ်ပုံသတင်း - မန်းမျိုးမြင့်

အပြည့်အစုံသို့...

ဒီမိုကရက်တိုက်ဇေးရှင်းနိဂုံး

နေသွင်

ရွေးကောက်ပွဲ ပြီးသွားသဖြင့် နိုဝင်ဘာ (၇) ရက်နေ့မှ နောက်ထပ် ရက်ပေါင်း (၉ဝ) အတွင်း လွှတ်တော်နိုင်ငံ ရေး ပေါ်လာတော့မည်။ သို့သော် ကြိုတင်မဲအပါအဝင် အခြားသော ရွေးကောက်ပွဲမသမာမှုများနှင့် ထွက်ပေါ် လာသော ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး မြန်မာပြည်တွင် ဒီမိုကရေစီအသွင်ပြောင်းရေး နိဂုံးချုပ်သွားပြီဟု ဆိုရမည်။ ပိုပိုသာသာဆိုရလျှင် ရွေးကောက်ပွဲဗဟိုချက်ပတ်လည်တွင် ဖြစ်ပျက်နေမှုများသည် နောက်ထပ် လက်နက်ကိုင်ပဋိပက္ခများ၊ သွေးထွက်သံယိုမှုများကိုပင် အားပေးသကဲ့သို့ရှိသည်။ ဥပမာအနေဖြင့် မဲလိမ်ခံရ သော လူထု၏ မကျေနပ်ချက်များ၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားသော ပြည်သူလူထု၊ ရွေး ကောက်ပွဲကို အကြောင်းပြု၍ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ လက်နက်ချရေးကို ငြင်းဆန်နေသော တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ စသည်တို့ဖြစ်သည်။ ၁၉၄၈ ကို ပြည်တွင်းစစ် ပထမလှိုင်း၊ ၁၉၈၈ ကို ဒုတိယလှိုင်း ဟု သတ်မှတ်လျှင် ၂ဝ၁ဝ နယ်စပ်စစ်ပွဲများနှင့် လူထူ၏ မကျေနပ်မှုများ အားလုံးကိုပေါင်းရုံးပြီး ပြည်တွင်းစစ် တတိယလှိုင်းဟု သတ်မှတ်ရလိမ့်မည်။ ထို့ကြောင့် ကမ္ဘာကျော် စာအုပ်နှစ်အုပ်အမည်ကို ဆင့်ပွား၍ ဒီမိုကရေ စီဇာတ်သွင်းခြင်း၏ နိဂုံး (End of Democratization)၊ ပြည်တွင်းစစ် တတိယလှိုင်း (Third Wave of Civil War) ဟု နိမိတ်ဖတ်မိသည်။

အောက်ပါရလဒ်ကို ကြည့်ပါ။

အဓိကပြောချင်သော အပိုင်းက ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိစ္စဖြစ်သည်။ ခြွင်းချက်တချို့ ကိုထား၍ ထိုလွှတ်တော်နှစ်ရပ်ပေါင်းဖြစ်သော ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုခြင်း၊ ဥပဒေပြင်ခြင်း၊ ဖွဲ့စည်းပုံပြင်ခြင်း စသောကိစ္စများ၏ ဗဟိုချက်မလည်းဖြစ်သည်။ သို့သော် ပြည်ထောင်စုလွှတ်တော်တွင် လွှတ် တော်အမတ် (၆၆၄) ဦးတွင် အတိုက်အခံအားလုံး ညီညွတ်သည်ထားဦး၊ (၆၂) ဦးသာရှိသဖြင့် (၁ဝ) ရာခိုင်နှုန်း ပင်မပြည့်တတ်ပေ။ လွှတ်တော်နှစ်ရပ်အတွက် (၁၈) ဦး အနိုင်ရထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တစည) ပါတီက အတိုက်အခံနှင့်ပေါင်းမည်လား၊ ပြည်ခိုင်ဖြိုးနှင့်ပေါင်းမည်လား မသေချာပေ။ အတိုက် အခံနှင့်ပေါင်း၍ နောက်ထပ် (၃) ရာခိုင်နှုန်း တိုးလာဖွယ်ရှိသည်ထားဦး၊ ထိုအရေအတွက်ဖြင့် လွှတ်တော်တွင် ဘာလုပ်နိုင်မည်နည်းဟု မေးလျှင် ဘာမှမလုပ်နိုင်ဟု ဖြေရုံသာရှိသည်။

ဥပမာတခုအနေဖြင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုတွေ စုပေါင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အဆိုတခုကို ရေးဆွဲထားသည်ဆိုပါစို့။ ထိုကိစ္စကို ပြည်သူ့လွှတ်တော်တွင် တင်လိုလျှင် ပြည်သူ့လွှတ်တော်၏ လေးပုံတပုံ (၁၁၁ ဦး) လက်မှတ်ထိုးရန် လိုအပ် သည်။ လက်တွေ့တွင် ပြည်သူ့လွှတ်တော်တွင် အဆိုပြုလိုသည့်ဘက်မှ စုစုပေါင်း (၄ဝ) ဦးသာ ရှိနေသည်။ အ မျိုးသားလွှတ်တော်ဘက်က စဉ်းစားလျှင် ပိုဆိုးသေးသည်။ (၅၆) ဦး လက်မှတ်ထိုးရန်လိုအပ်နေရာ လက်တွေ့ တွင် (၂၂) ဦးသာရှိနေသည်။

နောက်ဥပမာတခုအနေဖြင့် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ကို ကျော်လွန်၍ ထင်သလိုလုပ်နေသည် ဆိုပါစို့။ သမ္မတကို စွပ်စွဲအပြစ်တင်လိုပါကလည်း လွှတ်တော်တရပ်၏ အမတ်ဦးရေ လေးပုံတပုံက လက်မှတ် ထိုးတင်ပြမှသာ တရားဝင် ဆွေးနွေးခွင့်ရနိုင်သည်။ အမတ်ဦးရေ စုစုပေါင်း၏ (၃) ပုံ (၂) ပုံက ထောက်ခံမှုဖြင့် ဆက်လက်အရေးယူမည့် ကိစ္စကိုအသာထား၍ အဆိုပြုသည့်အဆင့်မျှကိုပင် မလုပ်နိုင်ပြန်ပေ။

အဆိုပြုသည့် အဆင့်ကို ဆက်ပါဦးမည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွင်လည်း ပြင်ဆင်ရေးမူကြမ်းကို ပြည် ထောင်စုလွှတ်တော်ရှိ ကိုယ်စားလှယ်စုစုပေါင်း၏ (၂ဝ) ရာခိုင်နှုန်းဦးက တင်ပြမှသာ လက်ခံဆွေးနွေးမည်ဟု ၂ဝဝ၈ ဖွဲ့စည်းပုံတွင် ပါရှိသည်။ ထို့ကြောင့် (၄) ပုံ (၃) ပုံကျော် ထောက်ခံမှုဖြင့် လက်တွေ့ဥပဒေပြင်ဆင်ရေးကို အသာထား၍ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက်မူကြမ်းအဆင့်ကိုပင် လွှတ်တော်သို့ အဆိုတင်သွင်းနိုင်သည့် အခြေအနေပင် လက်တွေ့တွင်မရှိပေ။

ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီနှင့် စစ်ဘက်ကိုယ်စားလှယ်ပေါင်း (၈၇) ရာခိုင်နှုန်းရှိနေရာ ဥပ ဒေသစ်တခုကို ရေးဆွဲလိုလျှင် မခဲယဉ်းပေ။ ဥပမာ - စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းတခုက စစ်တပ်ကိုယ်စား လှယ် (၂၅) ရာခိုင်နှုန်းက မူကြမ်းရေးဆွဲပြီး လွှတ်တော်သို့ တင်ပြလျှင် လက်ခံစဉ်းစားရတော့မည်။ ကြံ့ခိုင်ရေး ပါတီက အနည်းဆုံးတဝက် ထောက်ခံလျှင်ပင် အတည်ဖြစ်လာတော့မည်။

ထိုအချိန်ကျမှ သဘောမတူ၍ လွှတ်တော်ကို သပိတ်မှောက်လျှင်လည်း အချိန်မမီတော့ပေ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပသည့်ကိစ္စတွင် ပထမနေ့တွင် စုစုပေါင်း၏ ထက်ဝက်ကျော် တက်ရောက်လျှင် အထမြောက်သည်။ အထမမြောက်၍ ရွှေ့ဆိုင်းလျှင် ပြန်လည်ကျင်းပ သောအခါ သုံးပုံတပုံ တက်ရောက်လျှင် အထမြောက်သည်။ မည်သည့်နည်းဖြင့် အထမြောက်မြောက် တက် ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်၏ များရာဆန္ဒမဲ (ထက်ဝက်ကျော်) ဖြင့် ဆုံးဖြတ်ချက်များသည် ဥပ ဒေများ ဖြစ်လာတော့မည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရွှေ့ဆိုင်းထားသည့်ရက်မှအပ (၁၅) ရက် ဆက်တိုက်ပျက်ကွက်လျှင် အရေးယူခံရမည်။ သို့သော် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာတ ချို့ လစ်လပ်နေစေကာမူ လုပ်ငန်းများဆောင်ရွက်ခွင့်ရှိသည်ဟု ဖွဲ့စည်းပုံတွင် ပါပြီးသားဖြစ်သည်။

လွှတ်တော်ခေါ်ယူရေးကိစ္စကို ဆက်ပါမည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကိုလည်း လွှတ်တော်နာယက က တနှစ်လျှင် အနည်းဆုံး တကြိမ်ခေါ်ယူကျင်းပရမည်။ အကယ်၍ အထူးအ စည်းအဝေး၊ အရေးပေါ်အစည်းအဝေးခေါ်ရန်ကိစ္စပေါ်လျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၏ လေးပုံတပုံက တောင်းဆိုရမည်။ထို့ကြောင့် စစ်ဘက်ကိုယ်စားလှယ်များနှင့် ကြံ့ခိုင်ရေးဘက်က လွှတ် တော်ခေါ်လိုလျှင် အချိန်မရွေးခေါ်နိုင်ပြီး အတိုက်အခံဘက်က လွှတ်တော်ခေါ်လိုလျှင် ပုံမှန်အစည်းအဝေး ကျင်းပသည့်အထိ စောင့်ရမည်။ ပုံမှန်အစည်းအဝေး ကျင်းပသည့်အခါတွင်လည်း မူကြမ်းတင်ရန် အမတ် (၂၅) ရာခိုင်နှုန်း လိုအပ်ပြန်သဖြင့် အဆိုမပြုနိုင်ပြန်ပေ။

အထက်ပါအချက်များနှင့် ပြီးခဲ့သည့် ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို ပြန်သုံးသပ်၍ (၂၅) ရာခိုင်နှုန်းသည်ပင် စစ်တပ်က အရပ်သားတို့အတွက် အမြင့်ဆုံးပေးရန် လျာထားသော ဝေစုဟု စဉ်းစားမိသည်။ ပထမထောင် ချောက်ဟု ဆိုရမည်။ နောက်ထပ်ထောင်ချောက်များစွာရှိသေးဟု ဆိုလိုရင်းဖြစ်သည်။ တနည်းအားဖြင့် အဆို ပါ ဒီမိုကရေစီတွင်းနက်ကြီး (The Black Hole of Democracy) သည် လွှတ်တော်တွင် ပေါ်လာသမျှ ကိစ္စအ ဝဝကို ဆွဲချသွားမည့်သဘောရှိသည်။ ဒီမိုကရေစီဖြစ်စဉ်တွင် အစမျှသာဖြစ်သော ဆွေးနွေးသည့်အဆင့်၊ စဉ်း စားပေးသည့် အဆင့်မျှကိုပင် ခွင့်မပြုချင်လျှင် လွှတ်တော်နိုင်ငံရေးမှတဆင့် ဒီမိုကရေစီအဆင့်ဆင့် အသွင် ပြောင်းလဲမှု (Democratization) လုပ်သွားမည့် မျှော်လင့်ချက်သည် အဓိပ္ပာယ်မရှိတော့ပေ။ စည်းကမ်းပြည့်ဝ သော ဒီမိုကရေစီအစတွင်ပင် ဒီမိုကရက်တိုက်ဇေးရှင်း နိဂုံးချုပ်သွားပြီဟု ဆိုရမည်။

နေသွင်
(နိုဝင်ဘာ ၁၆၊ ၂ဝ၁ဝ)

အပြည့်အစုံသို့...

Wednesday, November 17, 2010

ဒီမိုကရေစီရေး ကြိုးပမ်းမှုသမိုင်းကို ပြန်လည်သုံးသပ်ကြည့်ခြင်း

ထွန်းအောင်ကျော်
(ရေးသူ၏ အာဘော်သာဖြစ်သည်)

အစွန်းရောက် အတွေးအခေါ်များ

ဗိုလ်နေဝင်း၏ စစ်အာဏာစက်အား ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီးဖြင့် တိုက်ချလိုက်စဉ်က ဦးဆောင်သူများ မှာ အတွေ့အကြုံနုနယ်သည့် ကျောင်းသားများက အများစုဖြစ်ခြင်း၊ နိုင်ငံရေးတိုက်ကွက်ထက် ပုဂ္ဂိုလ်ရေး ကျော်ကြားမှု Heroism ကို ဦးစားပေးခဲ့ကြခြင်း၊ အတွေ့အကြုံရှိသော လူကြီးများက ပုဂ္ဂိုလ်ရေးကို ဦးတည်ပြီး သူ အိမ်ရှေ့ကဝင်ရင် ငါ နောက်ဖေးက ထွက်မည်ဟု မာန်မာန အာဃာတကြီးမားခြင်းတို့ကြောင့် လက်တ ကမ်းအလို ပြည်သူလိုလားသည့် အစိုးရဖွဲ့စည်းနိုင်ခြေမှ လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

တဖန် ၁၉၉၀ ရွေးကောက်ပွဲသည် ညစ်ပတ်မှုများကြားမှ NLD အနိုင်ရလာသည့် အခါတွင်လည်း လက်နက်မဲ့ ပြည်သူအင်အားကို တဖက်သတ် အားကိုး၍ တင်းမာရေးလမ်းစဉ်ကို လိုက်ပါခဲ့ကြပြန်သည်။ ဦးကြည်မောင်၏ (Off the record) ထုတ်ပြန်ရန် ခွင့်မပြုသော ပြောကြားချက်ဖြစ်သည်၊ “အကယ်၍ အစိုးရဖွဲ့ပြီးလျှင် စစ်ခေါင်း ဆောင်များကို နုရင်ဘတ်ခုံရုံးကဲ့သို့ စစ်ခုံရုံးတင်၍ စစ်ဆေးမည်” ဆိုသည့် စကားကို သတင်းထောက် ဒိုမီနစ် ဖေါ်ဒါက စည်းကမ်းဖောက်၍ ရေးသားခဲ့ခြင်းကြောင့် တပ်ခေါင်းဆောင်များက NLD ကို အာဏာလွှဲပြောင်းမ ပေးချင်မှုအပေါ် အသုံးချရန်အတွက် အကြောင်းပြချက်ရရှိသွားခဲ့ပြီး အာဏာလွှဲပြောင်းပေးချင်သော တပ်တွင်း ရှိ Moderate (အလယ်အလတ်ပျော့ပြောင်းသူ) စစ်ခေါင်းဆောင်များကို Radical (တင်းမာသူများ) ဘက်သို့ ကူးပြောင်းထောက်ခံစေခဲ့သည်။

တဖန် ဦးနေဝင်း ဝင်ရောက်ဖြန်ဖြေပေးလျှင် တပ်နှင့် NLD ကြားတွင် တင်းမာနေမှုကို အဆုံးသတ်နိုင်သည်ဟု ဆိုသော ကျွန်ုပ်၏ အမျိုးသားရင်ကြားစေ့ရေးစာတမ်း Charter 97 ကို လက်မှတ်ထိုးပြီးမှ ၎င်းတို့၏ လက်မှတ် များကို လိမ်ယူပါသည်ဟု ပြည်ပခေါင်းဆောင်အချို့မှ ဆိုကြသည်။ အကြောင်းမှာ သတင်းဋ္ဌာနတခုမှ ဒီစာ တမ်းဟာ ဦးနေဝင်းကို ဖားနေတာဟု သွေးထိုးလိုက်သဖြင့် ခေါင်းဆောင်ကြီးဆိုသူများက ကြောက်အားလန့် အားနှင့် သူတို့လက်မှတ်ကို ညာယူပါသည်ဟု ဗြောင်လိမ်ကြသည်။ ထောင်ကျဘက်တဦးကလည်း “နေဝင်း ပေးမှ ဒီမိုကရေစီရရင် မယူဘူးကွ” ဟု ရန်တွေ့တာ ခံရဖူးသည်။ ကျနော့်အနေနှင့် ယမမင်းက ဒီမိုကရေစီပေး ရင်လည်း ယူရမှာပဲ၊ ရဖို့လုပ်တာမဟုတ်လား၊ ဘယ်သူပေးပေးပေါ့။

ထိုအချိန်က ဦးနေဝင်းသည် အနားယူနေသော်လည်း တပ်တွင်း၌ သူ၏ သြဇာ ရှိနေသေးသည်။ NLD လူငယ် များ အမျိုးသားရင်ကြားစေ့ရေးအတွက် ဦးနေဝင်းကို ဒေါ်စုခွင့်ပြုချက်ဖြင့် ဖိတ်ကြားဖူးသည်ကို ဖတ်ရတော့ ပြုံးမိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ NLD လူငယ်များကို ဝေဖန်မှုများ ဒီမိုကရေစီအင်အားစုများအတွင်း၌ ပေါ်ထွက်ခဲ့သည်ဟု သိရပါသည်။ သို့ရာတွင် ဒေါ်စုခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်၍ ထိုလူငယ်များ ပြဿနာ မတက်ခဲ့ပါ။ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို အခြေခံ၍ စဉ်းစားသော အစွန်းရောက် အတွေးအခေါ်များသည် မှန်ကန် သော ဆုံးဖြတ်ချက် ပေးလေ့မရှိပါ။ ခါးသည်းမှု၊ မုန်းတီးမှုတို့ဖြင့်သာ တန်ပြန်သက်ရောက်မှု ရှိတတ်သည်ကို သတိပြုမိကြဖို့လိုပါသည်။

ယနေ့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်သူတို့က ဝင်ကြသည်။ ကန့်ကွက်သူတို့က ကန့်ကွက်၍ သပိတ်မှောက်သူ တို့က သပိတ်မှောက်ကြသည်။ ကျနော်သည် ၂၀၁၀ ကို လုံးဝဆန့်ကျင်ကန့်ကွက်သူဖြစ်သည်။ သို့ရာတွင် ရွေး ကောက်ပွဲသည် တရားမျှတမှုမရှိခြင်း၊ မဲလိမ်မဲခိုးခြင်း၊ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်အနိုင်ရသူတို့အား ဗြောင်ကျ ကျ မဲလိမ်၍ ကြံ့ဖွတ်ပါတီမှ တဖက်သတ် အနိုင်ရပါသည်ဟု ကြေညာခြင်းတို့ကြောင့် အတိုက်အခံ နိုင်ငံရေးပါ တီများက ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် ၎င်းတို့အနေဖြင့် အသိအမှတ်မပြုကြောင်း လက်မှတ်မ ထိုးနိုင်ဟု တညီတညွတ်တည်း ဆိုလာခဲ့ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ကျနော်ကိုယ်တိုင် ဆန့်ကျင်သော် လည်း ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခြင်းမှ အမြတ်ထွက်မှုများရှိကြောင်းကိုတော့ ရဲရဲဝန်ခံနိုင်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲမှ အမြတ်ထွက်ခြင်း

(၁) “ဘာတွေများ မြတ်လို့လဲဗျ” ဟု မေးလာလျှင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ရေငုံနှုတ်ပိတ်နေခဲ့ကြရသော နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဥပဒေကြောင့် ဖွဲ့စည်းခွင့်ရရှိပေါ်ပေါက်လာသော နိုင်ငံရေးပါတီအသစ်များ၊ တိုင်းရင်းသားပါတီသစ်များ ပေါ်ထွက်လာခြင်းသည် ပထမရရှိသော အမြတ်ဖြစ်သည်။

(၂) ထိုနိုင်ငံရေးပါတီများက လူထုကြားတွင် ထိုးဖောက်စည်းရုံးခွင့်ရရှိလာခြင်း၊ ပြည်သူတို့ ၎င်းတို့၏ အတွေး အခေါ်ဝါဒများကို ကန့်သတ်မှုများကြားမှ ထုတ်ဖော်ခွင့်၊ စည်းရုံးခွင့်ရခြင်းသည် ဒုတိယအမြတ်ဖြစ်သည်။ ထို့အ ပြင် ထိုနိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို တရားမျှတမှုမရှိသဖြင့် အသိအမှတ်မပြုနိုင်ပါဟု ကန့်ကွက်လာ သော်လည်း ၎င်းပါတီများကို ထိုကန့်ကွက်ခြင်းကြောင့် နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခြင်းကို အစိုးရတွင် ပြု လုပ်ပိုင်ခွင့် မရှိချေ။ ထိုအချက်သည် နိုင်ငံရေးပါတီများအတွက် အားသာချက်တရပ်အဖြစ် ကျန်ရစ်ခဲ့သည်။

(၃) တတိယအမြတ်မှာ ရွေးကောက်ပွဲတွင် ညစ်ပတ်မှုကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ စည်းလုံး သွားခြင်းသည် အရေးကြီးဆုံးသော အမြတ်ဖြစ်သည်။

NLD ၏ အခန်းကဏ္ဍ

NLD ပါတီသည် ရွေးကောက်ပွဲကို မယုံကြည်၊ ၂၀၀၈ အခြေခံဥပေဒကို လက်မခံနိုင်သဖြင့် ရွေးကောက်ပွဲကို ပြတ်သားစွာ သပိတ်မှောက်ခဲ့သည်။ ထိုကြောင့် ရွေးကောက်ပွဲလွန်ကာလတွင် ၎င်းတို့ ဆုံးဖြတ်ချက်မှန်ကန် ကြောင်းကို သက်သေပြနိုင်ခဲ့သည်။ တပြိုင်နက်တည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့သည့်အ ပေါ် ပြည်သူလူထုကြီးမှ လွန်စွာအားတက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ တဘက်မှလည်း ရွေးကောက်ပွဲဝင်ခဲ့ပြီး မြန် မာ့သမိုင်းတွင် စံတင်လောက်သည့် အရှက်ကင်းမဲ့သော မဲလိမ်မဲခိုးမှုကြောင့် စုစည်းလာသည့် နိုင်ငံရေးပါတီ များအားလုံးကို ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ပြီး သဘောထားကြီးကြီးဖြင့် ကမ်းလှမ်းပူးပေါင်းသင့်သည် ဟု မြင်သည်။ NDFသည် ဖောက်ပြန်သည့် အင်အားစုမဟုတ်၊ NLD ၏ အင်အားစု အစိတ်အပိုင်းအနေဖြင့် မှတ်ယူသင့်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

ဗိုလ်နေဝင်းလက်ထက် အာဏာသိမ်းခြင်း၏ အကြောင်းရင်းခံမှာ ပြည်ထောင်စုကြီး ပြိုကွဲသွားမည် စိုးသည့်အ တွက်ကြောင့်ဟု အကြောင်းပြခဲ့သည်။ ထိုကြောင့် ဖယ်ဒရယ်ဆိုလျှင် တိုင်းပြည်ပြိုကွဲအောင် ပြုလုပ်မည့် စနစ် ဟု လူထုကို လှည့်ဖြားခြိမ်းခြောက်ထားခဲ့သည်။

ဗိုလ်နေဝင်းလက်ထက်တွင် ပြည်တွင်းစစ် မငြိမ်းခဲ့ပါ။ ယနေ့ ဗိုလ်သန်းရွှေလက်ထက်တွင် ငြိမ်းချမ်းရေးယူထား သည့် အဖွဲ့ကြီးများနှင့် ငြိမ်းချမ်းရေးပြိုကွဲရန် တာစူလျက်ရှိနေပြီဖြစ်သည်။ DKBA နှင့် မြဝတီ၊ ဘုရားသုံးဆူ တိုက်ပွဲတို့က ပြည်တွင်းစစ်အရှိန်နှင့် တောက်လောင်တော့မည်ဟု မီးနီပြနေပြီဖြစ်သည်။

၈၈ ကျောင်းသားများ တောခိုလာပြီးနောက် ဖယ်ဒရယ်မူကို အများပြည်သူ သိရှိနားလည်လာရန် တဆင့်ဖြန့် ဖြူးနိုင်ခဲ့သလို တိုင်းရင်းသားအစွန်းရောက် မျိုးချစ်များကိုလည်း သီးခြားနိုင်ငံထူထောင်လိုမှုကို ရုပ်သိမ်းစေရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယနေ့ပြည်တွင်းရှိ အဓိကပါတီ NLD က ဖယ်ဒရယ်မူကို လက်ခံစကားပြောလာသ ဖြင့် တိုင်းရင်းသားခေါင်း ဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကိုးစားလာခဲ့ကြသည်မှာ အား တက်စရာပင်ဖြစ်သည်။

ကချင်ခေါင်းဆောင် ဒေါက်တာတူးဂျာမှ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြောင်း ပင်လုံဒုတိယညီလာခံ ပြုလုပ်မှာကို ထောက်ခံကြောင်း ဆိုခဲ့သလို ရှမ်းတောင်ပိုင်း SSA ခေါင်းဆောင်ကလည်း ယုံကြည်ကိုးစား ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။ ထို့အတူ ဝ ခေါင်းဆောင်များကလည်း NLD ကို ယုံကြည်ကြောင်း ပြောကြားဖူးသည်။ KNU နှင့် မွန်ခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တမျိုးသားလုံးကို စည်းရုံးပေးနိုင်မည့် ခေါင်းဆောင်အဖြစ် မြင်ကြသည်။ ထို့အတူ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြစ်သည့် ရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က ပြည်ထောင်စုစိတ်ဓာတ်တွေ နိုးထလာတယ်။ ဇီုမီးအမျိုးသားကောင်စီဥက္ကဋ္ဌ ဦးဖုကျင့်ရှင်းထန်က ပြည်ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ်ဓာတ်တွေ ဒေါ်အောင် ဆန်းစုကြည်ဆီမှာရှိတယ်ဟု ပြောခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက လည်း ပြည်ထောင်စုဖော်ဆောင်ရေးအတွက် အကောင်းမြင်တယ်လို့ ဆိုခဲ့တယ်။ KIO ဗိုလ်မှုးချုပ် ဂွမ်မော်က လည်း ရှေ့မှာ တယောက်နဲ့တယောက် ခွင့်မလွှတ်နိုင်တဲ့ အမှားတွေ ထပ်မဖြစ်အောင် ကြိုးစားဖို့လိုတယ်လို့ ဆိုခဲ့ပြီး ကရင်နီအမျီုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခူးထယ်ဗူးတယ်က ကရင်နီအနေနဲ့ ဒေါ်အောင်ဆန်းစု ကြည် လွတ်လာတာကို ကြိုဆိုတယ်၊ ဖယ်ဒရယ်ကို အားပေးမယ်၊ ထောက်ခံမယ်လို့လည်း ယုံကြည်တယ်လို့ ဆိုခဲ့တယ်။ ထိုကဲ့သို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများကရော၊ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်း ဆောင်များကပါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရရော သူမ၏ လုပ်ရပ်အရပါ ယုံကြည်မှု ရှိနေ ကြောင်းကို ဖော်ထုတ်ပြသခဲ့ကြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်းများစွာ တောက် လောင်နေခဲ့သော ပြည်တွင်းစစ်ကို ငြိမ်းအေးအောင် လုပ်ဆောင်ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်အဖြစ် မြင်သည်။

တပ်မတော်သားများဘဝ

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တပ်မတော်သားများက ထိပ်တန်းမှ ပါဝင်ခဲ့ကြသည်။ ပါလီမန်ဒီမိုကရေစီ ခေတ်တွင် တပ်မတော်သားများ ရိက္ခာဖူလုံစွာ ရရှိခဲ့ကြသည်။ သာမန်စစ်သားများအတွက် အထူးဆိုင်များမှ လျော့ဈေးဖြင့် ဝယ်ယူခွင့်ရရှိခဲ့ကြသည်။ ရုပ်ရှင်ရုံတွင် ကြည့်လျှင် တဝက်ဈေးနှင့် ကြည့်ခွင့်ရကြသည်။ သို့ရာ တွင် ပြည်တွင်းစစ်တွင် မြန်မာ့တပ်မတော်သားများ၏ အသက်ပေါင်းများစွာကို ပေးလှူခဲ့ကြရသည်။

မဆလခေတ်တွင် တပ်သားများ အခွင့်အရေးများ မရှိတော့ချေ။ သို့ရာတွင် ထိပ်ပိုင်း စစ်ခေါင်းဆောင်များအ တွက် ပဒုမ္မာပြခန်းဆိုသည့် အထူးဆိုင်များ၊ သီးသန့်ရုပ်ရှင်ရုံများ ပေါ်ပေါက်လာခဲ့ရပြီး တပ်မတော်သားများ ဘဝများစွာ နိမ့်ကျသွားခဲ့ရသည်။ ယနေ့နအဖခေတ်တွင် မိမိစုငွေကိုပင် မိမိပြန်မရနိုင်သည့် ဘဝသို့ ရောက်နေ ရသည့် အခြေအနေ ဖြစ်သည်။

ပြည်တွင်းစစ်

ပြည်တွင်းစစ်ရှိနေသမျှ မြန်မာပြည်ကြီး တိုးတက်ဖွံ့ဖြိုးမှုဖြစ်မလာနိုင်ပါ။ ပြည်တွင်းစစ်ကြောင့် တပ်မတော်သား များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်သားများ အများအပြား သေကြေပျက်စီးကြသလို ပြည်သူ အသက် ပေါင်းများစွာ မြေဇာပင်ဖြစ်ခဲ့ကြရသည်။

ယနေ့ခေတ်အထိ ပြည်တွင်းစစ်ကြောင့် မြန်မာပြည်တွင် လူတသန်း အနည်းဆုံး သေဆုံးခဲ့မည်ဟု မှန်းဆနိုင်ပါ သည်။ ဘယ်အရာနှင့်မှ မလဲနိုင်သော လူ့အသက်ပေါင်းများစွာ ပြည်တွင်းစစ်တွင် စတေးခဲ့ရသည်။ ၎င်းပြည် တွင်းစစ်ကို လက်ရှိတပ်မတော်မှ ခေါင်းဆောင်များက အမှန်တကယ် အဆုံးသတ်စေချင်ပါက တိုင်းပြည်ရှိ ပြည်သူလူထုက ချစ်ခင်လေးစားသော ဒေါ်စုနှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ၎င်းတို့ ကိုယ်တိုင်ပါဝင်၍ ပြုလုပ်သင့်ပေသည်။ နအဖခေါင်းဆောင်များ ပြည်တွင်းစစ်ကို အဆုံးသတ်ချင်သောသူများ ဖြစ်သလော၊ ပြည်တွင်းစစ်ကို မီးမွှေးနေသူများဖြစ်သလော အဖြေထုတ်ရန် အချိန်ကျပြီဟု မြင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍ

ယနေ့မြန်မာပြည်တွင် ဒေါ်အောင်ဆန်းစုကြည်လောက် လူချစ်လူခင်များသောသူ တဦးမှ မရှိကြောင်း သူမ လွတ်လာသောနေ့နှင့် မိန့်ခွန်းပြောသောနေ့တို့တွင် သိနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ပြည်သူလူထု၏ ချစ်ခင်လေးစားမှုကို ခံရသလို တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကို ရရှိထားသည့်အတွက် ပြည်တွင်းစစ်ရပ်စဲရေး၊ တိုင်းပြည်ထူထောင်ရေးကို ဦးဆောင်ခွင့်ရ မည်ဆိုလျှင် မြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ပြန်လည်ဦးမော့လာနိုင်ပါသည်။ ထိုကြောင့် ထိုကဲ့သို့ ရှားရှားပါးပါး ပြည်သူထောက်ခံမှုရရှိထားည့် ခေါင်းဆောင်ကို ဘာလုပ်ပါ၊ ညာလုပ်ပါ ဆိုတာမျိုးထက် သူမသိ ရန်လိုသည့် သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ ကူညီရိုင်းပင်းခြင်းတို့ဖြင့်သာ ဝန်းရံဖို့လိုပါသည်။ အခြေ အနေအရပ်ရပ်ကို ဘက်စုံမှ တင်ပြကြ၍ ဆုံးဖြတ်ပိုင်းဖြတ်မှုကို သူမဘာသာ ပြုလုပ်စေခြင်းဖြင့် သူမ၏ အခန်း ကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ပါသည်။ NLD ပါတီအနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို အ ကောင်အထည်ဖော်ရာ၌ မိမိအတွင်းစည်း ဒီမိုကရေစီအင်အားစုများကြားတွင် သဘောထားကြီးကြီးထား၍ စည်းရုံးခြင်းဖြင့် စတင်သင့်သည်ဟု မြင်ပါသည်။ ထိုမှတဆင့် တပ်ပေါင်းစုကြီးကို ဦးဆောင်နိုင်မည်ဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲကို ဦးဝင်းတင်က ဒေါ်စုနဲ့ ပြည်သူတွေနိုင်တယ်၊ ဘီဘီစီက ဒေါ်တင်ထားဆွေကလည်း ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကနိုင်ပြီး စစ်အစိုးရက ရှုံးတယ်လို့ သုံးသပ်သွားပါသည်။ ဒေါ်တင်ထားဆွေက ရွေးကောက်ပွဲမှာ မဲပေးသူနည်းပါးခြင်းဟာ အစိုးရလုပ်ရပ်ကို အယုံအကြည်မရှိဘူးဆိုတာကို ပြသလိုက်တာ ဖြစ်ပြီး ပြည်သူတွေ ယုံကြည်မှုမရှိတဲ့ ရွေးကောက်ပွဲဟာ အောင်မြင်တယ်လို့ မပြောနိုင်ဘူး။ မဲမသမာမှု လုပ်ရပ် တွေကြောင့် ပြည်သူတွေကို နာကြည်းမှုဖြစ်စေနိုင်တယ်။ ရွေးကောက်ပွဲဟာ တရားဝင်အုပ်ချုပ်ခွင့်ရဖို့ လုပ်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် တရားဝင်မှု Legitimacy လည်း အားနည်းတယ်။ မဲလိမ်တဲ့ကိစ္စဟာ နိုင်ငံတကာအ သိုင်းအဝိုင်းမှာ အစိုးရကို ဂုဏ်သိက္ခာကျစေခဲ့တယ်။ ထို့အတူ ဝင်ရောက်မဲရွေးခဲ့ကြတဲ့ ကိုယ်စားတွေကလည်း စစ်အစိုးရအပေါ် ယုံကြည်မှုကို ကင်းမဲ့စေခဲ့တယ်။ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့ပေမယ့် နိုင်ငံတကာဖိအားတွေ ကလည်း မပျောက်ကွယ်ဘဲ ဆက်လက်တည်ရှိနေမှာဖြစ်တဲ့အတွက် ရွေးကောက်ပွဲသာလုပ်လိုက်ရတယ်၊ စစ် အစိုးရ အမြတ်မထွက်ဘဲ အရှုံးကြီးရှုံးသွားပြီး ပြည်သူတွေက အနိုင်ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ကျနော့်အနေနဲ့ကတော့ စစ်အစိုးရ တကယ်ရှုံးတယ် မရှုံးဘူးဆိုတာထက် အရှုံးအမြတ်ကို တခဏချင်းလုပ်ရပ် နဲ့ တိုင်းတာလို့ မရဘူးလို့ ထင်ပါသည်။ အမြတ်ထွက်တဲ့ ကိစ္စတွေ အတိုက်အခံဘက်မှာ ရှိသလို စစ်အစိုးရ ဘက်မှာ ရှိတယ်လို့ မြင်ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပါသည်။ စစ်အစိုးရ ခွက်ခွက်လန်အောင် ရှုံးပါသည်။ ဒါပေမယ့် ရေရှည်မှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို NLD က အကောင်အထည်မဖော်နိုင်၊ ဖော်ခွင့် လည်းမရတဲ့အတွက် ရေရှည်မှာ NLD ရှုံးတယ်လို့ ပြောရမှာ ဖြစ်ပါသည်။

ယခုလည်း မဲလိမ်မဲခိုးမှုတွေကြောင့်၊ လူတွေ စိတ်ဝင်စားမှု နည်းတဲ့အတွက်ကြောင့် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ မရှိတဲ့ ရွေးကောက်ပွဲကြောင့် ရှုံးတယ်ဆိုရင် နအဖဟာ ရွေးကောက်ပွဲကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေကိုဖမ်းပြီး ပြုလုပ်ခဲ့သော်လည်း အာဆီယံကလည်း ရွေးကောက် ပွဲ ညစ်ပတ်မှုတွေကို ထုတ်မပြောဘဲ ကြိုဆိုပြီး ထောက်ခံလိုက်ပါသည်။ တရုတ်၊ အိန္ဒိယမှလည်း လက်ခံလိုက် ပါသည်။ ဥရောပမှ အစိုးရများကလည်း တက်လာတဲ့ အစိုးရနဲ့ ဆက်လက်ညှိုနှိုင်း သွားမယ်လို့ ဆိုခဲ့ပါသည်။ နိုင်ငံတကာက ဒီလိုညစ်ပတ်စုတ်ပြတ်နေတဲ့ မသမာတဲ့ ရွေးကောက်ပွဲကြီးကို သိပင်သိငြားသော်လည်း ဒီရွေး ကောက်ပွဲကို လုံးဝလက်မခံနိုင်ကြောင်း ၎င်းရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကိုလည်း အသိအမှတ် မပြုကြောင်းကို ဘယ်နိုင်ငံကမှ မပြောခဲ့ကြတာကို သိကြဖို့ကောင်းပါသည်။

ထိုအချက်က စစ်အစိုးရသည် မည်ကဲ့သို့ ညစ်ပတ်စွာ လုပ်ခဲ့လုပ်ခဲ့ နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံနေ ဦးမည်ဆိုတာ သတိပြုမိဖို့လိုပါသည်။ ထို့ကြောင့် ပြည်တွင်းမှာ ပလူပျံအောင် ကန့်ကွက်နေသော်ငြားလည်း အ မေရိကန်နိုင်ငံအပါအဝင် တရုတ်နိုင်ငံအဆုံး စစ်အစိုးရက လက်ပြောင်းတင်လိုက်တဲ့ အစိုးရသစ်ကို ကန့်ကွက် ဖို့မရှိဘူး။ ဆက်လက်ဆက်ဆံသွားဖို့သာရှိပါသည်။

အချုပ်အားဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ရှုံးသွားသော်လည်း နအဖသည် အာဏာကို ဆက်လက်ယူထားနိုင် သလို ယခု ၂၀၁၀ တွင်လည်း ညစ်ပြီး နိုင်သွားသည့်အခါ အာဏာဆက်လက်ယူထားခြင်းကိုလည်း နိုင်ငံတ ကာက မည်သို့မျှ ကန့်ကွက်သွားလိမ့်မည်မဟုတ်။ ထိုကဲ့သို့ အနိုင်ယူထားခြင်းကို ဒီမိုကရေစီအင်အားစုများက မတိုက်နိုင်လျှင် ဒုတိယမ္ပိအရှုံးနှင့် ရင်ဆိုင်ရဦးမည်ဖြစ်ပါသည်။

အနာဂတ်တိုက်ပွဲ

ကဲ ... ဒါဖြင့် ဘယ်လို လုပ်ကြမလဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး တ ဘက်မှ ပြောနေသလို နအဖကို တရားစွဲဖို့လည်း လုပ်နေတာတွေ့ရသည့်အခါ အမျိုးသားပြန်လည်သင့်မြတ် ရေးလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်လို့ မြင်ပါသည်။ နောက်တခုက နအဖခန့်ထားတဲ့ တရားသူကြီး နအဖ ဖွဲ့စည်း ပေးထားသည့် တရားရုံးတွင် နအဖကို တရားစွဲမည်ဟူသည်က အမှန်တကယ်တော့ အချိန်ကုန်လူပန်း လုပ်ရပ် ဖြစ်ပြီး အဓိပ္ပါယ်လည်း မရှိဘူးဟု သုံးသပ်ပါသည်။ တင်းမာရေးလမ်းစဉ်ကို ပြန်သွားနေတယ်လို့ နအဖက စွပ်စွဲ မှာ မလွဲပါဘူး။ ထိုလုပ်ရပ်သည် ဒီမိုကရေစီထွန်းကားပြီး လူ့အခွင့်အရေးကို အခိုင်အမာ ပြဋ္ဌာန်းထားသည့် နိုင် ငံတွေမှာ ပြည်သူအများက သူတို့ကို အစိုးရက မတရားပြုကျင့်ရင် အခြေခံဥပဒေထဲမှာပါတဲ့ သူတို့ရဲ့ ခုခံပိုင်ခွင့် အရ အစိုးရကို တရားရုံးမှာ တရားစွဲပိုင်ခွင့်ရှိပါသည်။ တရားရုံးများကလည်း အုပ်ချုပ်သူအစိုးရ၏ အာဏာစက် မှ သီးခြားကင်းလွတ်သည့် တရားရုံးများဖြစ်တဲ့အတွက် တင်လာတဲ့ အမှုများကို သမာသမတ်ကျကျ စိစစ်ပြီး အစိုးရက ဥပဒေမဲ့ပြုကျင့်မှု လုပ်သည်ဆိုတာကို ထင်ရှားခဲ့ရင် တရားစွဲသူ ပြည်သူကို အနိုင်ပေးပါသည်။ ထိုကဲ့ သို့ အစဉ်အလာ မြန်မာ့တရားစီရင်ရေးတွင် မရှိသေးပါ၊ မပေါ်ထွန်းသေးပါ။

NLD ပါတီအနေဖြင့် ထို့ထက်အရေးကြီးသော အကြောင်းအရာတွေ လုပ်ရန် အများကြီးရှိပါသည်။ ပြည်သူ ထောက်ခံမှု တခဲနက်ရနေသော ဒေါ်စုအနေဖြင့် ပြည်သူများ ပူနွေးတက်ကြွနေသော အချိန်တွင် ရန်ကုန်တိုင်း အတွင်း မည်သည့်နေရာ မည်သည့်နေ့ရက်တွင် တရားပွဲကျင်းပမည်ဖြစ်ကြောင်း ကြေညာပြီး အနာဂတ်မြန်မာ ပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် တိုင်းပြည်ကို မည်ကဲ့သို့ ပျိုးထောင်မည်ဟု ဟောပြောပွဲများ ပြုလုပ်သင့်ပါ သည်။ နအဖကို ပုတ်ခတ်ပြောဆိုမှုမလုပ်ဘဲ မိမိတိုင်းပြည်အပေါ် ဖြစ်စေချင်သောဆန္ဒကို ထုတ်ဖော်ခြင်း၊ လတ်တလော ဒုက္ခရောက်နေသော ရခိုင်လေဘေးဒုက္ခသည်များနှင့် နာဂစ်လေးဘေးဒုက္ခသည်များကို ကူညီ ရိုင်းပင်းရန်အတွက် ဖောင်ဒေရှင်းများ တည်ထောင်ခြင်း စသည်တို့ကို စဉ်းစားသင့်ပါသည်။

ပြည်သူအများ ပါဝင်လာနိုင်သည့် အလုပ်များ၊ လမ်းစဉ်များကို ချပြ၍ Grass Root အောက်ခြေလူထု၏ (ကိုယ် ထူကိုယ်ထ) မီစံကိန်းများကို ဦးစီးပြုလုပ်ပေးခြင်းဖြင့် NLD နှင့် လူထုအကြား တသားတည်းဖြစ်စေမည့် အခြေ အနေကို ဖန်တီးသင့်ပါသည်။ လူထုသည် တရားပွဲ နားထောင်၍ ပြန်သွားသည့် အနေအထားမျိုး မဟုတ်ဘဲ NLD နှင့် ပေါင်းစပ်လက်တွဲလုပ်နိုင်သည့် လုပ်ကွက်များကို ဖန်တီး၍ ဦးဆောင်မှုပြုရန် လိုပါသည်။ ထို့အတူ ဒီ မိုကရေစီအင်အားစုများနှင့် ညှိုနှိုင်းပြီး တူသည့်အရာများကို လက်တွဲလုပ်ခြင်းဖြင့် ပြည်သူ့အကျိုးကို လက်တွေ့ ကျကျ ကွင်းဆင်း အကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ နအဖ မလုပ်ပေးသော၊ မလုပ်နိုင်သော အလုပ် များကို Civic အဖွဲ့အစည်းများ ဖွဲ့၍ ပြုလုပ်နိုင်ရန်နှင့် အရေးကြီးဆုံးမှာ Civil Society လွတ်လပ်သော လူ့ ဘောင် အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးကို အားပေးကူညီခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တောင်သူလယ်သမား ၇၅ % ရှိသည့်အတွက် တောင်သူလယ်သမားအစည်းအရုံးများ၊ သမဂ္ဂ များ ပေါ်ထွက်လာရန် အားပေးကူညီခြင်း၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခြင်းကို အားပေးခြင်း၊ အလုပ်သမား သမဂ္ဂများ ပျိုးထောင်ရာတွင် ကူညီခြင်း ထောက်ခံပံ့ပိုးခြင်းတို့သည် ယနေ့ NLD ပါတီ ဦးစားပေးလုပ်ရမည့် အ လုပ်များ ဖြစ်လာနိုင်ပါသည်။ ဖြစ်လျှင် အလွန်ကောင်းမည်ဟု ယူဆပါသည်။

တပ်မတော်

တပ်မတော်တွင် လူအင်အားကို တိုးချဲ့၍ စစ်ဗိုလ်ချုပ်များ နအဖလက်ထက်တွင် မှိုလိုပေါက်လာခဲ့သော်လည်း သာမန်စစ်သားများ၏ ဘဝသည် ဒုံရင်းဒုံရင်းဘဝမှ မတက်ဘဲ စားဝတ်နေရေးအခက်အခဲကြောင့် ၎င်းတို့၏ သ မီးမယားများ မကောင်းသည့်အလုပ် လုပ်စားရသည့် အနေအထားသို့ပင် အချို့မိသားစုများ ရောက်ရှိနေခဲ့ကြပါ သည်။ နိုင်ငံတကာရှိ တပ်မတော်သားများဘဝနှင့် နှိုင်းယှဉ်၍ မြန်မာ့တပ်မတော်သားများဘဝ မြှင့်တင်လာရေး ကိုလည်း ဒီမိုကရေစီအင်အားစုများက အခွင့်သင့်လျှင် သင့်သလို ထုတ်ဖော်ပြောဆိုကြဖို့ လိုပါသည်။ ကုလ သမဂ္ဂ ငြိမ်းချမ်းရေးတပ်တွင် မြန်မာစစ်ဗိုလ်စစ်သားများ အဘယ်ကြောင့် ပါဝင်ခွင့်မရသနည်း၊ မပါဝင်ခဲ့သနည်း စသည်မေးခွန်းများကို ဖြေဆိုသင့်ပါသည်။ တခြားနိုင်ငံရှိ တပ်များ၊ ကုလသမဂ္ဂ အလံတော်အောက်တွင် ငြိမ်း ချမ်းရေးဖော်ဆောင်သော တပ်များအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်နေကြသလို မြန်မာတပ်များ အဘယ့်ကြောင့် တာဝန်ထမ်းဆောင်ခွင့်မရသနည်း။ ထိုခဲ့သို့ တာဝန်ထမ်းဆောင်ခွင့် ရရှိပါက ကမ္ဘာအရပ်ရပ် တွင် လှည့်လည်သွားလာနိုင်၍ ပညာဗဟုသုတ ရရှိနိုင်သည့်အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ကူညီစောင့်ရှောက် နေသော တပ်မတော်သားများအဖြစ် ဂုဏ်ယူနိုင်ခွင့်ရရှိကြမည် ဖြစ်ပါသည်။

ပြည်တွင်းစစ်ကြောင့် တပ်မတော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အသက်ဆုံးရှုံးခဲ့ကြရပါသည်။ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးကို တပ်မတော်သားများကလည်း လိုလားကြမည်ဟု ယုံကြည်မိပါသည်။ ကိုယ့်တ မြေတည်းနေ တရေတည်းသောက် တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် သတ်ဖြတ်နေရသော အလုပ်ကို မည်သည့် မျိုးချစ်စိတ်ရှိသောသူကမျှ လိုလိုလားလား ထောက်ခံအားပေးလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ပြည် တွင်းစစ်ကို အဆုံးသတ်ရန်အတွက် တိုင်းရင်းသားအင်အားစုများနှင့် အများသဘောတူသည့် အချက်အလက် များကို ဆွေးနွေးညှိုနှိုင်းအတည်ပြုရန်အတွက် ပင်လုံညီလာခံကဲ့သို့သော ညီလာခံကြီးကို ခေါ်ယူဖို့ NLD က ဦးစားပေးဆောင်ရွက်ဖို့လိုသည်။ ညီလာခံ ခေါ်ယူမည်ဆိုသည့် အတွေးအခေါ်သည် အလွန်ကောင်းမွန်သော၊ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းစေပြီး တိုးတက်ကြွယ်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် အလွန်အရေးကြီးသဖြင့် ထောက်ခံပါသည်။ အထူးလုပ်သင့်လုပ်ထိုက်သော အလုပ်လည်း ဖြစ်ပါသည်။

ပြည်တွင်းစစ်အဆုံးသတ်ရေး ဦးတည်ချက်ကြောင့် တပ်မတော်တွင်းရှိ ကိုယ့်အချင်းချင်း သတ်ဖြတ်နေရမှုကို မနှစ်မြို့သော မျိုးချစ်တပ်မှုးများနှင့် အောက်ခြေထု တပ်မတော်သားများ၏ ထောက်ခံမှုကို မလွဲမသွေ ရရှိနိုင် မည်ဟု ယူဆပါသည်။ ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေးကိစ္စကို နောက်တပိုင်းတွင် ဆက်လက်ဖော် ပြသွားပါမည်။

ထွန်းအောင်ကျော်
၁၆၊ ၁၁၊ ၂၀၁၀

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၇-၁၁-၂၀၁၀)

- ဖားကန့်မြေပြို လူ (၅၀) ခန့်သေဆုံး click
- ရန်ကုန်မြို့တော်ခန်းမအနီး ဗုံးတွေ့ click
- ရန်ကုန်မြို့ စီးတီးစတားဟော်တယ်တွင် ဗုံးလို့ သံသယဖြစ်ဖွယ်ပစ္စည်း တွေ့ရှိ click
- ကချင်နှင့် ရှမ်းမြောက် စစ်အစိုးရ တပ်အင်အားတိုးချဲ့ဟုဆို click
- မြန်မာနိုင်ငံ ဘာသာရေးချုပ်ချယ်မှု အမေရိကန် စိုးရိမ် click
- အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့လိုကြောင်း ဝါရင့်နိုင်ငံရေးသမားကြီးများ ပြောကြား click
- ပင်လုံညီလာခံမခေါ်မီ စစ်အစိုးရနှင့် အရင်ဆွေးနွေးဖို့လိုကြောင်း ရခိုင်ပါတီ ပြောကြား click
- ပင်လုံညီလာခံခေါ်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ဆွေးနွေး click
- ဒုတိယပင်လုံကို ခေတ်မီဆက်သွယ်ရေးဖြင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးလို click
- တရုတ်အစိုးရ တိုက်တွန်း၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသည်ဟု ပြင်သစ်သမ္မတက ပြော click
- နိုင်ငံရေးပါတီများ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းလုပ်ကိုင်သွားမည် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မြန်မာ့နိုင်ငံရေးအလားအလာ click
- ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေးနိုင်ငံ လည်ပတ်ရန် သံအမတ် ဖိတ်ကြား click
- AIDS ဝေဒနာရှင်တွေကို ဒေါ်အောင်ဆန်းစုကြည် သွားတွေ့ click
- HIV ဝေဒနာရှင်တွေကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး click
- အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး (ဓာတ်ပုံသတင်း) click
- အိတ်ခ်ျအိုင်ဗီနှင့် နေထိုင်သူများထံ ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး click
- အိပ်ခ်ျအိုင်ဗွီဝေဒနာရှင်များကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအားပေး click
- အိပ်ခ်ျအိုင်ဗွီဝေဒနာသည်များကို ဒေါ်အောင်ဆန်းစုကြည်က အားပေးနှစ်သိမ့် click
- HIV/AIDS ဝေဒနာသည်များကို ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား click
- အဖွဲ့ချုပ်က တိုင်းနှင့်ပြည်နယ်က လူငယ်များကို အစည်းအဝေးခေါ် click
- NLD နဲ့ ပေါင်းရခက်ကြီး click
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်စစ်သည်ဆုရ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် click
- အမေရိကန် (၁၄) မြို့နယ် မြန်မာကွန်မြူနီတီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည့်အတွက် ၀မ်း မြောက်ကြောင်း ထုတ်ဖော် click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး click
- ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး (ရုပ်သံ) click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု (ရုပ်သံသတင်း) click
- အမျိုးသားရင်ကြားစေ့ရေး ဘယ်လိုလုပ်နိုင်မလဲ (ဆွေးနွေးဖလှယ်) click
- မဇိုရာဖန်နှင့် တွေ့ဆုံမေးမြန်းချက် click
- ဒီမိုကရေစီ သဘောတရား (သရော်စာ) click
- လူဆိုး သူခိုး ကြီးစိုးတော့မယ့် ဒို့နိုင်ငံ ( အပိုင်း - ၂ ) (ဆောင်းပါး) click

“လိုတိုး ပိုလျှော့” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
- ရွေးကောက်ပွဲအကြောင်း သတင်းမီဒီယာကို ပြောဆိုမှု ကော်မရှင် သတိပေး click
- ရွေးကောက်ပွဲ မသမာမှုများကို ကော်မရှင်သို့သာ တိုင်ကြားဖို့ သတိပေး click
- ရွေးကောက်ပွဲကော်မရှင် ပါတီတွေကို ဖိအားပေး click
- ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ကန့်ကွက်လိုပါက ကန့်ကွက်ရန် ကော်မရှင်မှ ပါတီများသို့ အကြောင်း ကြားစာများ ပေးပို့ click
- ပြည်ထောင်စုလွှတ်တော် စာရင်းချုပ်အကြမ်းနှင့် တိုင်းရင်းသားပါတီများ၏ အမြင် click
- မွန်ပြည်နယ်လွှတ်တော်တွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်အမတ် အများဆုံး နေရာရရှိ click
- ဂီရိမုန်တိုင်း ဒုက္ခသည် တသိန်းကျော် အကူအညီ လိုအပ် click
- ရထားလမ်း ဖောက်မှုကြောင့် မြောက်ဦး ရှေးဟောင်းအမွေအနှစ် ပျက်စီး click
- ရခိုင်ပြည်နယ် ရထားလမ်းဖောက်ရာမှာ ရှေးအဆောက်အအုံများ ပျက်စီးဖွယ် click
- ရထားလမ်းကြောင့် မြောက်ဦးက ရှေးဟောင်းယဉ်ကျေးမှုတွေ ပျက်စီးကုန်ပြီ click
- စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက် click
- ထားဝယ်ရေနက်ဆိပ်ကမ်း click
- တောင်ကြီးတန်ဆောင်တိုင်ပွဲ နိုင်ငံခြားသားဧည့်သည် လည်ပတ်မှုများ click
- သာသနာ့ဥသျှောင် ဒု-ဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒ သက်တော် (၆၅) နှစ်ပြည့်မွေးနေ့ အခမ်းအနား (ဓာတ် ပုံ) click
- မြောက်ကာရိုလိုင်းနားပြည်နယ် ဓမ္မဗိမာန်ကျောင်း ဘုံကထိန်သင်္ကန်းကပ်လှူပွဲ (ဓာတ်ပုံ) click
- နယူးယောက်မြို့ အနောက် (၃၄) လမ်းက မေစီစတိုး (ဓာတ်ပုံ) click
- သက်ခိုင် လာပြီ click
- ရုရှား လက်နက်ပွဲစားကို အမေရိကန် တရားရုံးတင် click
- အမေရိကန်စစ်ဘက် အင်တာနက် တရုတ် ယာယီထိန်းချုပ်ခဲ့ click
- START -2 စာချုပ် အတည်ပြုပေးဖို့ ဆီးနိတ်ကို ဟီလာရီ ပြောကြား click
- အကြမ်းဖက်မှု အန္တရာယ်ကြောင့် ဂျာမဏီ လုံခြုံရေးတင်းကျပ် click
- ဘုရင်ကို အကြည်ညိုပျက်စေမှုနဲ့ လေတပ်အရာရှိတဦးကို တရားစွဲ click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု နေပြည်တော်ဝန်ထမ်းများ အားတက် click
- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ စစ်တပ်ဘက်က သဘောထား click
- ဒေါ်အောင်ဆန်းစုကြည် HIV/AIDS ဝေဒနာရှင်များကို အားပေး click
- ဒေါ်အောင်ဆန်းစုကြည် တောင်ဒဂုံမြို့နယ်က HIV စောင့်ရှောက်ရေးဂေဟာသို့ ရောက်ရှိ click
- အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင် လွတ်မြောက်ရေး ဦးစားပေး စဉ်းစားနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ရတပမှ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခြင်းအပေါ် ၀မ်းမြောက်ကြောင်း ကြေညာ ခြင်း click
- သာယာဝတီခရိုင် (၄) မြို့နယ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆို click
- “အပြောင်းအလဲလိုချင်လို့ရှိရင် ကိုယ့်ဘာသာကိုယ်လုပ်ရမယ်” (ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်မေး မြန်းခြင်း) click
- လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးမည် click
- ဂျပန်နိုင်ငံက မြန်မာပြည်နှင့် အပြုသဘောဆက်ဆံရေး ဆက်လက်ကျင့်သုံးမည်ဟု ပြော click
- စစ်အစိုးရ၏ စိစစ်ရေး အစွမ်းပြပြီ၊ အိုးပင်းနယူးစ်ဂျာနယ်ကို နားခိုင်းလိုက် click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်း၊ မြန်မာ့ရေးရာ သတင်းများ click
- နိုဝင်ဘာ (၁၇) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဒုတိယပင်လုံအပေါ် ယနေ့ကျောင်းသားလူငယ်တဦး ရဲဘော်ဖိုးသံချောင်းကို မေးမြန်း (အင်တာဗျူး) click
- သည်တပွဲမှာ ရဲရဲညီညီ အောင်ပွဲသို့ရည် ချီကြလေ (ဆောင်းပါး) click
- အပစ်ရပ်နယ်မြေအတွင်း နအဖတပ်များ ကိုယ်ယောင်ဖျောက် click
- ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ် တိုက်ပွဲဆက်ဖြစ် click
- ဒုက္ခသည် နှစ်ထောင်ကျော် ထိုင်းနယ်စပ်သို့ ထပ်မံရောက်ရှိ click
- မြဝတီမြို့မှာ ဟမ်းဖုန်ပြောသူတွေကို လိုက်ဖမ်းနေ click
- DKBA ဟာ ပြည်သူလူထုဘက်ကနေ ရပ်တည် (ပေးစာ) click
- တခဏတာ အလုပ် click
- ဂီရိဒုက္ခသည် (၁၀၀,၀၀၀) အိုးအိမ်မဲ့နေဆဲ click
- ဂီိရိမုန်တိုင်းဒဏ်သင့် သွေးချင်းတို့အတွက် ဂရုဏာလက် အလှူ click
- မြောက်ဦး ယဉ်ကျေးမှုဇုန်တွင် ရထားလမ်းဖောက်လုပ်မှု ရွှေ့ဆိုင်းပေးရန် ပညာရှင်များနှင့် နိုင်ငံရေးခေါင်း ဆောင်များ တောင်းဆို click
- လက်မှတ်သက်တမ်းမတိုးသည့် အလုပ်သမားများ ယာယီနေထိုင်ခွင့် ကုန်ဆုံးမည် click
- မယ်တော်ဆေးခန်း ပြောင်းရွှေ့မည် click
“ရွေးကောက်ပွဲအပြီး စောဒက ညည်းထားမှုစတင်” (ကာတွန်း ဟန်လေး - သျှမ်းသံတော်ဆင့်ဝက်ဘ်ဆိုက်)
- မဲမသမာမှုကို ဖော်ထုတ်တင်ပြမည် click
- ကြံ့ဖွံ့ပါတီကို မင်းသားလွင်မိုး မဲပေး click
- နအဖ သတင်းစာ စွပ်စွဲချက် မမှန်ကန်ကြောင်း ပါတီများတုံ့ပြန် click
- ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေရဲ့ အမြင် click
- ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဦးသိန်းတင်အောင်ရဲ့ အမြင် click
- ခြင်္သေ့မနိုးပွဲ (သရော်စာ) click
- လက်လွန်သွားလို့ (ထွေရာလေးပါး) click
- ဖင်လန်နိုင်ငံ ဗုဒ္ဓဓမ္မရံသီဝိဟာရဘုန်းတော်ကြီးကျောင်း ကထိန်သင်္ကန်းကပ်လှူပွဲ (ဓာတ်ပုံ) click
- ရွေးကောက်ပွဲနေ့ ဧည့်ခံကျွေးမွေးရေး ကျေးလက်လူထု ငွေကျပ်သိန်းချီ ကုန် click
- မြောက်ကိုရီးယားပြည်သူ (၅,၀၀၀,၀၀၀) အငတ်ဘေးကြုံ click
- အမေရိကန် ကွန်ဂရက်အမတ် ကျင့်ဝတ်ချိုးဖောက် click

အပြည့်အစုံသို့...

Tuesday, November 16, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျွန်ဆင်ပဆင်တို့ရဲ့ ဘီဘီစီ အင်တာဗျူး

အပြည့်အစုံသို့...

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၆-၁၁-၂၀၁၀)

- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ရေဒီယိုတသောင်း ထပ်ပေးဦးမည် click
- နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ ကုလအထူးကိုယ်စားလှယ် ထပ်မံတောင်းဆို click
- နိုင်ငံရေးအကျဉ်းသားတွေရဲ့ မျှော်လင့်ချက် click
- နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ဆက်လက်ဝတ်ပြုဆုတောင်းမည် click
- မြန်မာနိုင်ငံအပေါ် မူဝါဒပြောင်းလဲနိုင်ရေး အမေရိကန် စောင့်ကြည့် click
- ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရ၏ တုံ့ပြန်ပြုမူပုံ အမေရိကန်စောင့်ကြည့် click
- အမေရိကန်၊ ဥရောပသမဂ္ဂ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ click
- တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး click
- (၂၁) ရာစု ပင်လုံညီလာခံခေါ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ ဆုံဆွေးနွေး click
- လူငယ်ညီလာခံတခုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား click
- NLD ပါတီ ရပ်တည်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ဆောင်ရွက် click
- ပါတီရပ်တည်ခွင့် တရားရုံးစွဲချက်မှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုး click
- ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း တရားရုံးချုပ်တွင် ကျမ်းကျိန်ဆို click
- အမှုအတွက် ဒေါ်အောင်ဆန်းစုကြည် ကျမ်းသစ္စာကျိန်ဆို click
- ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် တရုတ်အစိုးရက စိတ်မ၀င်စား click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်အပေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ၀မ်းမြောက် စွာ ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် ပြည်ထောင်စုဒီမိုကရေစီပါတီက ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီက ကြိုဆို click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် လူထုအသံ click
- ဒေါ်အောင်ဆန်းစုကြည်သတင်းပါသည့် ဂျာနယ်များ ဆက်တိုက်ထွက်ရှိပြီး ရောင်းကောင်းလျက်ရှိ click
- အာဏာရှိသူကို ဒေါ်အောင်ဆန်းစုကြည် ညင်သာစွာ ကိုင်ရမယ် click
- မိတ္ထီလာခရိုင်၌ အန်အယ်လ်ဒီအဖွဲ့ဝင်များ အစည်းအဝေး ကျင်းပ click
- အမေ့လက်ဖြင့် (ကဗျာ) click

(ကာတွန်း မောင်ရစ် - မိုးမခ၀က်ဘ်ဆိုက်)
- စစ်အစိုးရသတင်းပြန်ကြားရေးက ၂၀၁၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်များထုတ်ပြန်၊ တောင်ငူတွင် မဲပေးသူ ရာခိုင်နှုန်း (၁၀၀) ကျော်သွားသဖြင့် “အမှန်” ပြင်ဆင်ချက်ထုတ် click
- ကြံ့ခိုင်ရေးပါတီ ဖျက်သိမ်းရေးနှင့် ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီက တောင်းဆို click
- တစည အမတ်လောင်းကိုယ်စားလှယ်က ကြံ့ခိုင်ရေးပါတီ မဲမသမာမှု ဖွင့်ချ click
- တရားမျှတသည့် ရွေးကောက်ပွဲရလဒ်ဖြစ်ရေး ပလောင်ပါတီ တိုင်ကြား click
- မဲမသမာမှု တိုင်ကြားဖို့ ပြင်ဆင်နေ click
- မူးယစ်ရာဇာသစ်များ USDP ပါတီ လွတ်တော်ကိုယ်စားလှယ်များ ဖြစ်လာ click
- ပူပူနွေးနွေး ထိထိမိမိ click
- လားရှိုးသစ်တော သစ်ဆိုင်များမှ လိုင်းကြေးယူ click
- တရားမ၀င် တရုတ်အလုပ်သမားများ ကချင်ပြည်နယ်တွင်းမှ ပြန်လာရန် ညွန်ကြား click
- အချိန်က ပေးလိုက်သော အဖြေတခု (အက်ဆေး) click
- နန်းဆုရတီစိုးအတွက် မိခင်ဖြစ်သူက သက်တော်စောင့် ရှာပေး click
- ၀ီလျံမင်းသား စေ့စပ်ပွဲ click
- လက်နက်ပွဲစား ဗစ်တာဘောက်ကို ထိုင်းက အမေရိကန်လက် လွှဲပြောင်း click
- ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့လှုပ်ရှားမှုများ click
- ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံမည် click
- နိုင်ငံရေးကြောက်စိတ် နည်းသွားဟု လူငယ်များ ပြော click
- ဒေါ်အောင်ဆန်းစုကြည်အတွက် facebook အကောင့်များ ဖွင့် click
- NLD ဆက်လက်ရပ်တည်ရေး နေပြည်တော်တွင် ကြားနာမည် click
- ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် ဗြိတိန်ဝန်ကြီးချုပ် ကြိုဆို click
- အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်တွဲရန် အသင့်ရှိဟုဆို click
- တိုင်းရင်းသားအရေး၊ ဒီမိုကရေစီအရေး ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်မည်ဟု ကချင်အမျိုးသားများ မျှော်လင့် click
- တိုင်းရင်းသားတွေ မြင်တဲ့ ဒေါ်အောင်ဆန်းစုကြည် (ဆောင်းပါး) click
- ဒုတိယပင်လုံညီလာခံနဲ့ ဒေါ်အောင်ဆန်းစုကြည် click
- နိုဝင်ဘာ (၁၆) ရက် နောက်ဆုံးရ သတင်းတိုများ click
- ဒေါ်အောင်ဆန်းစုကြည်သတင်း၊ မြန်မာအသိုင်းအ၀ိုင်းသတင်းများ click
- ဖတ်စ်အလဲဗင်း အားကစားဂျာနယ်ရဲ့ သတင်းစကား click
- နိုင်ငံရေးကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါ (အင်တာဗျူး) click
- ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး (ရုပ်သံ) click
- မာရသွန်သို့ ... (ဆောင်းပါး) click
- ပြောစရာတွေ ဖြစ်ကုန်တာအတွက် ပေးစာ click
- ကြံ့ဖွံ့ပါတီကို ဖျက်သိမ်းပေးရန် ဒီငြိမ်း တောင်းဆို click
- အထက်အမိန့်အရ လုပ်ရသောကြောင့် ရန်ငြှိုးမထားရန် ကျားဖြူကို လားရှိုးကော်မရှင် ပြော click
- မြိတ်သွားပြီး ကြံ့ဖွံ့ကို မဲထည့်တဲ့ လွင်မိုး click
- လွင်မိုးက ကြံ့ဖွံ့ကို ၀မ်းသာအားရ မဲပေးခဲ့ click
- သရဲလေးကောင်က လွင်မိုးနဲ့အတူ ရွေးကောက်ပွဲမှာ မဲမဆွယ်ခဲ့ကြောင်း ရှင်းလင်း click
- ရွေးကောက်ပွဲမှစ၍ တာချီလိတ်နယ်စပ် ကုန်စည်ကူးသန်းမှု ပိတ်ပင်၊ ကုန်သည်များ အခက်တွေ့ ညည်းတွား click
- UDP ပါတီ ယနေ့ထုတ်ပြန်ချက် click
- ရွေးကောက်ပွဲတွင် ကရင်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၆) ဦး အရွေးခံရ click
- ရွေးကောက်ပွဲ မသမာမှုကို တိုင်လည်း မထူးဘူး (အင်တာဗျူး) click
- တရားဥပဒေအရ ရွေးကောက်ပွဲကို ကူညီတဲ့သဘော (အင်တာဗျူး) click
- ရေရှည်အကျိုးအတွက် လမ်းစဉ်သစ် (အယ်ဒီတာ့အာဘော်) click
- ကုလသမဂ္ဂ၊ အာဆီယံနှင့် ရွေးကောက်ပွဲလုပ်ဇာတ် (ဆောင်းပါး) click
- ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်ဖြစ် click
- ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်စခန်းကို နအဖတပ် ၀င်ရောက်နေရာယူ click
- နယ်စပ်တိုက်ပွဲများကြောင့် ဆေးဈေးနှုန်း မြင့်တက် click
- အထနှေးနေဆဲ ဂီရိထူထောင်ရေး click
- ဂီရိဒဏ်ခံ ဒေသများတွင် အပျက်အစီး စာရင်းမကောက်ခိုင်း click
- မြေပုံ ကျွန်းသာယာတွင် လေဘေးသင့် ပြည်သူများကို စစ်တပ်က လုပ်အားပေးစေခိုင်းနေ click
- စစ်တွေ-အမ်း ရထားလမ်းကို အကြောင်းပြပြီး ရခိုင်ရှေ့ဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို စစ်အစိုးရမှ ဖျက်ဆီးပြီ click
- မြန်မာစကား အသုံးအနှုန်းကိစ္စ click

အပြည့်အစုံသို့...

No comments: