Sunday, October 17, 2010
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လုံခြုံရေးအရာရှိ မီးလောင် သေဆုံး
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လုံခြုံရေးအရာရှိ ဗိုလ်ကြီးနေဇာဌေးဟာ အောက်တိုဘာ ၇ ရက်နေ့က မီးလောင်ဒဏ်ရာကြောင့် သေဆုံးသွားတယ်လို့ နေပြည်တော် ကကကြည်းမှ အရာရှိတဦးက ပြောဆိုပါတယ်။
"သူ့မိန်းမနဲ့ သူနဲ့စကားများရန်ဖြစ်ကြတော့ မိန်းမဖြစ်သူက သူ့အိပ်နေတုန်းဓါတ်ဆီလောင်းပြီး မီးရှို့တယ်။ ဆေးရုံမှာ ၃ ရက်လောက် ကုသပေမယ့် မရတော့ပါဘူး"လို့ အဆိုပါ အရာရှိက ဧရာဝတီနဲ့ ပြောခွင့်ရခိုက်လေး ခနအတွင်းမှာ ပြောဆိုသွားတာပါ။
ဗိုလ်ကြီးနေဇာဌေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ လာအို ခရီးစဉ်က အပြန်မှာ မိန်းမနဲ့စကားများ ရန်ဖြစ်ခဲ့ရတာဖြစ်ပြီး သူဟာ ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်မှူးလစာရရှိနေသူဖြစ်တယ်လို့လည်း သိရပါတယ်။
ဖြစ်စဉ်အပြည့်အစုံကို သိနိုင်ဖို့ ဧရာဝတီဆက်လက်စုံစမ်းနေပါတယ်။
အမှားပြင်ဆင်ချက်။ ။ ဗိုလ်ကြီးနေဇာဌေးအစား ဗိုလ်ကြီး နေဇော်ထွေးဟု ပြင်ဆင်ဖတ်ရှုပါရန်။
"သူ့မိန်းမနဲ့ သူနဲ့စကားများရန်ဖြစ်ကြတော့ မိန်းမဖြစ်သူက သူ့အိပ်နေတုန်းဓါတ်ဆီလောင်းပြီး မီးရှို့တယ်။ ဆေးရုံမှာ ၃ ရက်လောက် ကုသပေမယ့် မရတော့ပါဘူး"လို့ အဆိုပါ အရာရှိက ဧရာဝတီနဲ့ ပြောခွင့်ရခိုက်လေး ခနအတွင်းမှာ ပြောဆိုသွားတာပါ။
ဗိုလ်ကြီးနေဇာဌေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အတူ လာအို ခရီးစဉ်က အပြန်မှာ မိန်းမနဲ့စကားများ ရန်ဖြစ်ခဲ့ရတာဖြစ်ပြီး သူဟာ ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်မှူးလစာရရှိနေသူဖြစ်တယ်လို့လည်း သိရပါတယ်။
ဖြစ်စဉ်အပြည့်အစုံကို သိနိုင်ဖို့ ဧရာဝတီဆက်လက်စုံစမ်းနေပါတယ်။
အမှားပြင်ဆင်ချက်။ ။ ဗိုလ်ကြီးနေဇာဌေးအစား ဗိုလ်ကြီး နေဇော်ထွေးဟု ပြင်ဆင်ဖတ်ရှုပါရန်။
Subscribe to: Post Comments (Atom)
20 comments:
ဟုတ်ပါ့မလား....တပ်အသိုင်းအ၀ိုင်းမှာတော့မကြားမိဘူး......
oh my god, I am really shocked when i hear this news, finally it really reflected as what he did.
မယုံပါခင်ဗျာ.....
Me neither. Irrawaddy should verify the information.
ဘယ်မှာ ဘယ်လို စုံစမ်းနေလဲ ဧရာဝတီ။ အပေါ်က လူတွေကို အီးမေးလ် ဖုန်းနဲ့ ဆက်သွယ်ရင်တောင် အတည်ပြုလို့ ရနေပြီလေ။
လေးစားလောက်ပါတယ် ... လိပ် ကို ဂျပိုး ... ဂျပိုး ကို လိပ် ပြောတဲ့ နေရာ မှာတော့ ... တက်လဲ တက်နီုင်ကျပါပေတယ်ဗျာ။။
ဒီ ကွန့် မန့်  တင်ချင်တင် မတင်ချင်နေ ... ကိုယ့်အကြောင်း ကိုယ့် သိဖို့ ပဲ လိုတယ်
What is more important than verying the piece of information is that by learning from this news or rumours whatever you call, all soldiers and army officers should start reflecting the phenomenon "What you do will come back to you".
I don't think it is true
ဟုတ်ဟုတ်မဟုတ်ဟုတ်ပေါ့ တပ်အသိုင်းအ၀ိုင်းကသိရင်လည်း မျိုးမြင့်ကို အစီအရင်ခံရအောင် မျိုးမြင့်က ဒေါ်မကြိုင်ကို ကိုယ်ဖိ ရင်ဖိ အလုပ်အကျွေး ပြုနေရသူမှမဟုတ်တာ ဟုတ်တယ်မို့ လား။
ဘာလို့ အဲလောက်ထိ လေအကုန်ခံပြီး ငြင်းနေကြတာလဲဗျာ။ သတင်းဌာနက ရရှိတဲ့သတင်းကို ခိုင်လုံရင် ခိုင်လုံသလို၊ မခိုင်လုံသေးရင် မခိုင်လုံသေးတဲ့အကြောင်း ပြောပြပြီး ခင်ဗျားတို့ ကျနော်တို့ သိရအောင် လုပ်ပေးနေတာပဲ့။ ဘာလို့ ကိုယ့်ဦးနှောက်ထဲကို လက်လှမ်းမှီသမျှ အချက်အလက်တွေကို တင်ပြပေးနေတဲ့ ဧရာဝတီကို အပြစ်တင်နေရမှာလဲ။ ကျနော်ကတော့ ကျေးဇူးအရမ်းတင်ပါတယ်။ ဟုတ်မဟုတ်ဆိုတာတော့ ကိုယ့်ဦးနှောက်နဲ့ကိုယ် ချင့်ချိန်မယ်။ နောက်သတင်းတွေကိုလဲ စောင့်ဖတ်မယ်။ ကျေးဇူးအရမ်းတင်ပါတယ်ဧရာဝတီ။
အမှန်မှာ--- ဗိုလ်မှူးနေဇာထွေး (ခ) ကျွဲကြီး ( အကြမ်းဖက်နှိမ်နင်းရေးတပ်) စစ်တက္ကသိုလ်အပတ်စဉ် ၄၂၊ ပြွန်တာဆာမြို့နယ်သားဖြစ်ကြောင်းပါခင်ဗျာ...။ သူငယ်ချင်း ကောင်းရာသုဂတိရောက်ပါစေ။
ကျွဲကြီး၏ သူငယ်ချင်းတဦး
Irawaddy, please continue post the news that you get; the readers, please continue criticize what you see.
စုံစမ်းကြည့်လို့မဟုတ်တာကို မဟုတ်ဘူးလို့ ပြောမိတာ ငါမှားသွားလား....တောင်းပန်ပါတယ်....
ဆရာကိုမျိုးမြင့်က ဘာအဆင့်ပါလဲခင်ဗျာ
ဖြစ်နိုင်တယ်၊မဖြစ်နိုင်ဘူးဆိုတာ အချိန်တန်ရင် သိရမှာပါ။ ငြင်းခုံနေလို့ ဘာမှဖြစ်မလာပါဘူး။ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
(အမှန်မှာ--- ဗိုလ်မှူးနေဇာထွေး (ခ) ကျွဲကြီး ( အကြမ်းဖက်နှိမ်နင်းရေးတပ်) စစ်တက္ကသိုလ်အပတ်စဉ် ၄၂၊ ပြွန်တာဆာမြို့နယ်သားဖြစ်ကြောင်းပါခင်ဗျာ...။ သူငယ်ချင်း ကောင်းရာသုဂတိရောက်ပါစေ။)
ဒေါ်မကြိုင် အခါပေးတဲ့ ယတြာလို. ထင်ပါတယ်။
တကယ်ဖြစ်ပါစေလို့တော့မဆုတောင်းတော့ဘူး ဖြစ်လာလည်းသူမကောင်းတာလုပ်လို့ ခံရတယ်လို့မှတ်တယ် နဲတောင်နဲသေးတယ်လို့မပြောတော့ဘူး ဒီလောက်ဖြစ်တာကံကောင်းတယ်လို့ပဲမှတ်ယူတော့မယ်။
အထက်ပါ သတင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ ပုံတွေကို စာဖတ်သူတယောက်က လာပေးထားတဲ့ လင့်ခ်တွေပါ
http://www.facebook.com/photo.php?fbid=157252184302876&set=a.100346076660154.591.100000542857300&ref=fbx_album
http://www.facebook.com/photo.php?fbid=159128247448603&set=a.100346076660154.591.100000542857300&ref=fbx_album
အဲဒီ့သတင်းကအမှန်ပါ ဗိုလ်မှူးနေဇာထွေးအမျိုးသမီးက ကျွန်မတို့အိမ်ရှေ့အိမ်ကအမျိုးပါ ဗိုလ်မှူးနေဇာထွေးခရီးစဉ်ကအပြန် အိမ်ဝမှာတင်ဓါတ်ဆီနဲ့ပတ်ပြီး ဖယောင်းတိုင်နဲ့ပေါက်လိုက်တယ်လို့ပြောတာပဲ
ဆေးရုံမှာ ၁၀ ရက်ကြာပြီးမှဆုံးတာတဲ့ သူ့မိန်းမကသူနဲ့ပတ်သတ်ပြီးနာကြည်းချက်တော်တော်များပုံရတယ်
ဗိုလ်မှူးနေဇာထွေးကိုလည်းမယူချင်ပဲနဲ့ယူထားရတာလေ
ဒါကြောင့်ဒီလိုရက်ရက်စက်စက်လုပ်လိုက်တာဖြစ်မယ်
The case was accidiently happened. They two are real love each other and married last October 2005. Not pusposely did by his wife. She isn't intend to killed her husband but she is the one hot temper.
Post a Comment
ပေးထားသည့် မှတ်ချက်များ မိနစ်ပိုင်းအတွင်း တင်ပေးပါမည်။ ခေတ္တစောင့်ဆိုင်းပါ။
ကျေးဇူးတင်ပါသည်